The Everlasting One

17.3K 1K 4
                                    

[ အသံအနိမ့်အမြင့်ဖြင့် ဖတ်ပေးကြပါရန်]

မင်းလွင်ဟာ ထူးချွန်ထက်မြတ်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး မှော်စွမ်းအင်တွေ၊အခြားကမ္ဘာတွေ၊ အပြိုင်ကမ္ဘာတွေတည်ရှိတယ်ဆိုတာကို ယုံကြည်သူတစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ သူမျှော်လင့်တဲ့အတိုင်း တခြားကမ္ဘာတစ်ခုကို သူရောက်ရှိသွားပါတော့တယ်။

တခြားကမ္ဘာတစ်ခုမှာ သူက ဘုရင့်အတိုင်ပင်ခံအမတ်ကြီးရဲ့တပည့်"ယုဂန်နိုင်"တဲ့!

မတူညီတော့တဲ့ဘဝအခြေအနေမှာ မင်းလွင်တစ်ယောက်
ယုဂန်နိုင်အဖြစ် ဘဝကိုဘယ်လိုဖြတ်သန်းရတော့မလဲ?

နောင်တစ်ချိန် သူကိုယ်တိုင် အမတ်တစ်ယောက်ဖြစ်လာတဲ့အခါ တိုင်းပြည်ရေးတွေကို သူဘယ်လိုစီမံရတော့မလဲ?
နန်းတွင်းရေးတွေမှာ သူဘယ်လိုပါဝင်ပတ်သတ်လာရတော့မလဲ?

တခြားကမ္ဘာတစ်ခုမှာ ဘယ်လိုထူးခြားဆန်းကြယ်တဲ့
ကိစ္စရပ်တွေက သူ့ကိုစောင့်ဆိုင်းနေမလဲ?

လျို့ဝှက်ရှုပ်ထွေးတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုကို
ယုဂန်နိုင်တစ်ယောက် ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။

ဒါ့အပြင်......

ဘုရင့်သားတော်၇ပါးနဲ့ပါ ပတ်သတ်ရဦးမယ်တဲ့!!!!!

ဘုရင့်သားတော်၇ပါး??
ဥစ္စာပေါ၊ ရုပ်ချောပြီး တစ်ယောက်တစ်မျိုးစီ ထူးခြားထက်မြတ်ကြတဲ့ မင်းသားတွေတဲ့လား!

ထိုမင်းသား၇ပါးထဲက အဆိုးဆုံး၊ အကြမ်းဆုံးမင်းသား
"အရုဏ" နဲ့ပါ ချစ်ကြိုးသွယ်ဖို့ဖြစ်လာတဲ့အခါ.....

ဘုရားရေ!
မင်းသားအရုဏက လူ့ဘီလူးမဟုတ်ဘူးလား။
သူက လူမှမဟုတ်တာ။
ဘီလူးတစ်ကောင်ပဲလေ!!!!

"အဲ့ဒီ့ဘီလူးကပြားမင်းသားက ငါ့ကိုတွေ့လိုက်တိုင်း သတ်မယ်ပဲပြောနေတယ်။ သူငါ့ကိုစားဖို့ကြံစည်နေတာလားမှ မသိနိုင်တာ"

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now