Ep-7

20K 2.9K 386
                                    

[Unicode]

နိုးနိုး : နောက်တစ်ဆင့်တက်ရမယ်

Group chat ထဲတွင် နောက်ဆုံးရောက်လာသော
message သည် ထို message ဖြစ်ပါသည်။
group chat က အရင်လို ငါးယောက်ထဲ မဟုတ်တော့။
Mission impossible ဆိုသည့် ခေါင်းစဉ်အောက်တွင် လင်းတို့သူငယ်ချင်းငါးယောက်အပြင် မဒီ ပါ ပါဝင်နေသည်။   လင်း နှင့် မဒီ သည် အိမ်ရှေ့ခန်းတွင် ဘေးချင်းကပ်ထိုင်နေကြသော်လည်း ကိုယ့်ဖုန်းနှင့် ကိုယ် ထိုgroup chat ထဲမှ message ကို ဖတ်လိုက်ကြသည်။

ရိပ် : နောက်တစ်ဆင့်က ဘာလဲ

နိုးနိုး : လင်းကို SSY က သတိထားမိအောင် လုပ်ရမယ်

သုတ : ဇာတ်ရှိန်တက်လာပြီပဲဟေ့

လင်း : ဘယ်လို သတိထားမိအောင် လုပ်မှာလဲ

နိုးနိုး :  fb မှာ SSYနဲ့နင်နဲ့ friend မလား

လင်း : ဟုတ်တယ်

နိုးနိုး : သူ့ရဲ့ post တွေကို နင် react ပေးရမယ် သူ့myday တွေရောပဲ...သူတင်သမျှ အကုန် react ပေးဟာ...react ပေးရင်လည်း သူများတွေပေးသလို love မပေးနဲ့ ...notice ဖြစ်သွားအောင် wow တို့ sad တို့ပေးရမယ်

ထို message ကြောင့် လင်း မျက်လုံးဝိုင်းစက်သွားသည်။
အရင်က  စိုင်းရှင်းယံကိုsee first ထားပြီး ပုံဟူသမျှ save ထားသော်လည်း react ကိုတော့ ပေးရမှာ
ကြောက်သည်။

လင်း : ငါကြောက်တယ် မလုပ်ရဲဘူး

နိုးနိုး : လုပ်လိုက်စမ်းပါ...အဲ့တာမှ နင့်ကို သတိလေးဘာလေးထားမိမှာ...

မဒီ : အဲ့တာ မဒီ့ တာဝန်ထား...မမ

နိုးနိုး : ဟုတ်တယ် မဒီက လုပ်ပေးလိုက်

လင်း..ဘေးတွင် ထိုင်နေသော မဒီ့ကို ကမန်းကတန်းလှည့်ကြည့်လိုက်သည်။ မဒီက လင်း လက်ထဲမှ ဖုန်းကို ဆတ်ခနဲ ဆွဲလုလိုက်သည်။ ထို့နောက် သွက်လက်စွာပင် စိုင်းရှင်းယံ၏
account ထဲသို့ ဝင်သွားသည်။ လင်း လက်သည်းကိုက်နေမိသည်။ မဒီက စိုင်းရှင်းယံ၏ share post
Tag တွဲခံထားရတဲ့ post.. တင်ထားတာကြာပြီဖြစ်တဲ့ post...တွေ့သမျှ post တွေကို wow တွေချည်းလိုက်ပေးနေသည်။ my day ထဲလည်းဝင်ပြီး Wow တွေကို စွတ်နိုပ်သည်။  ပြီးလျှင်လည်း screenshot ရိုက်ပြီး
group chat ထဲသို့ သက်သေနှင့်တကွ ပြန်ပို့သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now