Ep-11

18.4K 2.7K 67
                                    


[Unicode]

ကျူးရင့်ဟန်သာ.....
သိပ်ကို ကြော့မော့ရည်မွန်ပြီး ချောမောတဲ့မိန်းကလေး.....
သူမက တစ်ကျောင်းလုံးမှာ မနာလိုခြင်းအခံရဆုံး မိန်းကလေးပဲ...

သူမက ရုပ်ချောတယ်...မျက်နှာတည်တယ်....စာတော်တယ်...ချမ်းသာတယ်...ပြီးတော့ ကျောင်းက F4 အဖွဲ့နဲ့
ရင်းနှီးတယ်.....

ကျွီ!

ကားအဖြူရောင်တစ်စီးသည် ဂိတ်ဝတည့်တည့်တွင် ဘရိတ်အုပ်၍ရပ်လိုက်သည်။ နောက်ခန်းမှ ကားတံခါးပွင့်လာသည်။ ထို့နောက် ကားပေါ်မှ ကတ္တီပါဖိနပ်စီးထားသည့်
ဖြူဖွေးနုရွသော ခြေထောက်လေးတစ်ဖက် ဆင်းလာသည်။

သေသပ်သော ကျောင်းအင်္ကျီ....
သေသပ်စွာစီးထားသော Ponytail.....
လွယ်အိတ်ကို မခို့တရို့လေးလွယ်ထားသော ကိုယ်ဟန်ပုံစံ...
မျက်နှာမှာ ဘာတစ်ခုမှမလိမ်းထားသော်လည်း
ကြည်လင်ရှင်းသန့်နေသည့် မျက်နှာလေးနဲ့...

ကျူးရင့်ဟန်သာသည်  ကျောင်းသားများ၏ အကြည့်တွေကို
ခိုးယူသိမ်းပိုက်နိုင်သည်။

သူမကို မကြိုက်သောကျောင်းသားများကလည်း
သူမ ချောသည်ဆိုသော အချက်ကိုတော့ ခေါင်းငြိမ့်လက်ခံကြရသည်သာ.....

" ကျူးရင့်...ငါတို့ဒီမှာ..."

ခွန်စိုင်းမင်းရှန်က သူမကို လက်ပြ၍ နှုတ်ဆက်လိုက်သည်။
ကျူးရင့်လည်း ကျောင်းဆောင်တွေစီသွားနေသည့်လမ်းမှ
ဖယ်ခွာ၍ မုန့်ဈေးတန်းထဲသို့ ချိုးဝင်လာသည်။

ကောင်လေး လေးယောက် ထိုင်နေသော စားပွဲခုံ ထိပ်တွင်
သူမ နေရာယူ၍ မတ်တပ်ရပ်လိုက်သည်။

" စောစောစီးစီး စားနေသောက်နေကြပါလား"

သူမက စကားစလိုက်သည်။ ဖြိုးသတ္တိလှိုင်က သူသောက်နေသော milo ဘူးကို ကမ်းပေးသည်။

" သောက်ဦးမလား..."

" နင်ပဲသောက်ပါ...တစ်နေ့ တစ်နေ့ milo ပဲသောက်နေတယ်"

" အဲ့ကောင်က Milo အရူးလေ...သေရင်တောင် milo
ဘူးခွံနဲ့ အခေါင်းဆောက်ပေးရမှာ"

နက္ခက်ညီက ထေ့ငေါ့၍ပြောသောအခါ ဖြိုးသတ္တိလှိုင်က
မျက်လုံးကိုမှေး၍ နှုတ်ခမ်းကိုမဲ့လျက်ကြည့်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now