Ep - 40

17.3K 2.2K 180
                                    

[Unicode]

" ရိပ်...ရိပ်....နင့်အိုပါး လာနေတယ်..."

နိုးနိုးက လက်မောင်းကိုတွန်းတို့၍ပြောသောအခါ
ရိပ်သည် ပြတင်းပေါက်အပြင်ဘက်သို့ ရင်ခုန်စွာလှမ်းကြည့်လိုက်မိသည်။ ပြတင်းပေါက်တစ်ဖက်ခြမ်းရှိ ကော်ရစ်တာတွင်
ခွန်စိုင်းတစ်ယောက်တည်းသာမက ကျန်သုံးယောက်ပါသော
လေးယောက်အုပ်စုက လျှောက်လှမ်းလာနေသည်။
နာမည်ကြီးစီနီယာအုပ်စုမှာ ၁၁တန်းဘက်သို့ မလာစဖူး
ရောက်လာသောကြောင့် ဂျူနီယာမိန်းကလေးတို့မှာ
အံ့သြတကြီးနှင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။
ခွန်စိုင်းတို့အုပ်စုဘေးတွင် မိန်းကလေးတို့ မသိမသာဝိုင်းအုံသွားကြသည်။

"ရိပ်..."

ခွန်စိုင်းက ပြတင်းပေါက်ဘောင်ကို လက်ထောက်လျက်
အခန်းတွင်းရှိ ရိပ်ကိုလှမ်းခေါ်လိုက်သည်။ ရိပ်က
ပြတင်းပေါက်ဘေးတည့်တည့်ရှိခုံတွင် ထိုင်နေသည်မို့
ပြတင်းပေါက်နားသို့ အလွယ်တကူသွားလိုက်သည်။

"ကို...ဘာကိစ္စရှိလို့လဲ...."

" ဘာကိစ္စရယ်လို့ မဟုတ်ပါဘူး.....ပေးစရာရှိလို့...."

ခွန်စိုင်းက ချိုသာစွာဆိုရင်း လက်ထဲတွင်ကိုင်လာသော
bubble tea ကို ရိပ်အားပေး၏။ ထိုအချိန်တွင်
ဘယ်တုန်းက အနားကိုရောက်နေမှန်းမသိသော
လင်းသုခတ်နှင့် ဗညားတို့ထံမှ

" ဝိုး..."

ဟူသော အော်သံကြောင့် ရိပ် လန့်သွားသည်။

" အံမယ်....မနက်စောစောစီးစီး bubble tea တွေ လာပေးလို့ပါလား....တကယ် အစ်ကိုခွန်က အကောင်းဆုံးပဲ..."

ဗညားက ရိသဲ့သဲ့လေသံဖြင့် လက်မထောင်ရင်း ပြောသည်။
ခွန်စိုင်းက ပြုံးရယ်သောအခါ ရိပ်က ရှက်ရမ်းရမ်း၍
သူမ ဆံပင်ကိုသပ်ရင်း ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်သည်။
အတန်းထဲရှိသူများပင်မက အတန်းအပြင်ရှိ F4 လေးယောက်ကို လာရှိုးသောသူတို့သည် ခွန်စိုင်းနှင့် ရိပ်တို့ကို
ဝိုင်းကြည့်နေမှန်းသိသောအခါ ရိပ် မျက်နှာပန်းရောင်ထသွားသည်။

" ဒါက ကျောင်းမှာမရောင်းဘူးမလား...."

လင်း မေးသောအခါ ခွန်စိုင်းက ဖြေးညှင်းစွာခေါင်းခါပြရင်း...

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now