Ep-38

15.5K 2.3K 231
                                    

[Unicode]

့" ရှင်းယံက ငါ့ကိုစိတ်ဝင်စားနေပြီလို့ နင်ထင်လား...နိုးနိုး..."

အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်၍ ပြောသော လင်းတို့၏
စကားထဲတွင် မျှော်လင့်ချက်တို့ကိန်းဝင်ခိုအောင်းနေသည်။

၂နှစ်ကြာ တစ်ဖက်သတ်ကြိတ်သဘောကျခဲ့ရသော မိမိ၏
crush......
အစီအစဉ်တွေချပြီး ချဉ်းကပ်ခဲ့ရသော မိမိ၏ crush....။

အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ပြီး အခုကျတော့မှ
မစောင့်နိုင်တော့သလိုလို.....
ရှင်းယံကို မိမိအပိုင်အဖြစ်လိုချင်လာသည်....

ရှင်းယံ၏ အပြုံးကိုမြင်တိုင်း....ရှင်းယံသည် မိမိအပေါ်
ဂရုတစိုက်ပြုမူလိုက်တိုင်း.....
ရှင်းယံဆိုသည့်လူသားကို ငေးကြည့်ရုံဖြင့် မနေချင်တော့....
သူငယ်ချင်းအနေနဲ့လည်း မထားနိုင်တော့....
စီနီယာ...ဂျူနီယာ ဆက်ဆံရေးထက်လည်းပိုချင်လာသည်....
မိမိက သဘောကျနေသည့်အကြောင်း ရှင်းယံ သိသင့်ပြီလေ...

နိုးနိုးက လင်း၏အတွေးခံစားချက်တို့ကို နားလည်သည့်အလား ပခုံးကိုနှစ်ချက်ဆင့်၍ ပုတ်လိုက်သည်။

" သူလည်း နင့်ကိုသဘောကျလာတယ်လို့ ငါထင်တယ်...
နင့်ကို သူကြည့်တဲ့အကြည့်တွေမှာ မြင်နေရတယ်...."

လင်း၏ နှုတ်ခမ်းတို့ တွန့်ချိုးကာ ပြုံးရယ်လိုက်သည်။

" အင်းနော်....ငါက နင့်ကိုတိုင်ပင်တာပါ....
တကယ်လို့ ရှင်းယံကလည်းငါ့ကိုပြန် သဘောကျနေတာ
သေချာရင် ငါသူ့ကိုဖွင့်ပြောတော့မယ်...."

" တကယ်လား..."

" အင်း...ငါတို့ mission ကိုအဆုံးသတ်ရမယ်လေ....
တကယ်လို့ ရှင်းယံက ငါ့ကိုလက်ခံလိုက်ရင် ငါတို့
Mission အောင်မြင်တာပေါ့...မဟုတ်ဘူးလား...."

"ဒီ mission အောင်မြင်ရင် ငါလည်း နောက်ဆက်ပြီး
အောင်သွယ်တော်လုပ်ငန်းဆိုပြီး လုပ်ပစ်မယ်...."

နိုးနိုးစကားကြောင့် လင်းရယ်လိုက်ပါသည်။

" မနေ့က ရှင်းယံ live လွှင့်တာ ကြည့်လိုက်ရတယ်...
သူ့မှာ ကြိုက်တဲ့သူရှိတယ်လို့ သူပြောလိုက်တယ်....
အဲ့တာ ငါဖြစ်နိုင်လားဟင်...."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now