Ep-25

17.6K 2.5K 44
                                    


[Zawgyi]

" အဲ့တော့ စိုင်းရှင်းယံက နင့်ကိုအဲ့လိုမျိုးတွေ ပြောသွားတယ်ပေါ့...."

နိုးနိုး ပြန်မေးသောအခါ လင်း ခေါင်းကို ဆက်ကာဆက်ကာ
ငြိမ့်လိုက်သည်။

" အင်းဆို....အခုထိလည်း စိတ်ဆိုးနေတုန်းထင်တယ်....
ငါပို့တဲ့ Message တွေကို ဝင်တောင်မဖတ်ဘူး...."

" စိတ်ကောက်နေတဲ့ပုံပဲ....နင်ကပဲချော့လိုက်ပါ...."

" ချော့တယ်လေ.....စာတွေအများကြီးပို့ပြီး
တောင်းပန်ထားတာ....ဝင်တောင်မဖတ်ပါဘူးဆို...."

" အဲ့တာဆိုလည်း ကျောင်းမှာ လိုက်ရှာပြီး ချော့လိုက်လေ...."

လင်း မျက်နှာလေး ဆူပုတ်ပုတ်ဖြစ်သွားသည်။

" အဲ့နည်းပဲ ရှိတော့တာပေါ့...."

နိုးနိုးက လင်းကိုကြည့်ပြီး တဟားဟားထရယ်လေသည်။

" ငါ စိုင်းရှင်းယံ စိတ်ကောက်တတ်မယ် မထင်ထားတာ....
အမယ်လေး....သဝန်တိုပြီးစိတ်ကောက်တာ.....
စိုင်းရှင်းယံရဲ့တည်ကြည်တဲ့ Image နဲ့မလိုက်ဖက်လိုက်တာ..."

" အဲ့တာက သူ ငါ့ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့
သဘောပဲမလား..."

" အင်းပေါ့...ကောင်းတဲ့သဘောပဲ...အဲ့တာကြောင့် နင်က
သူ စိတ်ပြေအောင် ချော့လိုက်...."

လင်း ရွှင်ပြပြပြုံးလိုက်ကာ စားပွဲခုံပေါ်တွင် မေးထောက်လိုက်သည်။

************************************************************************

" အိုး...ဟိုး....နာနတ်သီးလေး...."

လင်းကိုတွေ့သည်နှင့် လက်နှစ်ဖက်မြှောက်ကာ လှမ်းအော်ပြီး ပြေးလာသော နက္ခက်ကြောင့် လင်းမျက်မှောင်ကြုတ်လိုက်မိသည်။  နက္ခက်...သူ့ကိုပခုံးလာမဖက်ခင်
လက်နှစ်ဖက်ဖြင့် ဟန့်တားလိုက်သည်.....

" အဲ့မှာပဲ ရပ်...."

နက္ခက်က မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ပြေးဖက်ဖို့လာသော
လက်နှစ်ဖက်ကိုချလိုက်သည်.....

" ဒီမှာ ဘာရပ်လုပ်နေတာလဲ...."

လှေကားခြေရင်းတည့်တည့်တွင် ရပ်နေသော လင်းကို
နက္ခက်ကမေးမြန်းလိုက်သည်။ လင်းက ဂနာမငြိမ်စွာ
လှေကားအပေါ်သို့ လှမ်းကြည့်နေပြီးမှ....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now