Ep-23

17.3K 2.5K 51
                                    


[Unicode]

"မင်းလိုက်ပို့ရင် မင်း တကူးတကဖြစ်နေပါဦးမယ်...
အဲ့တာကြောင့် ငါပဲလိုက်ပို့လိုက်ပါ့မယ်...."

" ငါ့အိမ်က ခတ်ရဲ့အိမ်နဲ့ နီးနီးလေး...မင်းကပိုပြီး
တကူးတကဖြစ်မှာ မဟုတ်ဘူးလား...."

လင်း၏လက်ကို ရှင်းယံသည် ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ လင်း...ရှင်းယံကို မော့ကြည့်လိုက်သည်။
ရှင်းယံ၏ မျက်ဝန်းများဒီလောက် တည်နေသည်ကို
တစ်ခါမှ မမြင်ဖူး.....

" ငါနဲ့ လင်းနဲ့က အိမ်တန်းပြန်မှာမဟုတ်ဘူး...သွားစရာနေရာတစ်ခုရှိသေးတယ်...ဟုတ်တယ်မလား...လင်း..."

" ဗျာ..."

နက္ခက်၏ စကားကိုသေချာမကြားလိုက် သဖြင့် လင်း... ပြန်မေးလိုက်သော်လည်း နက္ခက်က ရှင်းယံအား ပြုံး၍ မျက်ခုံးပင့်ပြလိုက်သည်။

" တွေ့လား..."

နက္ခက်၏ ရွဲ့သလိုလို အပြောအောက်တွင် လင်း၏ လက်ကို
ဆုပ်ကိုင်ထားသော ရှင်းယံ၏ လက်... အားလျော့သွားသည်။
ရှင်းယံ၏ မျက်ဝန်းများသည် အတန်ငယ် မှုန်ဆိုင်းသွားသည်။
ရှင်းယံ၏ မျက်ဝန်းများတွင် အားပြင်းမှုများလျော့နည်းသွားလေသည်။  ရှင်းယံသည် အတွေးတစ်ခုထဲနစ်မျောသွားသလို
လင်း၏ လက်ကို ဖြေးဖြေးချင်း လွှတ်လိုက်သည်။ 
နက္ခက်သည် လိုချင်တာရသော ကလေးကဲ့သို့ မထီမဲ့မြင်
ပြုံးလိုက်လျက် လင်း၏ ပခုံးကို ဆွဲဖက်လိုက်သည်။

" ဒါဆို...သွားတော့မယ်နော်...တာ့တာ....အားလုံး...."

နက္ခက်က လင်း၏ ပခုံးကိုတင်းကျပ်စွာဖက်ထား၍
သူသွားရာဘက်သို့ ဆွဲခေါ်သွားသည်။  လင်း...သံယောဇဉ်မပြတ်နိုင်စွာ ရှင်းယံကို လှည့်ကြည့်မိသည်။

ရှင်းယံက လင်းတို့ကိုမကြည့်နေ...အခြားတစ်နေရာကိုသာ
ခံစားချက်မဲ့စွာ လှမ်းကြည့်နေသည်။ ရှင်းယံ၏ နှုတ်ခမ်းများ
တင်းတင်းစေ့ထားသည်။ ရှင်းယံ၏ မျက်နှာက တင်းမာနေပါသည်....

စိတ်ဆိုးသွားတာလား...
ဘာလုပ်ရမလဲ....
ရှင်းယံဆီ ပြေးသွားရမလား....
ကောင်းပါ့မလား....
အခုက ဘာမဟုတ်တဲ့ကိစ္စလေးပဲ......
ဒါပေမဲ့ စိုင်းရှင်းယံ......

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now