Ep-22

17.8K 2.6K 48
                                    

[Unicode]

ရှင်းယံ၏ လက်ချောင်းများသည် လင်း၏ အရှေ့ဆံပင်လေးမျအား တို့ထိကိုင်တွယ်နေ၏။ လင်း အသက်မရှူမိ....
သူနှင့်ရှင်းယံတို့သည် အလွန်တရာနီးကပ်နေသည်။
ရှင်းယံက လင်း၏ မျက်ဝန်းများကို ငေးကြည့်နေသည်။
ထို့နောက် သူ့၏ နှုတ်ခမ်းနှစ်လွှာသည် အတန်ငယ်ဟသွားသည်။

" မင်းရဲ့မျက်လုံးတွေက အညိုရောင်ပဲ ...."

ရှင်းယံက တစ်ခွန်းတည်းဆိုပြီး အနားမှ ခွာသွားသည်။
ထိုအခါမှ လင်း အသက်ရှူမိသည်။

" ဟုတ်တယ်...ကျွန်တော့်မျက်လုံးတွေက အနက်ရောင်
အစစ်ကြီးမဟုတ်ဘူး....ညိုတယ်"

" အညိုရောင်ကလှတယ်လို့ ထင်တာပဲ...."

ရှင်းယံက ပြုံး၍ပြောပြီးနောက် အအေးခွက်ကိုမ၍ သောက်နေသည်။ လင်းက ခုထိ ခုန်နေဆဲဖြစ်သောရင်ကို
တည်ငြိမ်အောင် ကြိုးစားနေရသည်။

ရှင်းယံအနားကပ်လာတော့ သူဘာကိုမျှော်လင့်နေခဲ့တာလဲ...
အနမ်းတစ်ခုလား.....

ဒါဟာ ရုပ်ရှင်လည်းမဟုတ်....
နှစ်ယောက်သားက အပြန်အလှန်ကြိုက်နေခြင်းလည်းမဟုတ်.....
တော်တော်ရူးနှမ်းတဲ့အတွေးတစ်ခုပဲ.....

လင်း...ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရမ်းရမ်းရင်း စာအုပ်တွေကိုသာရွေးချယ်နေလိုက်သည်။

************************************************************************

" နင့်ကို ခွန်စိုင်းက ရုပ်ရှင်ကြည့်မလားလို့မေးတယ် ?"

နိုးနိုး၏ အသံက ကျယ်သွားသဖြင့် ရိပ်က နိုးနိုး၏ ပါးစပ်ကို
လှမ်းပိတ်သည်။

" တိုးတိုးပြောလေ...."

" အေး...မေ့သွားလို့..."

နိုးနိုးက ထိုအခါမှ အသံကို နှိမ့်၍ပြန်ပြောသည်။

" အဲ့တော့ နင်က ဘာပြန်ပြောလိုက်လဲ...."

ရိပ်က ပန်းနုရောင်သန်းသွားသော မျက်နှာနှင့် ခေါင်းကိုငုံ့ရင်း....

"ငါကတော့ ကြည့်ချင်တာပေါ့ဟ...နင်ကလည်း..."

ဟု မပွင့်တပွင့်ပြောလေသည်။ တစ်ဆက်တည်းမှာပင်...

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now