Ep-2

29.7K 3.1K 79
                                    

[Unicode]

" ငါ ရူးတော့မှာပဲ"

ကျောင်းစိမ်းအင်္ကျီတောင် မလဲနိုင်သေးဘဲ အိပ်ရာထဲအရင်ပစ်လှဲပြီး အော်မိလိုက်သောစကားသည် ထိုစကားတစ်ခွန်းထဲ....
အိပ်ရာတစ်ခုလုံး တွန့်ကျေသွားအောင် လင်းသုခတ် တစ်ယောက်...တီကောင် ဆားနဲ့တို့သလို ထွန့်ထွန့်လူးနေသည်။

သူ့မျက်စိထဲတွင် မနက်ကျောင်းမတက်ခင်တွေ့လိုက်ရသော
ရှမ်းနတ်သားလေး၏ ပုံရိပ်က ထင်ဟပ်နေသည်။ တကယ်
အပြည့်စုံဆုံးလူသားပါဆို.... အဲ့လို လူသားကို သဘောကျမိတာ သူမမှားပါ.... ။ စိုင်းရှင်းယံအကြောင်းတွေးမိလျှင်
အလိုလိုနေရင်း ပြုံးမိသလို တစ်ဆက်တည်းမှာလည်း
ပူလောင်ရသည်။ စိုင်းရှင်းယံကို ကြိုက်တဲ့မိန်းကလေးတွေ
ဗုန်းပလော....။ စိုင်းရှင်းယံကလည်း ရုပ်ကချော...စာကတော်
ချမ်းကချမ်းသာ...။ မရောက်နိုင်တဲ့ အမြင့်ဆုံးနေရာက
ကြယ်တစ်ပွင့်လိုပဲ.....။ သူကတော့ စိုင်းရှင်းယံကို
သေလောက်အောင်သဘောကျပေမဲ့ စိုင်းရှင်းယံကတော့
သူ...ကမ္ဘာပေါ်မှာ ရှိမှန်းတောင် သိမှာမဟုတ်ချေ။
အနုပညာရှင်တစ်ယောက်ကို ကြိုက်ရသလို ခံစားချက်ပင်။
စိုင်းရှင်းယံက Idol...မိမိက fan boy ကောင်လေး။
သဘောကျမိတော့လည်း ပိုင်ဆိုင်လိုတဲ့လောဘကပါလာသည်။ ဒါပေမဲ့လည်း မဖြစ်နိုင်တဲ့လောဘမှန်းသိတော့
ပူလောင်ရသည်။ သူငယ်ချင်းတွေကို ရင်ဖွင့်ချင်သော်လည်း
ကိုယ်က gay မှန်း မဖွင့်ပြောနိုင်ပေ.....

ဘုရားဟောတဲ့ ဒုက္ခသစ္စာ ဆိုတာ ဒါပါလား....

" ဘာလုပ်နေတာလဲ...ထတော့.. ရေချိုး...ပြီးရင်ထမင်းစားမယ် "

ညီမဖြစ်သူ ယွန်းစုမဒီရဲ့ ဘုဆက်ဆက်အသံကိုကြားတော့
လင်း...ပက်လက်လှန်အိပ်နေရာမှ ခေါင်းကိုစောင်း၍လှည့်ကြည့်လိုက်သည်။ပြီးနောက် မျက်နှာကြက်ပေါ်သို့ ပြန်၍
မျက်နှာမူလိုက်သည်။

"သားသား....နင်အင်္ကျီတောင်မလဲရသေးဘူး....ရေမြန်မြန်ထချိုးစမ်းပါ...ငါဗိုက်ဆာနေပြီ"

" အေးပါ အေးပါ"

လင်းကို ယွန်းစုမဒီက အတင်းဆွဲထူသောကြောင့်
ပျော့တိပျော့ဖက်နှင့် ထလာရသည်။ လင်းမျက်နှာကတော့
မအီမသာနှင့်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now