Ep-32

16.1K 2.3K 249
                                    

[Unicode]

နေရောင်ခြည်သည် ဖြူလွသောသဲသောင်ပြင်ပေါ်သို့
နွေးထွေးစွာ ဖြာကျနေ၏.....ကောင်းကင်ပြာအောက်မှ
ပင်လယ်ပြာသည် ငြင်သာသောလှိုင်းလုံးများနှင့်
ကမ်းစပ်ကို အသာအယာရိုက်ပုတ်နေသည်......
သဲသောင်ပြင်ပေါ်၌ လူငယ်တစ်စုက ရယ်မောရင်း
ပျော်ရွှင်နေကြသည်....

ဘောလုံးသည် နက္ခက်၏ခြေကြားထဲမှ မထွက်....
ဖြိုးက အတင်းဝင်လုသော်လည်း ဘောလုံးကစားရာတွင်
ပါးနပ်သော နက္ခက်ကို မနိုင်ပဲရှိချေသည်.....
နက္ခက်သည် ဘောလုံးကို ဂိုးပေါက်ရှေ့သို့ တစ်ယောက်တည်း ဆွဲသွားသည်.....
ဂိုးဖမ်းသမား လင်းသုခတ်သည် ခြေကားယား လက်ကားယားနှင့် ပစ်ဝင်လာသော ဘောလုံးကို ဖမ်းရန် အသင့်စောင့်နေ၏... သို့သော် နက္ခက်ကန်လိုက်သောအခါ ဘောလုံးက
လင်းကိုကျော်၍ ဂိုးပေါက်ထဲ ဝင်သွားသည်.....

" ၅ဂိုး မြောက်ဖြစ်ပါတယ်ရှင်...."

ကျူးရင့်က ထကြေညာပေးသည်......
နက္ခက်သည် ခွန်စိုင်းနှင့်လည်းကောင်း...သုတနှင့်လည်းကောင်း လက်ဝါးချင်း ရိုက်လိုက်ကြသည်....
တစ်ဖက်အသင်းမှ လင်း...ဖြိုး နှင့် ဗညားတို့ မျက်နှာ
ရှုံ့မဲ့သွားသည်.....

" ကိုကြီးနက္ခက်က ကျောင်းမှာ အတော်ဆုံးဘောလုံးသမား
လေ...ကျွန်တော်တို့ ဘယ်လိုနိုင်မှာလဲ...."

ဗညားက ညည်းတွားပြောဆိုသည်....

ဘောလုံးမကန်ဘဲ ထိုင်နေကြသော မိန်းကလေး ၄ယောက်နှင့်် စိုင်းရှင်းယံကတော့ နိုင်သွားသောအဖွဲ့အတွက်
လက်ခုပ်တီးပေးနေကြသည်....

" ဒါတော့ မတတ်နိုင်ဘူး...ညေးတို့....။ညေးတို့က
ကိုကြီးကျွမ်းကျင်ရာ အပိုင်းကိုဝင်လာတာကို...."

နက္ခက်က ပြီတီတီမျက်နှာနှင့် ရယ်မောပြောဆိုလေသည်...
ထိုအချိန်တွင် ရှင်းယံက သူ့လက်မှနာရီကို ငုံ့ကြည့်လိုက်၍

" ၁၂နာရီထိုးတော့မယ်....ငါတို့ နေ့လယ်စာသွားစားကြတော့ မလား...." 

ဟုမေးလိုက်သည်......

" စားမယ်...စားမယ်...ဗိုက်ဆာနေပြီ... "

မဒီက ထိုသို့ပြောရင်း သဲပေါ်ထိုင်နေရာမှထလိုက်သည်....
ကျူးရင့်က လက်ကိုဆန့်တန်း၍ " ထူပေး" ဟူသော
သဘောဖြင့် မဒီ့ကို ကြည့်လိုက်သည်....
မဒီလည်း ကျူးရင့်၏လက်ကိုဆွဲ၍ ထူပေးလိုက်ရသည်....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now