Ep-34

15.2K 2.2K 93
                                    

[Unicode]

လင်းထံမှ သက်ပြင်းချသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာ၏.....
သုတနှင့် ဗညားတို့...ချက်ချင်းပင် လင်းကို လှည့်ကြည့်
လိုက်ကြသည်.....

တော်သေးသည်....
သက်ပြင်းချရုံမှ လွဲ၍ လင်းသုခတ် ထပ်မငိုတော့.....

လင်းက ညှိုးမှိုင်နေသောမျက်နှာလေးကို ထောင်ထားသော
ဒူးနှစ်ဖက်ပေါ်တင်လျက် တီဗီကို ခပ်ဆွေးဆွေးကြည့်နေသည်....

ဒီညတော့ လင်းသည် သုတ...ဗညားတို့နဲ့ပဲ အိပ်ရတော့မည်... လင်းအတွက် သီးသန့်ရထားသော extra bed
ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေလျက် သုံးမိနစ်ခြားတစ်ခါ
ဆိုသလို လင်းထံမှ သက်ပြင်းချသံက ထွက်ပေါ်လာသည်....

" ဘယ်နှနာရီ ရှိပြီလဲ...."

လင်းသည် အားမရှိသောလေသံဖြင့် မေးလိုက်၏....
သုတလည်း ဖုန်းကိုဖွင့်ကြည့်လိုက်၍....

" ကိုးနာရီထိုးဖို့ ၁၅မိနစ်လိုသေးတယ်..."

ဟု ပြန်ဖြေလိုက်သည်....

" အခုကျမှ အချိန်တွေက ကြာလိုက်တာ...ငါအိပ်ချင်နေပြီကို...."

" အိပ်ချင်ရင် အိပ်လေ...."

ဗညား၏စကားကြောင့် လင်း၏မျက်နှာသည် ပိုညှိုးငယ်သွားကာ....

" ရှင်းယံက ငါ့ကိုစိတ်ဆိုးနေလောက်ပြီလို့ တွေးမိရင်
အိပ်ပျော်မှာ မဟုတ်ဘူး...."

ဟု ယဲ့ယဲ့လေး ဆိုလေသည်....

" မဆိုးလောက်ပါဘူးကွာ...မင်းက မသိလို့လုပ်လိုက်တာပဲ... "

သုတစကားကြောင့် လင်းမျက်နှာလေး ရွှင်လာမလို့ရှိသေး...
သုတ၏ နောက်ဆက်တွဲစကားကြောင့် ပြန်မှိုင်သွားရသည်...

" ဆိုးရင်လည်း ဆိုးမှာပေါ့...မင်းမှားသလိုဖြစ်သွားတာလေ...
ပြန်တော့ တောင်းပန်လိုက်ပါ..."

" တောင်းပန်ချင်ပါတယ်...ကိုကြီးနက္ခက်လည်း ငါ့ကို
စိတ်ဆိုးသွားတယ်..."

" ငါကလေ...နက္ခက်ညီက စိုင်းရှင်းယံကို အဲ့လောက်ထိ
ဂရုစိုက်မယ် မှန်း မထင်ထားတာ..."

ဗညားက ဝင်ပြောသဖြင့် သုတနှင့် လင်းသည် သူ့ကို
လှည့်ကြည့်လိုက်ကြသည်....ဗညားက ဆက်ပြောသည်...

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now