Part - 6

14.4K 1.7K 140
                                    

Unicode

နက္ခတ်တွင် ရည်းစားရှိသည်ဟူသောစကားက ကြယ်လေးကို အတန်ကြာငေးငိုင်သွားစေကာ စိတ်ကူးယဉ်အိပ်မက်များအားလုံး ကျိုးပြတ်ကြေကွဲ၍ လှိုက်ဟာသောခံစားချက်ကြီး ဖြစ်ပေါ်သွားစေသည်။ ရင်ထဲလှိုင်းထန်၍ အကြီးအကျယ်ဝမ်းနည်းကြေကွဲခြင်းလည်း မဟုတ်ရပါချေ။ သို့သော် ဟာတာတာနှင့် နင့်နဲကြေကွဲသော စိတ်မကောင်းဖြစ်ခြင်းကို ဖြစ်ပေါ်စေသည်။ နံရံအလွတ်ကြီးကို လေးလေးတွေတွေအတန်ကြာငေးကြည့်နေမိ​သည်။

idol ဖြစ်သူက ရည်းစားရသွား၍ ဝမ်းနည်းခြင်းမျိုးလား
ဒါမှမဟုတ် မစခင်ကတည်းက ပြီးပါပြီဟုစာတန်းထိုးလိုက်သော ဇာတ်လမ်းတစ်ပုဒ်ကြောင့်လား...

အနည်းဆုံးတော့ ခံစားချက်တွေပိုမလေးနက်ခင်
ပိုင်ရှင်ရှိတဲ့အကြောင်းစောစောသိလိုက်တာပဲ ပိုကောင်းပါတယ်လေ ဟုသာစိတ်ဖြေသိမ့်လိုက်ရသည်။ သူသည် နက္ခတ်ကို ခင်မင်သောမိတ်ဆွေတစ်ယောက်၊ သို့မဟုတ် Fan တစ်ယောက်အနေနှင့်သာ ဆက်ဆံတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီရက်အတန်ငယ်ကြာခဲ့​၏။

နက္ခတ်နှင့် ပတ်သက်စရာအကြောင်းထွေထွေထူးထူးလည်း မရှိခဲ့ပါချေ။ ခါတိုင်းလို စာလုပ်လိုက်၊ သူငယ်ချင်းတွေနဲ့ စကားပြော၊ရယ်မောလိုက် ၊ စားလိုက်သောက်လိုက် အိပ်လိုက်ဖြင့် ကြယ်လေး​၏နေ့ရက်အချိန်တွေ ကုန်ဆုံးခဲ့ပါသည်။

ဒီလိုဆိုလို့လည်း နက္ခတ်​၏အရိပ်မယောင်လေး တစ်စွန်းတစ်စကိုတောင် မတွေ့ပါဟုမဆိုနိုင်ချေ။ social media မှာ နက္ခတ်ရဲ့post တွေ၊ ပုံတွေ၊ အင်တာဗျူးတွေ တွေ့နေကြ။
ထိုအခါ React ပေး၊ တစ်ခါတလေ နက္ခတ်ရဲ့postတွေအောက် commentဝင်ရေးတဲ့အခါ နက္ခတ်ဘက်ကလည်း reply ပြန်ပါသေးသည်။ TV ဖွင့်လည်း နက္ခတ်ကိုတွေ့ပါသည်၊ bus စီးရင်းအပြင်ဘက်ကြော်ငြာဆိုင်းဘုတ်များကို လှမ်းကြည့်သောအခါတွက်လည်း နက္ခတ်ကိုတွေ့ပါသည်။
တစ်ခါတလေ အိပ်မက်ထဲမှာလည်း နက္ခတ်ကိုတွေ့ပါသည်။  ဘယ်နေရာသွားသွား နက္ခတ်​၏ပုံကို ကြော်ငြာဆိုင်းဘုတ်အချို့တွင် တွေ့ရပါသည်။

နက္ခတ်​၏ story အချို့ကိုလည်း reply ပြန်ဖြစ်သည်။ ထိုအခါ နက္ခတ်နှင့် စကားအနည်းအကျဉ်းလောက်ပြောဖြစ်ကြသည်။ထို့ကြောင့် နက္ခတ်နှင့်ဝေးကွာနေသည်ဟုလည်း ပြော၍မရနိုင်ပေ။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now