Ep-37

15.8K 2.3K 76
                                    

[Unicode]

" အဲ့တော့ White က နင့်ကိုနှင်းဆီပန်းပေးတယ်ပေါ့...
နင့်အိမ်ကိုသူဘယ်လိုသိတာလဲ"

နိုးနိုး၏အသံကကျယ်လောင်စွာ ထွက်သွားသည်။
လင်းသည် White ချန်ခဲ့သောစာလေးကို ဂရုတစိုက်ခေါက်နေရင်း....

" အင်း...ငါလည်း အဲ့ကိစ္စအံ့သြနေတယ်"

ဟု ပြန်လည်ပြောဆိုလိုက်သည်။ ဗညားက လင်း၏ပခုံးကို
လက်တင်လိုက်လျက်...

" မင်း...White ကိုမေးကြည့်လေ "

ဟုပြောရာ လင်းက သက်ပြင်းချလိုက်ပြီး ခေါင်းခါသည်။

" ငါ သူ့ကိုစာပို့လိုက်တယ်....အစ်ကို ကျွန်တော့်အိမ်ကို
ဘယ်လိုသိတာလဲဆိုပြီးတော့...ဒါပေမဲ့ သူစာမပြန်ဘူး..."

" White က လင်းကိုကြိုက်နေတယ်ဆိုရင်  သူ လင်းကို
အပြင်မှာ မြင်ဖူးလို့ပဲ....ဒါမှမဟုတ် အစတည်းက လင်းကိုသိနေတာများလား....သူက လင်းရဲ့နောက်ကို အရင်တည်းက လိုက်နေတာဆိုရင်ရော..."

ရိပ်က တွေးတွေးဆဆပြောသည်။ တစ်ဆက်တည်းမှာတင်...

" အဲ့လိုဆို ကြက်သီးထစရာကြီး..."

ဟုညည်းညူလိုက်သည်။ ထိုအခါ လင်းဘက်က ဝင်ပြောလာသည်။

" တကယ်တော့ သူငါ့ကိုစိတ်ဝင်စားသလိုလိုပြောနေတာ
ကြာလှပြီ... အဲ့နေ့က မှတ်မှတ်ရရ ကိုကြီးနက္ခက်
ဘောလုံးပွဲနိုင်တဲ့နေ့ပဲ...White ဆီကနေ ညီလေးရှေ့ကို
အစ်ကိုထွက်လာခဲ့မယ်ဆိုတဲ့စာရခဲ့တယ်....အဲ့စာက
ပထမဆုံး love White လို့ရေးခဲ့တဲ့စာပဲ....အဲ့စာပို့ပြီးတဲ့
နောက်ပိုင်းမှာ White နဲ့ငါ စကားသိပ်မပြောဖြစ်တော့ဘူး...ငါက ရှင်းယံနဲ့အဆင်ပြေနေတော့ သူ့ကိုသိပ်သတိမရတော့တာ...."

လင်း၏စကားအဆုံးတွင် နိုးနိုးက လင်း၏ခေါင်းကို
ဖြတ်ခနဲရိုက်လိုက်သည်။

" သေနာကောင်...White ကအဲ့လိုစာပို့ခဲ့တာကို ငါ့ကို
ဘာလို့မပြောတာလဲ....ဒီmission မှာငါက ဥက္ကဋ္ဌနော်...
နင် ငါ့ကိုအကုန်ပြောထားရမှာလေ..."

" ဆောရီး...ငါလည်း နင့်ကိုပြောမယ်ဆိုပြီး မေ့သွားတယ်"

နိုးနိုးသည် သက်ပြင်းတစ်ချက်ချကာ မေးစေ့ကို
ပွတ်၍ စဉ်းစားနေသည်။ ထို့နောက် မေးသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now