Ep-45

16.6K 2.3K 322
                                    

[Unicode]

နိုးနိုး : ဘာ! အဲ့တော့ White က နက္ခတ်ညီပေါ့

Group chat ထဲတွင် နိုးနိုးထံမှ message က
အရင်ဦးစွာရောက်လာသည်။ နက္ခတ်ဟာ white ဖြစ်ကြောင်း...လင်းကို တွဲရအောင်လို့ပြောလာကြောင်း group
chat ထဲတွင် လင်း ပြောပြလိုက်သောအခါ
တစ်ယောက်တစ်ပေါက်ဖြင့် message များဆက်တိုက်
ဝင်လာသည်။

သုတ : ထင်တော့ထင်သားပဲ....ငါတို့ White ကိုစုံစမ်းဖို့
သက်သေတွေစုတုန်းက နက္ခတ်က အမှတ်အများဆုံးပဲလေ

ရိပ် : နက္ခတ်က အရင်ကောင်မလေးတွေကို cover
တွဲခဲ့တာလား

ဗညား : အဲ့တော့ မင်းက နက္ခတ်ကိုဘယ်လိုအဖြေပြန်ပေးလိုက်လဲ

ဗညား၏မေးခွန်းမှာ လင်းအဖြေချင်ဆုံးမေးခွန်းဖြစ်နေသည်။
ထိုမေးခွန်းကိုဖြေရန် လင်း၏လက်မ၂ချောင်းသည်
ဖုန်းမှန်ပေါ်တွင်ပြေးလွှားကာ စာရိုက်လိုက်ကြသည်။

လင်း : မဖြစ်နိုင်ဘူးလို့ပဲ ပြောခဲ့တာပေါ့။ မင်းတို့လည်း
သိသားနဲ့။ ငါက White ကိုလည်း ရင်မခုန်သလို
နက္ခတ်ကိုလည်း မကြိုက်ဘူး။ ဒါပေမယ့် နက္ခတ်က
လင်း ငြင်းမယ်ဆိုတာလည်း သိပါတယ်။ လင်းအတွက်
့အချိန်လိုမယ်မှန်းလည်းသိပါတယ်။ လင်း လက်ခံနိုင်မယ့်
အချိန်ထိ စောင့်နေပါ့မယ်တဲ့။

နိုးနိုး : စဉ်းစားကြည့်ရင် နက္ခတ်က သနားဖို့ကောင်းနေပြီ။
သူက white ဆိုတော့ လင်းကို သူ ပထမဆုံးသိခဲ့မှာပဲ။
လင်းက ရှင်းယံကို ကြိုက်နေတာလည်းသိခဲ့မှာပဲ။
လင်းက သူ့ bff ကိုကြိုက်နေတာသိရက်နဲ့ကို
လင်းကို သူကြိုက်သွားမိခဲ့တာ။ လင်းက တခြားသူကို
ကြိုက်နေတာသိရက်နဲ့ နောက်ကွယ်ကနေ တိတ်တိတ်လေး
ကြိုက်ခဲ့တာ ဘယ်လောက်နာကျင်လိုက်မလဲ....

လင်း : အင်း...အဲ့တာ ငါသိပါတယ်။ ဒါပေမယ့် နက္ခတ်ကို
ရင်ထဲထည့်လို့မှ မရတာ...ငါလည်းမတတ်နိုင်ဘူး။
ငါလည်း သူ့ကိုတကယ်အားနာတယ်။ သဘက်ခါကျရင်
သူနဲ့ငါတွေ့ဖို့ချိန်းထားတယ်။ အဲ့အခါ  ကျွန်တော့်ကို မစောင့်ပါနဲ့...ဒါဖြစ်နိုင်မှာမဟုတ်ဘူး ဆိုပြီး သူ့ကိုအပြတ်ပြောလိုက်တော့မယ်

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now