Ep-17

17.8K 2.7K 174
                                    

[Unicode]

" ငါမနေ့က Love, Simon ဆိုတဲ့ကားကို ပြန်ကြည့်တော့ ဘာကို သတိသွားရလဲသိလား"

နိုးနိုးက အာလူးကြော်များကို ပါးစပ်ထဲ ပလုတ်ပလောင်း
ထိုးသွတ်ရင်း အားရပါးရပြောသည်။ ဗညားက နိုးနိုး
အာလူးကြော်ခွက်ထဲက တုတ်ကို ပြန်ချမည့်အချိန်ကို
စောင့်နေရင်း.....

" ဘာကို သတိရလဲ " ဟု ထပ်ဆင့်မေးလိုက်သည်။

" လင်း ကို ပေါ့....အဲ့ကားထဲမှာSimon က
gay ကွာ...သူ gay ကြောင်း သူငယ်ချင်းတွေကို
ပြောပြရမှာကြောက်တော့ mail ကနေ သူ့လိုမျိုး gay တစ်ယောက်ကို သွားရင်ဖွင့်တယ်....သူ သွားရင်ဖွင့်တဲ့ တစ်ယောက်က ဘယ်သူဆိုတာ သူမသိဘူး....ဘာလို့လည်း
ဆိုတော့ အဲ့တစ်ယောက်က  Blue ဆိုတဲ့
နာမည်ဝှက်ကို သုံးထားတာ...ကြည့်လေ.....အဲ့တာ
လင်းနဲ့ White တို့နဲ့ မတူဘူးလား...."

ရိပ်က " အေးနော် " ဟုထောက်ခံစကားဆိုသည်။ ထို့နောက်
တစ်ဆက်တည်းဆိုသလို....

" Blue ကလည်း အရောင်...White ကလည်း
အရောင်ပဲ....."

ဟုဆိုလေသည်။ ထိုအခါ လင်း က အအေးသောက်နေရာမှ ရပ်၍စကားဝင်ပြောသည်။

" အဲ့ကား ငါသိပါတယ်...အကုန်လုံးတော့ မတူပါဘူး...
အဲ့ထဲမှာ Simon က Blue ကိုကြိုက်သွားတာလေ
အဲ့တာကြောင့်ပဲ Blue ကို mail ပို့တော့ Love, Simon လို့ ပို့လိုက်တာလေ"

" ငါကတော့ စဉ်းစားနေတာ....ဘာလို့ white က သူ့နာမည်ဝှက်ကို White လို့ ထားတာလဲ"

သုတက သူ့မေးသူ ပွတ်လျက် စဉ်းစားနေဟန်ဖြင့်ပြောသည်။

" ဘယ်သိမလဲ...White ဆိုတာ သူအကြိုက်ဆုံးအရောင်
မို့လို့ နေမှာပေါ့...."

နိုးနိုးက ပခုံးတွန့်၍ ပြောသည်။ နိုးနိုးက အားလူးကြော်တုတ်ကို မချတာကြောင့် ဗညားက စိတ်မရှည်စွာ နိုးနိုးလက်ထဲမှ
ဆွဲလုလိုက်ရသည်။

" ဒါနဲ့ ဒီနေ့ ကျောင်းဘောလုံးပွဲရှိတယ်မလား...ငါ့ကို ကိုကြီးနက္ခက်က လာအားပေးဖို့ပြောထားတယ်...."

လင်းက အသိပေးတော့ သုတက....

" ဆရာမတွေ လွှတ်လို့လား..." ဟုမေးသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now