Part - 9

16K 1.7K 257
                                    

Unicode

- အစ်ကိုတို့ အခုတွေ့လို့ရမလား

ရှင်းယံထံမှ ရောက်လာသော message ကိုမြင်သော်
Liam သည် ဝမ်းသာမှုဖြင့်ပြုံးလိုက်မိ​၏။ ရှင်းယံနှင့် သိလာသည့်တစ်လျှောက် ပထဆုံးအကြိမ်ဖြင့် ရှင်းယံဘက်မှ
စတင်ခေါ်ဆိုခြင်း မဟုတ်ပါလား။

သူသည် ပျော်ရွှင်မြူးတူးစွာဖြင့် ချက်ချင်းပင် ထ,ပြင်ဆင်ကာ ရှင်းယံချိန်းထားရာဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုင်သို့ရောက်သောအခါ ရှင်းယံကို လှမ်းမြင်လိုက်သဖြင့် ပြုံးပျော်စွာသွားစဉ် စားပွဲ၌ရှင်းယံတစ်ယောက်တည်းမဟုတ်ဘဲ တခြားသောလူနှစ်ယောက်ပါ ရှိနေမှန်းသိသောအခါ သူ့မျက်နှာမှုန်ကုတ်ကျသွားသည်။

လေးထောင့်စားပွဲခုံတွင် သူသည် ရှင်းယံ​၏ရှေ့တည့်တည့်၌ဝင်ထိုင်လိုက်သည်။

"သူတို့နှစ်ယောက်က ဘယ်သူတွေများလဲ"

Liam သည် မှုန်ကုတ်သွားသောမျက်နှာကိုချက်ချင်းပြင်ကာ ချိုသာသောအပြုံးလေးဖြင့်မေး​၏။

နိုးနိုးသည် Liam ကိုမျက်ခုံးပင့်၍ခြေစခြေဆုံးကြည့်နေလေသည်။ ချစ်စဖွယ်ကောင်းလွန်းသောမျက်နှာလေးနှင့် ဖြူဖြူနုနုဥဥကောင်လေးတစ်ယောက်ပင်ဖြစ်ပြီး နိုးနိုးသည် ထိုကဲ့သို့ပုံစံမျိုးနှင့်ကောင်လေးများကို အလိုလိုမေတ္တာရှိတတ်သော်လည်း ဒီတစ်ယောက်ကိုမူ မြင်တာနှင့် စိတ်ထဲချဉ်နေလေသည်။

" အစ်ကို့ရဲ့သူငယ်ချင်းတွေပါ..."

ရှင်းယံသည် နိုးနိုးနှင့်သုတကို လွယ်လွယ်ကူကူမိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူ​၏ဖုန်းကိုထုတ်ပြီး
Liam ရှေ့သို့ချပေးလိုက်သည်။

" အစ်ကို Liam ကိုခေါ်လိုက်တာ ဒီကိစ္စကြောင့်..."

Liam သည် ဖုန်းထဲမှပုံများကိုမြင်သော် အံ့အားသင့်ဟန်ဖြင့် ကြည်စင်သောမျက်လုံးလေးများဝိုင်းစက်သွား​၏။
သူသည် ထိတ်လန့်သွားသည့်ဟန်။ ပွင့်အာသွားသောနှုတ်ခမ်းကို လက်ဖြင့်ပိတ်လိုက်ပြန်သည်။

"ဒီပုံတွေက ဘာတွေလဲ...."

"အဲ့တာကို ကျွန်မတို့ကမေးရမှာပါ...ဒီပုံတွေက ဘာတွေလဲ...Liam ရှင့်..."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now