Ep-35

16.1K 2.3K 76
                                    

[Unicode]

နံနက်စာစားချိန်တွင် စားပွဲထိပ်၌ ထိုင်နေသော နက္ခက်၏ဘေးနားသို့ လင်း မခို့တရို့လေး လာရပ်သည်....
နက္ခက်က မော့ကြည့်လိုက်သောအခါ မျက်နှာငယ်လေးဖြင့်...

" ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား...."

ဟု မပွင့်တပွင့်မေးလေသည်....

" မင်းလုပ်ခဲ့တာက စိတ်ဆိုးစရာပဲလေ...."

" ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော် တကယ်မသိလို့ လုပ်လိုက်မိတာပါ....ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့..."

နက္ခက်သည် မျက်ခုံးနှစ်ဖက်ကိုပင့်ရင်း မသိမသာပြုံးလိုက်သည်....

" ငါလည်း တောင်းပန်ပါတယ်...မနေ့က မင်းကိုအော်လိုက်မိတဲ့အတွက်... "

လင်း၏မျက်နှာသည် ချက်ချင်းဝင်းပရွှန်လန်းသွားကာ
ပြုံးလိုက်သည်....

" ဒါဆို ကျွန်တော်တို့ ပြန်ပြေလည်ပြီပေါ့ .. "

" အင်း..."

" ကောင်းတယ်...ကောင်းတယ်...ဒီလိုဖြစ်နေရမှာပေါ့....
ငါတို့ ပျော်ပျော်ရွှင်ရွှင်ခရီးထွက်လာတာ....ငါတို့ကြားမှာ
စိတ်ဆိုးစိတ်ကောက်တာတွေ ဖြစ်လို့မရဘူးမလား..."

ကျုးရင့်က ဝမ်းပန်းတသာဝင်ပြောသောအခါ စားပွဲတွင်
ထိုင်နေကြသော အခြားသူများကလည်း ကျူးရင့်စကားကို
ဝိုင်းဝန်းထောက်ခံလိုက်ကြသည်....

နက္ခက်သည် ခေါင်းကိုကုတ်လိုက်ရင်း ပြုံးလိုက်၏....
လင်းက ပြုံးဖြီးဖြီးမျက်နှာနှင့် နက္ခက်ဘေးနားတွင်
ဝင်ထိုင်လိုက်သည်....

************************************************************************

ချစ်သူများကျွန်းရှေ့သို့ သူတို့ရောက်ရှိပြီးသည့်နောက်
ကျွန်းပေါ်သို့ မသွားသေးဘဲ ကျွန်းရှေ့တွင် ဖွင့်လှစ်ထားသော
ဆိုင်များ၌ အုန်းရည်သောက်ရင်း ခေတ္တထိုင်နေကြသေးသည်...

ခဏနေတော့ ခွန်စိုင်းက ထလိုက်၍

" ငါတို့အခုနေသွားတာကောင်းမယ်...တစ်နာရီကျရင်
ပြန်မယ်....ကျွန်းဆီသွားတဲ့မြေလမ်းက တစ်နာရီ နှစ်နာရီ
လောက်ဆို ရေတက်တယ် ပြောတယ်...ရေတက်လို့
ရေကြားထဲက ဖြတ်ရရင် ရှင်းယံ အဆင်ပြေမှာမဟုတ်ဘူး "

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now