Ep-12

18.6K 2.5K 50
                                    

[Unicode]

" ထပ်တွေ့ပြန်ပြီနော် ...."

စိုင်းရှင်းယံစကားအဆုံးတွင် နက္ခက်ညီ ...ခွန်စိုင်းမင်းရှန်နှင့်
ဖြိုးသတ္တိလှိုင်တို့သည် လင်းကို ဝိုင်းကြည့်လာသည်။
ဖြိုးသတ္တိလှိုင်က လင်းကို ခြေဆုံးခေါင်းဆုံးကြည့်၍
ဆိုသည်။

" မင်း ရဲ့ အသိလား ရှင်းယံ...."

" အင်း...အသိဆိုပါတော့ ဟိုတစ်ခါ မင်းကို milo...."

စိုင်းရှင်းယံက ဖြိုးကို လက်ညှိုးထိုး၍ ဆိုခါနီးမှ တစ်ခုခုကို
သတိရသွားပုံနှင့် လက်ညှိုးကို သူ့ကိုယ်သူ ပြန်ထိုးလိုက်သည်။

" ငါ့ကို ဝင်တိုက်ပြီး မျက်မှန်ကိုတက်နင်းသွားတဲ့တစ်ယောက်....လင်းသုခတ်တဲ့ "

လင်း...သူ့တို့ကို မချိပြုံးလေး ပြုံးပြလိုက်သည်။
နက္ခက်ညီသည် လင်းကို မျက်မှောင်ကြုံ့ရင်း ကြည့်နေသည်။

ထိုအချိန်တွင် ခွန်စိုင်းမင်းရှန်က ကြည်လင်တောက်ပသော
မျက်နှာနှင့် လက်နှစ်ဖက်ကို ဆန့်တန်း၍ လင်းဆီသို့ တည့်တည့်လာလေသည်။ လင်း လန့်သွားသည်။

ခွန်စိုင်းမင်းရှန်က ဘာ ထ ဖြစ်တာလဲ....

လင်း အနားသို့ ခွန်စိုင်းရောက်လာခိုက်တွင်
လင်း မျက်လုံးအပြူးသားနှင့် သူ့ကိုကြည့်နေမိသည်။သို့သော်
ခွန်စိုင်း... လင်းကို ကျော်သွားပြီး လင်း အနောက်မှ တစ်စုံတစ်ယောက်ဆီ ရောက်သွားသည်။

" မွေးနေ့ရှင်.... နင်က အခုမှရောက်တယ် "

ခွန်စိုင်း၏ စကားအနောက်တွင် ရယ်သံလွင်လွင်လေးက ကပ်၍ ပါလာသည်။ လင်း လှည့်ကြည့်လိုက်သောအခါ
ပေါင်လယ်ထိတိုသော အပြာရောင်ဂါဝန်လေးနှင့်
ကျူးရင့်ဟန်သာကို တွေ့လိုက်ရသည်။

ကျူးရင့်က စူးစမ်းသည့်အနေနှင့် လင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူမ၏ နီရဲနေသော နှုတ်ခမ်းအလွှာသည်
အတန်ငယ်ဟသွားသည် ကို တွေ့လိုက်ရသည်။

"အဟမ်း... ကျူးရင့် ငါတို့သွားရအောင် ဘယ်နားမှာငါတို့ထိုင်ကြမလဲ "

စိုင်းရှင်းယံသည် ချက်ချင်းပင် ကျူးရင့်အနားရောက်လာကာ
ကျူးရင့်ပခုံးကို ဖက်လိုက်သည်။ ထို့နောက် ကျူးရင့်ကို
ထိုအနားမှ ဆွဲခေါ်သွားသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now