Ep-36

16.2K 2.4K 267
                                    

[Unicode]

ရေပိုက်မှထွက်လာသော ရေတို့သည် အပင်ခြေရင်းပေါ်သို့
ဖွာခနဲကျရောက်သွား၏။ မြေကြီးနှင့်ရေတို့ ထိတွေ့ရာနေရာတွင် စိုစွတ်သောရွံ့များက ဖြစ်ပေါ်လာသည်။ ရေများအိုင်ထွန်းနေသော ညိုညစ်ညစ်ရွံ့များကို နက္ခက်.... တွေတွေကြီး
စိုက်ကြည့်နေမိသည်။

" လင်းသုခတ်ကို ကြိုက်နေတာလား....အရင်တစ်ခါကလို
ကြိုက်ရင်ကြိုက်မယ်...မကြိုက်ရင် မကြိုက်ဘူးလို့...
ဟိုမရောက် ဒီမရောက်မပြောနဲ့...တိတိကျကျပြော..."

ငွေဆောင်တွင် ရှင်းယံမေးခဲ့သည့် မေးခွန်းတစ်ခု.....။
ထိုမေးခွန်းကိုမေးခဲ့စဉ်က ရှင်းယံ၏ မျက်နှာသည်
အလွန်အမင်း လေးနက်တည်ကြည် နေခဲ့သည်....

နက္ခက်.... ထိုမေးခွန်းကိုမဖြေချင်....
ထိုမေးခွန်းအတွက် အဖြေသည် နက္ခက်အတွက် အကန့်အသတ်ရှိနေခဲ့သည်။ နက္ခက်၏အဖြေကို တစ်စုံတစ်ယောက်က
သတ်မှတ်ပေးပြီးဖြစ်သည်....

ထိုနေ့က နက္ခက်ဖြေခဲ့သောအဖြေမှာ...

" ဟင့်အင်း...ငါသူ့ကိုမကြိုက်ဘူး...သူက ငါ့အတွက်
သူငယ်ချင်းတစ်ယောက်ပဲ"

ထိုအဖြေစကားကိုကြားတော့ ရှင်းယံပြုံးသွားသည်ကို
မှတ်မိသေးသည်။ နက္ခက်၏ရင်ထဲတွင်တော့ နင့်ခနဲ အောင့်သွားပါသည်။ ရှင်းယံက သွားထက်ပေါ်အောင်ပြုံးရင်း....

" တော်သေးတာပေါ့..."

ဟုတိုးညှင်းစွာ ရေရွတ်ချိန်တွင် နက္ခက်၏စိတ်သည်
ကျောက်ခဲများပစ်ထည့်လိုက်သကဲ့သို့ လေးလံသွားရသည်။
လေးလံမှုနှင့်အတူ လှိုက်ဟာသွားရသည်။ ထိုခံစားချက်တို့ကို
ရှင်းယံ မတွေ့မြင်အောင် အပြုံးတုဖြင့် ဖုံးကွယ်လိုက်ရသည်။

နောက်တစ်နေ့တွင် ကျုးရင့်ကို ရှင်းယံ၏မေးခွန်းအကြောင်း
ပြောပြသောအခါ ကျူးရင့်ထံမှ

" အို...နင်အဲ့လို ပြန်ဖြေလိုက်တယ်ပေါ့...တော်တယ်...
တော်တယ် "

ဟူသော ချီးကျူးစကားကို ရရှိခဲ့သည်။ 

နက္ခက်သည် ထိုအကြောင်းကို ပြန်တွေးမိသောအခါ ရေပိုက်ကိုတင်းတင်းဆုပ်ကိုင်ရင်း သက်ပြင်းချလိုက်မိသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now