Loving Out Loud

14.6K 750 21
                                    

Unicode

update လည်းတွေ့ရော....

"extra အပိုင်းသစ်တင်ပြီ...Yayyy" ဆိုပြီး အားတက်သရောဝင်ကြည့်ကြချိန်မှာ ကျွန်မရဲ့စာကိုမြင်တော့ နည်းနည်းလေးစိတ်ပျက်သွားကြတယ် မဟုတ်လား 😂

ဒါပေမဲ့ ကျွန်မအခုပြောမယ့်အကြောင်းအရာက မင်းတို့အတွက် " Yayy" ဆိုပြီးဖြစ်ရမယ်လို့တော့ ထင်ပါတယ် ( ပိစိလေး မျှော်လင့်ရတာပေါ့။)

Mission impossible ကို remade version ပြန်ရေးမယ်လို့ ပြောထားတာ ကြာပါပြီ။ ဒီနေ့မှာတော့ remade version ကို reader တွေရှေ့ ချပြလိုက်ပါပြီ။

Remade လုပ်ရတဲ့အကြောင်းအရင်းက origin ကိုအားမရလို့ပါ။ ဒီဥစ္စာကိုစရေးတုန်းက Plot သေချာမရှိဘူး၊ ဇာတ်ကောင် ကာရိုက်တာလည်း သေချာမချဖြစ်ခဲ့ဘူး။ လက်တန်းချရေးဖြစ်တာမို့လို့ပါ။ အဲ့အခါ ထည့်မယ်ဆိုပြီး တွေးထားတဲ့ plot တွေမထည့်ဖြစ်ခဲ့ဘူး။ ရှင်းယံနဲ့ နက္ခတ် ကာရိုက်တာ သိပ်မပေါ်လွင်လိုက်ဘူး။ အထူးသဖြင့် ရှင်းယံပေါ့။ ရှင်းယံကာရိုက်တာကို စဉ်းစားထားသလို ပုံမဖော်ဖြစ်ခဲ့ဘူး။ အဆုံးပိုင်းနားနီးတဲ့ plot တွေကလည်း စဉ်းစားတော့တစ်မျိုး၊ ချရေးတော့ တစ်မျိုးနဲ့လွဲကုန်တာမို့လို့ remade မှာတော့ အတွေးထဲကအတိုင်း သေချာပြင်ဆင်လိုက်ပါတယ်။

MI remade version ရဲ့နာမည်က " Loving Out Loud " ဖြစ်ပါတယ်။

Remadeမှာ မူရင်းဇာတ်လမ်းကျောရိုးမပြောင်းလဲဘဲနဲ့ plot တချို့ပြုပြင်ထားတာတွေရှိပါတယ်။ ထပ်ဖြည့်ထားတဲ့ ဇာတ်ဝင်ခန်းတွေရှိပါတယ်။ တချို့သောဇာတ်ဝင်ခန်းကို ပြုပြင်ထားပါတယ်။ ဇာတ်ကောင်အသစ်တွေ ပါဝင်ပါတယ်။

MI နဲ့ Remade ဘာတွေကွာခြားသွားသလဲဆိုတာ သိချင်ရင် ဝင်ဖတ်ကြည့်ပါ။ ရှင်းယံ၊ နက္ခတ်နဲ့လင်းတို့အပါအဝင် သူတို့အုပ်စုကို လွမ်းတယ်ဆိုရင် ဝင်ဖတ်ကြည့်ပါ။  author တစ်ယောက်အနေနဲ့တော့ မဖြစ်မနေဝင်ဖတ်သွားကြပါလို့ တိုက်တွန်းရမှာပဲ xD

မူရင်းဇာတ်လမ်းကျောရိုးမပြောင်းလဲပေမဲ့ ကောင်းမွန်တဲ့ခံစားချက်မှုအသစ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့အနေနဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်လို ခံစားရနိုင်ပါတယ်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now