Ep-4

21.6K 3K 190
                                    

[Unicode]

" ဟဲ့...အဲ့တုန်းက ငါမှတ်မိသေးတယ် ဗညားနွဲ့စွတ်အော်တာလေ သူ့အသံပြဲကြီးနဲ့..... မိုက်က ဖွင့်ထားမှန်းလည်းမသိဘူးလေ...."

ထက်မြတ်နိုးစုက ပြောလည်းပြော ရယ်လည်းရယ်သည်။
ဗညားမင်းဟန်က သူ့ကို ထိပါးလာသောကြောင့်
မျက်မှောင်ကုပ်ပြီး ပြောလိုက်သည်။

" ငါက အသံအောင်တယ်လို့ခေါ်တယ်...နင်ကသာ အဲ့မှာ
အသံလေးအသံညှောင်နဲ့ ထိုင်ဆိုနေ..."

" အဟေး...ငါ့အသံက ချစ်ဖို့ကောင်းတာ ..."

" ငါကတော့ သုတ အခန်းမှားဝင်တာကို ရယ်ချင်ဆုံးပဲ...
သူ့ကို ဟိုအမတွေက ရိုက်မထုတ်တာကံကောင်း..."

ရိပ်မျက်ခြယ်စကားကြောင့် သူတို့ပွဲကျသွားသည်။ ရိပ်မျက်ခြယ်က ရယ်တာ ရိုးရိုးမရယ်ဘဲ သုတလက်မောင်းကို တဖြန်းဖြန်းရိုက်ရင်း ရယ်သည်မို့ သုတက " နာတယ်ဟ " ဆိုပြီး
ထအော်လိုက်သေးသည်။

" ငါက အခန်းမှားချင်ယောင်ဆောင်တာ ...အဲ့အမတွေက
ဘယ်လောက်ချောလိုက်သလဲ ...နင်တို့၂ယောက်နဲ့ဆို
မိုးနဲ့မြေလိုပဲ..."

" အမယ်လေး တော်စမ်းပါ...နင်ကျတော့ ခြိမ့်ကေကို ရုပ်နဲ့"

ရိပ်မျက်ခြယ်က စကားပြန်ပက်လိုက်သည်မို့ သူတို့ဆက်ရယ်ကြပြန်သည်။ သူတို့အကုန် ရယ်မောနေကြသော်လည်း
လင်း တစ်ယောက်ထဲသာ သူတို့ကြားတွင် ရုပ်တည်ကြီးနှင့်
ထိုင်နေသည်။

လင်း ၏ အာရုံထဲတွင် White ၏စကားတို့ ထင်ကျန်နေသည်။

သူငယ်ချင်းတွေကို ပြောပြခြင်းအားဖြင့် ညီလေးရဲ့ စိုးရိမ်မှုတွေကို တဖြေးဖြေးမောင်းထုတ်နိုင်မှာပါ

လင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ပြီးတော့ မီးမီးကလည်း
ဒီလိုပဲ ပြောခဲ့တာမလား...

ငါလည်းလေ...white နဲ့အတွေးခြင်းတူတယ်..သားသား ....နင် ...နင့်သူငယ်ချင်းတွေကိုတော့ ပြောလို့ရပါတယ်..

ပြောရမယ်...သူတို့ကိုပြောရမယ်....ဒါပေမဲ့ ဘယ်က ဘယ်လို စပြောရမလဲ....

ဘေးကို လှည့်ကြည့်တော့ သူတို့တွေက အူတက်မတတ်ရယ်မောနေကြသည်။ လင်း ကိုယ့်စိတ်ကို ဒုန်းဒုန်းချပြီး
ခုံကို လက်သီးဖြင့် ဒုန်းခနဲမြည်အောင် ထုလိုက်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now