Ep-21

18.3K 2.6K 115
                                    

[Unicode]

မနက်ပိုင်းအချိန်၌ ကောင်းကင်သည် ကြည်လင်ပြာလဲ့နေသည်။ ကောင်းမွန်သော ရာသီဥတုကြားတွင် ကျောင်းဝန်းထဲ
ဝင်လာကြသော ကျောင်းသူကျောင်းသားများသည် ပိုမို တက်ကြွနေကြသည်။ မုန့်ဈေးတန်း၌ သာမာန်ထက်ပို၍ မိန်းကလေးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းမှာ မုန့်ဈေးတန်း အလယ်ရှိခုံ၌ ထိုင်နေကြသော မင်းသားလေး လေးယောက်ကြောင့်ဆိုမမှားချေ.....

ခွန်စိုင်းနှင့် ဖြိုးတို့သည် အလယ်တွင် နှစ်ယောက်ပူးကပ်ထိုင်ရင်း စကားများနေကြသည်။ နက္ခက်နှင့် ရှင်းယံကတော့
ခုံထိပ်တစ်ဖက်ဆီ၌ မျက်နှာချင်းဆိုင်ထိုင်လျက် သူတို့လက်ထဲရှိ အအေးကိုသာ အသံတိတ်သောက်နေကြသည်။
နက္ခက်၏ မျက်လုံးများက ဂနာမငြိမ်... မုန့်ဈေးတန်း အဝင်ဝကိုလှမ်း လှမ်းကြည့်နေသည်။

" သီတင်းကျွတ်ကျောင်းပိတ်ရက်ကျရင် ငါတို့ ခရီးတစ်ခုခုသွားမလား....."

ခွန်စိုင်းက မေးခွန်းတစ်ခုကို ဦးစွာစမေးသောအခါ ဖြိုးက
ခေါင်းငြိမ့်၍ ပြန်ဖြေသည်။

" သွားမယ်လေ... ဘယ်သွားကြမလဲ...."

"ကမ်းခြေတစ်ခုခုသွားမလား...ငါလတ်တလော
ကမ်းခြေကိုသွားချင်နေတာ...."

" ငွေဆောင်သွားရင်ရော? ငါ့hotel မှာ တည်းလို့ရတယ်လေ...."

"ချောင်းသာက hotel ကို အခွဲဆောက်လိုက်တဲ့ hotelလား...."

"အင်းလေ...."

" နက္ခက်နဲ့ ရှင်းယံရော...ငွေဆောင်သွားမယ်ဆို သဘောတူလား...."

ခွန်စိုင်း၏ အမေးကို တိတ်ဆိတ်နေသော နှစ်ယောက်က ချက်ခြင်းပြန်မဖြေ။ သူတို့က အတွေးတစ်ခုထဲနစ်မြောနေသကဲ့သို့ မျက်နှာသေကြီးနှင့် ဖြစ်နေကြသည်။

" ဟေ့ရောင်တွေ...."

ခွန်စိုင်းက ထပ်မံ၍ ခေါ်လိုက်မှ ရှင်းယံက အရင်ဆုံးအသိဝင်လာပြီး လှည့်ကြည့်သည်။

" Sorry...မင်း ဘာမေးလိုက်တာလဲ..."

" သီတင်းကျွတ်ကို ငွေဆောင်သွားမယ်ဆို အဆင်ပြေလားလို့..."

" ရတယ်လေ....သွားမယ်....ကျူးရင့်ကိုလည်း
မေးကြည့်ပါလား..."

ရှင်းယံက ခေါင်းငြိမ့်လက်ခံလိုက်သည်။ သို့သော် နက္ခက်က
စကားမပြန်သေး။ သူက မုန့်ဈေးတန်းအဝင်ဝကိုသာ
လှမ်းကြည့်နေသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now