Part - 4

14.8K 1.7K 95
                                    

Unicode

"အား!!!! အစ်ကိုရေ ဒီဘက်ကိုလှည့်ကြည့်ပါဦး..."

"အပြင်မှာအများကြီး ပိုချောတယ်..."

"ဦးညီညီလေး!!"

ခပ်ဝေးဝေးမှဖြစ်သော်လည်း ဆူညံပွက်လောရိုက်နေသည့် ထိုအသံများမှာ သိသိသာသာပင် ကျယ်လောင်နေသည်။ အသံတို့မှာ လည်ချောင်းကွဲ၍ အသံဝင်မည်ကိုမကြောက်သည့်အလား ဖန်ခွဲစ, ပမာ စူးရှသည့်အပြင်
မြူးကြွမှုများနှင့် အတန်ငယ်တုန်ခါနေသလား အောက်မေ့ရ​သည်။

ကြယ်လေးသည် ထိုပွက်လောရိုက်အုပ်စုကို လှည့်ကြည့်မိ​၏။ သူလှည့်ကြည့်မိခြင်းမှာ ဆူညံသောအသံများကို စူးစမ်းလိုသောအားဖြင့် ကြည့်မိခြင်းမဟုတ်ပါ။ လှည့်ကြည့်မိခြင်းသည် ထိုအုပ်စုဆီမှ သူကြားလိုက်သော "ဦးညီညီလေး" ဟူသည့် နာမည်ကြောင့်ဖြစ်သည်။ ဦးညီညီလေး ဟူသည်မှာ နက္ခတ်ညီကို သူ့ပရိ တ်သတ်များပေးထားသော နာမည်ပြောင်တစ်ခုဖြစ်​၏။

ဦးညီညီလေးဟူသော နာမည်ကို များသောအားဖြင့်
ကျောင်းသူရွယ်ကလေးမများက ပို၍ခေါ်ကြသည်။ တစ်ခါတလေ ဦးညီ ဟူ၍အဖျားဆွတ်ခေါ်​၏။ အမှန်တိုင်းပြောပါက ဦး ဟုတပ်ခေါ်ခြင်းကို ကြယ်လေးသဘောမကျချေ။ နက္ခတ်ညီရဲ့ အသက်ဟာ အဲ့လောက်မှမကြီးသေးဘဲလေ။

နည်းနည်းတော့ ကြီးပါပြီလေ...ဒါပေမဲ့လည်း...

ကြယ်လေးထက် ၈နှစ်ကြီးပြီး တချို့ကျောင်းသူကလေးမများထက် ၁၀ နှစ်ကျော်ကြီးမည်ဆိုသော်လည်း
နက္ခတ်ရဲ့ရုပ်ရည်ဟာ ဦး ဟူသောအခေါ်အဝေါ်နှင့်လုံးဝ မလိုက်ဖက်ပါ။ ဦး ဆိုတဲ့အရွယ် ရောက်သေးတာမှ မဟုတ်ဘဲ။ ချစ်စနိုးနဲ့ ခေါ်တာဖြစ်သော်လည်း ကြယ်လေး လုံးဝမကြိုက်ချေ။ မကြိုက်ဘူးဆိုသော်လည်း "ငါမကြိုက်လို့ မခေါ်နဲ့" ဟုပြော၍မရ။ နက္ခတ်ညီကိုယ်တိုင်က တစ်ခါတလေ သူ့ကိုယ်သူ "အသက်ကြီးပြီ။ ဦးလို့ခေါ်လို့ရနေပြီ"
ဟု နောက်ပြောင်ပြောတတ်သည်။

အနည်းဆုံးတော့ အဘ ဟူသောအခေါ်ထက် ဦး က တော်ပါသေးသည်။

ကင်မရာ သို့မဟုတ် ဖုန်းကင်မရာများဖြင့် ဝန်းရံရင်းအော်ခေါ်သံဆူညံနေသည့် လူအုပ်ကြီးကို ကြယ်လေးတွေ့လိုက်ရသည်။ ထိုလူအုပ်ကြီး​၏အလယ်တွင်တော့ နက္ခတ်ညီကို ထင်ထင်ရှားရှားတွေ့ရ​၏။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now