Ep-10

19.2K 2.7K 138
                                    

[Unicode]

" မျက်မှန်ကို တက်နင်းမိသွားတာလည်း ကောင်းတာပဲ...
ထပ်တွေ့ရင်...အားနာလို့ မုန့်တော့လိုက်ကျွေးပါရစေ ဘာညာ ပြောလိုက်လို့ရတယ်...."

နိုးနိုးက သူ၏အမြင်ကိုတက်ကြွစွာတင်ပြသည်။သုတကတော့ နိုးနိုး၏အမြင်ကို လက်မခံဘဲ ခေါင်းခါသည်။

" မျက်မှန်ကွဲအောင်လုပ်မိလို့ မုန့်ဝယ်ကျွေးမယ်ဆိုတာ ယုတ္တိမရှိပါဘူးကွာ...လိုရာဆွဲသွင်းသလိုပဲ"

" ဒါ ယုတ္တိရှိဖို့မှမလိုတာ.....အဓိက က ဉာဏ်ဆင်ဖို့ပဲ...
ဒီအချိန်မှာ စိုင်းရှင်းယံကို ပုရွတ်ဆိတ်ကိုက်သွားရင်တောင်
ဆေးရုံသွားမလားလို့ ပုံကြီးချဲ့မေးရမှာ...စိုင်းရှင်းယံနဲ့
ရင်းနှီးဖို့ လင်းက လိုက်ကပ်တွယ်နေရမှာပဲ"

" ဒါနဲ့ စိုင်းရှင်းယံက Milo ဝယ်တိုက်ပါလို့ တကယ်ပြောသွားတာလား"

ရိပ်က နိုးနိုးစကားပြောနေသည်ကို ကြားဖြတ်၍ လင်းကို မေးလိုက်သည်။

" ဟုတ်တယ်...ဒါပေမဲ့  နောက်တာ လို့လည်း ပြောသွားတယ် "

"ဘာပဲဖြစ်ဖြစ်...ဒါကောင်းတာပဲ...စိုင်းရှင်းယံက နင် ဖြိုးသတ္တိလှိုင်ကို milo ပေးခိုင်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး နင့်ကို
တော်တော်သတိထားမိသွားလို့ ပြောတာနေမှာ"

ရိပ် ပြောတော့ အားလုံးက ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံလိုက်ကြသည်။ 

" ဒါဆို ငါဘာဆက်လုပ်ရမလဲ"

လင်း အရိုးခံမျက်နှာလေးနဲ့မေးလိုက်တော့ နိုးနိုးက
ဆရာမကြီးစတိုင်နှင့် ပြန်ပြောသည်။

" နောက်ဆက်မယ့်ဇာတ်က နင့်အပေါ်မှာပဲမူတည်တယ်...
နင် စိုင်းရှင်းယံနဲ့ရင်းနှီးအောင်လုပ်ပေါ့....နင့်အနေနဲ့
မျက်မှန်ကွဲသွားတဲ့ ကိစ္စအပေါ် မူတည်ပြီး စကားလေးဘာလေး လုပ်ကြံဖောရှောပြောလိုက်......"

************************************************************************

" စကားပြောရမယ်...စကားပြောရမယ်...စကားပြောရမယ်...."

ဖုန်းကို ကြည့်ရင်း လင်း ပါးစပ်က ထိုတစ်ခွန်းကိုသာ တစ်တွတ်တွတ် ရေရွတ်နေမိသည်။ လင်း...လက်ထဲရှိ ဖုန်းတွင်
စိုင်းရှင်းယံ၏ Account က ပေါ်နေသည်။ စိတ်ထဲတွင်တော့ messenger မှာသွား hi ရန် ဆန္ဒရှိသည်။
သို့သော် မလုပ်ရဲ။ စိုင်းရှင်းယံက ချေတယ် ပြောသည်။
reply မပြန်ရင် ဘယ်လိုလုပ်မလဲ.....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now