Ep- 57

31.1K 2.4K 184
                                    

[Unicode]

တောင်!

တိတ်ဆိတ်နေသောစာသင်ခန်းအတွင်း ထွက်ပေါ်လာသော message သံသည် သာမန်ထက်ပို၍ကျယ်လောင်သွား​၏။

သင်္ချာတစ်ပုဒ်ကို whiteboardပေါ်တွင်တွက်ချက်နေသော
ဆရာမသည် သူမ​၏ရွှေရောင်မျက်မှန်ကိုင်းကိုပင့်တင်ရင်း မျက်နှာထားတင်းတင်းဖြင့်အနောက်သို့ လှည့်ကြည့်သည်။ အခန်းတွင်းရှိ ငြိမ်သက်နေသော
ကျောင်းသားတို့သည် ဖုန်းအသံမှာမည်သူ့ဆီကဖြစ်ကြောင်း ဟိုကြည့်ဒီကြည့်ဖြင့် မသိမသာရှာဖွေကြသည်။

လင်းသည် ကမန်းကတန်းဖြင့် လွယ်အိတ်​၏အရှေ့ဆုံးအိတ်ထဲ၌ထည့်ထားသောဖုန်းကို လက်ဖြင့်စမ်းလိုက်​၏။စာသင်ချိန်ကြီး ဘယ်သူကများ လင်းကို
messageပို့ပါလိမ့်။

" ငါစာသင်နေတုန်း ဖုန်းအသံတွေပိတ်ထားနော်"

ဆရာမသည် အသံကျယ်ကျယ်ဖြင့်မာတင်းစွာပြောကာ အရှေ့သို့ပြန်လှည့်သွားသည်။ထိုအခါမှ လင်းသည်
ခိုးကြောင်ခိုးဝှက်ဖြင့် လွယ်အိတ်ထဲရှိဖုန်းကိုနှိုက်လိုက်သည်။ အံဆွဲအောက်ထဲဖုန်းကိုထည့်ကာ ဦးစွာဖုန်းအသံကိုပိတ်လိုက်သည်။ ထို့နောက် ရောက်ရှိနေသော
message ကိုဖတ်လိုက်သည်။

ကိုကို ဟုမှတ်ထားသောနံပါတ်လေးတစ်ခုမှ ပို့ထားသော

#အခုကျောင်းကိုလာနေတာ။ လှည်းတန်းရောက်နေပြီ။
ဘာစားချင်လဲ။လှည်းတန်းကနေ ဝယ်လာခဲ့မယ်#

ဟူသော စာတစ်စောင်ဖြစ်ပါသည်။

လင်း​၏လက်မနှစ်ချောင်းတို့ ဖုန်းမျက်နှာပြင်ပေါ်ပြေးလွှားလိုက်သည်။

#bubble teaနဲ့ လှည်းတန်းက ကျွန်တော်ကြိုက်တဲ့ပေါင်မုန့်ဆိုင်သိတယ်မလား။ အဲ့ကနေ အမဲသားညှပ်ထားတဲ့ပေါင်မုန့်ဝယ်ခဲ့ပါ။ စားချင်နေတာနဲ့ အတော်ပဲ#

"လင်း"

ဘေးနားရှိသုတသည် လင်း​၏လက်မောင်းကို တို့လိုက်သည်။ အသိပေးသည့်အမူအရာမှန်းသိသည်မို့ လင်းသည် ချက်ချင်းပင် ဖုန်းကိုလွယ်အိတ်ထဲပစ်ထည့်ကာ
စာအုပ်ကိုစူးစိုက်ကြည့်သလို ပြုလိုက်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now