Ep-26

17.1K 2.5K 74
                                    


[Unicode]

ဘက်စ်ကားဂိတ်ရှိ ခုံတန်းပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေသော
ရှင်းယံကို ကြည့်ပြီး လင်း...ပြုံးလိုက်မိပါသည်။ အဖြူရောင်
shirt ပြောင်လေးနဲ့ ဂျင်းဘောင်းဘီ အပြာရင့်ရောင်လေးကို ရိုးရိုးတန်းတန်း ဝတ်ထားသော်လည်း  ဘာကြောင့်
ဒီလောက်များ ကြည့်ကောင်းနေရပါသလဲ.......

နဖူးပေါ် ပျော့အိကျနေတဲ့ ဆံနွယ်တွေ......
ရှမ်းတရုတ်လေးမို့ ဖြူဖွေးနေတဲ့ အသားအရေနဲ့....
မျက်မှန်မပါဘဲ ရှင်းသန့်နေတဲ့ မျက်နှာလေးရယ်.....
ကိုရီးယားမင်းသားတစ်ယောက်လိုမျိုး......
လမ်းမှာ တွေ့သမျှလူတိုင်းသည် ရှင်းယံကို လည်ပြန်ကြည့်သွားရသည်.....
ထို့အတူ လင်းသည်လည်း ရှင်းယံကို ခဏခဏလှည့်ကြည့်နေမိသည်.....

ရှင်းယံကတော့ သူဘယ်လောက်အကြည့်ခံနေရလည်း
မသိဘဲ မအူတတ်ထေးမျက်နှာလေးနှင့် ပထမဆုံးစီးနင်းရမည့် Bus ကိုထိုင်စောင့်နေရှာသည်။

မကြာခင်တွင် ဘက်စ်ကားရောက်ရှိလာသည်....

လင်းက ဘက်စ်ကားပေါ်ဦးဆောင်တတ်သွား၍ ရှင်းယံက
အနောက်မှ လိုက်ပါလာသည်။ နောက်ဆုံးခုံတန်းတွင် သူတို့ထိုင်လိုက်ကြသည်။ ရှင်းယံက ပြတင်းပေါက်ဘေးတွင်
ထိုင်၏။

ဘက်စ်ကားက လမ်းမထက်တွင် ပြေးနေသောအခါ
ရှင်းယံသည် ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေသည်။

"ကိုကြီး...ဒီကိုကြည့်...."

လင်း...ဖုန်းထုတ်လိုက်ပြီး ဆယ်လ်ဖီရိုက်ရန် ရှင်းယံကိုခေါ်လိုက်သည်။ ရှင်းယံက ဖုန်းကိုလှည့်ကြည့်၍ ပြုံးပြသည်။
လင်းက လက်နှစ်ချောင်းထောင်ကာ ဓာတ်ပုံရိုက်လိုက်သည်။
လင်းနှင့် ရှင်းယံတို့၏ ပုံကောင်းကောင်းလေး တစ်ပုံတော့
ရသွားပါသည်။

" ဘာလုပ်ဖို့ ဓာတ်ပုံရိုက်တာလဲ...."

" ဒီတိုင်းပါပဲ....ကိုကြီးနဲ့ယှဉ်လိုက်တော့ ကျွန်တော်
တော်တော်ရုပ်ဆိုးသွားတာပဲ"

ခုနက ပုံကိုကြည့်ရင်း လင်း...ဆူပုပ်ပုပ်နှင့်ပြောလိုက်သည်။

" ရုပ်မဆိုးပါဘူး...ချောပါတယ်....."

ရှင်းယံစကားကြောင့် လင်းရယ်လိုက်သည်။ ထို့နောက်
သူတို့နှစ်ယောက် စကားဆက်မပြောတော့ချေ။
ရှင်းယံသည် သူ၏လက်ကို ပေါင်ပေါ်သို့တင်ထားသည်။
ရှင်းယံ၏ လက်ကို လင်း...လှမ်းကြည့်လိုက်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now