Part - 13

27.3K 1.9K 188
                                    

Unicode

လင်း နိုးလာသောအချိန်တွင် သူသည် နူးညံ့အိစက်သော အိပ်ရာခင်းအဖြူများစွပ်သည့်ကုတင်၌ လှဲလျောင်းနေခြင်းဖြစ်သည်။ လင်းသည် ကိုယ့်သကိုယ်ကိုပြန်ငုံ့ကြည့်လိုက်သေးသည်။ အဖမ်းခံရစဉ်က လင်းဝတ်ထားသောအဝတ်အစားများနှင့်မဟုတ်တော့ဘဲ အဖြူရောင်ညအိပ်ဝတ်စုံတစ်ထည်နှင့်ဖြစ်နေသည်။

သူ ထ,ထိုင်လိုက်ရင်း အခန်းကိုအကဲဖြတ်ကြည့်​၏။
သန့်ရှင်းသပ်ရပ်လွန်းသည့်အပြင် အပြင်အဆင်ကအစ လှပလွန်းသောအခန်း​၏ပုံစံမှာ မသိပါက ဟိုတယ်အခန်းလိုမျိုး။

ဒါမှမဟုတ် ဟိုတယ်အခန်းပင်လား....

လင်း ကုတင်ပေါ်မှ ဆက်ခနဲထလိုက်ပြီး အခန်းပြတင်းပေါက်ကိုဖုံးကွယ်ထားသောလိုက်ကာများကို ဆွဲဖွင့်ပစ်လိုက်သည်။ အပြင်ဘက် မြင်ကွင်းကိုမြင်ရချိန်တွင် သူ အတန်ကြာအံ့အားသင့်သွားရ​၏။

သူမြင်လိုက်ရသည်မှာ ငွေရောင်ရှိသောသဲသောင်ပြင်နှင့်
အဆုံးမရှိသည့် ပင်လယ်ပြာတစ်ခုပင်။ ရန်ကုန်ကနေ ဘယ်က ပင်လယ်ကိုရောက်လာရတာလဲ။ တကယ်ပဲ သူ့ကို ဘယ်ခေါ်လာကြတာလဲ....

လင်းသည် ပင်လယ်ကိုလှမ်းမြင်ရသော မှန်ပြတင်းပေါက် ဘေးရှိ တံခါးကို ဆွဲဖွင့်ကြည့်သည်။ လော့ချထား​၏။ ဖွင့်လို့မရ။

သူ အခန်းအတွင်းကိုလှည့်ပတ်ကြည့်လိုက်ရင်း နောက်ထပ် ထွက်ပေါက်တံခါးတစ်ခုကို ထပ်တွေ့သည်။ လင်း ထိုတံခါးသို့သွားမည်ပြုစဉ် ထိုတံခါးထံမှ ဂျောက်ဂျောက်မြည်သောအသံထွက်လာသည်။ တံခါး​​၏ လက်ကိုင်ဘုလေး လည်လာ​၏။ အပြင်မှ တစ်ယောက်ယောက် တံခါးကိုဖွင့်နေလေပြီ။

လင်း အနားရှိခုံပေါ်တင်ထားသော ပန်းအိုးကိုကောက်ကိုင်လိုက်​၏။ ပန်းအိုးကို ရိုက်နှက်နိုင်ရန်အနေအထားသို့ အသင့်ကိုင်ဆောင်လိုက်ပြီး တံခါးရှိရာသို့ တိုးကပ်သွား​၏။

တံခါး ဝုန်းခနဲပွင့်လာသည်။ လူတစ်ဦး ဝင်လာ​၏။

"ရား...!"

လင်းသည် ထိုသူကိုသေသေချာချာမကြည့်ရသေးခင်မှာပင် အော်သံဟစ်၍ ပန်းအိုးကိုမြှောက်ရင်း ချရန် ပြင်လေ​၏။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now