Extra-1

25.7K 2.1K 119
                                    

Unicode

(ဒီအပိုင်းက ၁၅နှစ်နှင့်အထက် ဖြစ်သွားပါတယ်ရှင်)

"ကိုကို...ကိုကိုရေ"

ရေချိုးခန်းထဲမှပေါ်ထွက်လာသော စူးစူးရှရှအော်ခေါ်သံသည် တိုက်တစ်ခုလုံးကိုပင်ပြိုကျစေတော့မည့်အလား။
ထိုအသံကြောင့် ဧည့်ခန်းရှိစာအုပ်စင်တွင် စာအုပ်များကို
စီစီရီရီတင်နေသည့် စိုင်းရှင်းယံ လန့်သွားရပြီး စာအုပ်တစ်အုပ်ကိုပင် လွှတ်ချလိုက်မိသွားဖြစ်သွားသည်။ ထိုစာအုပ်သည် ထူထဲသည့်အပြင် အဖုံးမှာလည်းမာကြောလှသည်ဖြစ်ရာ ကံမကောင်းစွာပင် စိုင်းရှင်းယံ​၏ခြေဖမိုးတည့်တည့်ပေါ်သို့ ပြုတ်ကျသွားလေသည်။

စိုင်းရှင်းယံသည် "အ" ခနဲအသံထွက်ကာ သူ​၏နာသွားသောခြေထောက်ကို ဒူးကွေး၍မြှောက်လိုက်ပြီး ခြေဖမိုးကိုလက်ဖြင့် အသာအယာပွတ်သပ် ဆုပ်ကိုင်လိုက်သည်။

"ကိုကို...လာဦး"

အော်ခေါ်သံမှာ ထပ်မံ၍ပေါ်ပေါက်လာသည်။ ဒီတစ်ခါ
အသံတွင် စိတ်မရှည်မှုအချို့ ကပ်ညိလာသည်။

"လာပြီ"

ရှင်းယံ ရေချိုးခန်းရှေ့အပြေးရောက်သွားသောအခါ လင်းသုခတ်သည် ရေချိုးခန်းတံခါးကိုအကာအကွယ်ပြုလျက် သူ​၏ပခုံးတစ်ခြမ်းနှင့် မျက်နှာလေးကိုသာဖော်ကာ
ပြူးကြောင်ကြောင်ရုပ်ဖြင့် ကြည့်နေသည်။ ရေစိုနေသော
ဆံစများမှရေများက သူ​၏ပခုံးသားထက်သို့ တတောက်တောက် ကျနေလျက်။ ထိုရေများသည် ပခုံးရိုးထက်မှ
စီးကျသွားကာ သူ​၏ချိုင့်နေသောညှပ်ရိုးကြားတွင် ရေအိင်တစ်ခုလို ကိန်းဝင်ခိုအောင်းသွားသည်။ တချို့သောရေစက်များက တံခါးနောက်ကွယ်တွင်ပုန်းကွယ်နေသဖြင့် တစ်ဝက်တစ်ပျက်သာပေါ်နေသော သူ​၏ရင်ဘတ်အပေါ်သို့ စီးကျနေသည်။

"ဘာတုန်း"

" ကျွန်တော့်ကို တဘက်လေးယူပေးပါလား။ မေ့လာလို့"

"တဘက်လား"

" ဟုတ်တယ်။ ကုတင်ပေါ်မှာ တင်ထားတယ်။ တင်ထားပြီးတော့ ယူလာဖို့မေ့သွားလို့"

ရှင်းယံသည် အခန်းဘက်သို့လှည့်ကြည့်လိုက်သေးသည်။
ထို့နောက်သူသည် လင်းဘက်ကိုပြန်လှည့်ကြည့်လာပြီးနောက် သူ​၏နှုတ်ခမ်းစွန်းနှစ်ဖက်သည် တွန့်ခေါက်ချိုးကာ လှပသောညစ်ကျယ်ကျယ်အပြုံးတစ်ခု ဖြစ်သွားသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now