❤️❤️👋👋👋👋

14.6K 1.3K 49
                                    

Unicode

အခုဆိုရင်တော့ mission impossible လေးဟာ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ် 🥰🎉

Yayyyyy🥳🥳🥳🥳
​ဖြောင်း! ဖြောင်း!ဖြောင်း! ဖြောင်း👏👏👏👏

အခုဇာတ်လမ်းပြီးပြီဆိုတော့ Kkochi စကားနည်းနည်းများပါ့မယ်😬

Wattpad ကို စjoin တာ Kkochi ၈တန်းနှစ် နွေရာသီ (သို့မဟုတ်) ၉တန်းနှစ်စလောက်မှာ စjoinဖြစ်ပါတယ်။  အချိန်တော့ အတိအကျကြီးမမှတ်မိတော့ပါဘူး။ လွန်ခဲ့တဲ့၂နှစ်လောက်က စjoinတာပါ။

အစတည်းက ကိုယ်ကစာရေးတာဝါသနာပါတယ်ဆိုပေမဲ့
wattpadကို စjoinတော့ သူများရေးထားတာတွေပဲ လိုက်ဖတ်ဖြစ်တယ်။  ကိုယ်တိုင်မရေးဖြစ်တာက
ဇာတ်လမ်းမရှိလို့လည်းပါတယ်။ အချိန်မပေးနိုင်တာလည်းပါတယ်။ စရေးဖို့ပျင်းနေတာလည်းပါတယ်။

နောက်တော့ Kkochi က Produce 101 S2 ရဲ့အဖွဲ့ Wanna one ရဲ့ Fan ဖြစ်လာပါတယ်။ Wanna one က
အချိန်ကာလတစ်ခုအတွင်းပဲ ဖြစ်တည်နေမယ့်အဖွဲ့ဖြစ်တဲ့အတွက်သူတို့ disband ခါနီးမှာ Kkochiအရမ်းဝမ်းနည်းခဲ့ရပါတယ်။ Wanna one အဖွဲ့မပျက်ခင်လေးမှာ သူတို့အတွက် အမှတ်တရတစ်ခုထားချင်ခဲ့ပါတယ်။ အဲ့တာနဲ့
"For your heart only" ဆိုတဲ့Wanna one fanfic ကိုစရေးခဲ့ပါတယ်။အဲ့တာရေးတုန်းကလည်း ဇာတ်လမ်းကို တစ်ရက်အတွင်းအကုန်စဉ်းစားပြီး အပိုင်း၃၀ကို နှစ်ပတ်အတွင်းအပြီးရေးခဲ့တာပါ။ အဲ့တုန်းက ၉တန်းပေါ့။
(စာလည်းမလုပ်ဘူး😬)

ပြီးတော့ ၁၀တန်းရောက်သွားတော့ wattpad မှာ စာရေးဖို့နေနေသာသာ စာတောင်မဖတ်ဖြစ်ဘူး။  အဲ့လိုနဲ့ အချိန်တွေ အိပဲ့အိပဲ့ကုန်ဆုံးပြီးတော့ Matriculation exam ပြီးတဲ့နေ့မှာ

ဝုန်း! ဒိုင်း ဆိုပြီး ကိုမြင့်နိုင်ကြီး ဝင်လာပါတယ်။
ခရီးတောင် မထွက်လိုက်ရဘူး🙂

Whatever, own character ရေးမယ်ဆိုပြီးစဉ်းစားထားတာ ဆယ်တန်းမပြီးခင်ကတည်းကပဲ။  တကယ်တမ်းစရေးမယ်ဆိုတော့ ကိုယ့်မှာဇာတ်လမ်းကျောရိုးက လေးခုလောက်ဖြစ်နေတယ်။ အဲ့ထဲက တစ် ခုဆိုရင် ၈တန်း ထဲက စဉ်းစားထားတာ။ ပထမဆုံးစဉ်းစားထားတဲ့၂ခုကို
plot holeတွေ အရမ်းများပြီး ဖြစ်နိုင်ချေမရှိဘူး ဆိုပြီး
ပယ်လိုက်တယ်။  ပြောရရင် Mission impossibleက
နောက်ဆုံးစဉ်းစားတဲ့ဇာတ်ပဲ။ ဒါတောင် ဇာတ်လမ်းတွေ၊
plotတွေ ဘာမှမရှိဘူး။ "crush ကိုလိုက်တဲ့ဇာတ်" လုပ်မယ်ဆိုတဲ့ အတွေးတစ်ခုပဲရှိတာ။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now