Ep-13

18.4K 2.6K 394
                                    

[Unicode]

လင်း အိပ်ရာမှ နိုးနိုးချင်း ပထမဆုံး လုပ်မိသောအရာသည်
ဖုန်းကို ဖွင့်လိုက်ခြင်းဖြစ်သည်။ အင်တာနက်ဖွင့်လိုက်တော့
group chat ထဲမှ နိုးနိုး၏စာသည် အရင်ဦးစွာရောက်နေသည်။

နိုးနိုး : oh my god ! လင်းရေ....

ဟူသော စာနှင့်အတူ ပုံတစ်ပုံ ပို့ထားသည်။ ထိုပုံကို ကြည့်လိုက်တော့ ထိုပုံသည်စိုင်းရှင်းယံ တင်ထားသော post တစ်ခုကို screenshot ရိုက်ထားခြင်းဖြစ်သည်။ ယင်း postမှာ

You're just too good to be true
Can't take my eyes off you

ဟူသော Caption နှင့်အတူ သူ့၏ပုံအချို့ကို စိုင်းရှင်းယံ
တင်ထားသည်။

စိုင်းရှင်းယံ၏ ပုံများက သင်္ဘောပေါ်တွင် ရိုက်ထားသောပုံများဖြစ်သည်။ အတိအကျပြောရလျှင် လင်း ရိုက်ပေးထားသောပုံများဖြစ်သည်။ ထို့နောက် caption ၏ အောက်တွင်

📷 - Linn Thu Khat

ဟု Mention ထားသည်ကို တွေ့လိုက်ရသည်။

လင်း ကျေနပ်အားရဖြစ်မိသည်။ ချက်ချင်းပင် Facebook ထဲဝင်ကြည့်တော့ notification တွင်
Sai Shin Yan mentioned you ဟူသော
noti လေးကို ဦးစွာတွေ့လိုက်ရသည်။

မနက်ခင်းလေးသည် ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသွားသည်။ လင်း ...ပြုံးစိစိဖြစ်ရင်း group chat ထဲစာပြန်ပို့လိုက်သည်။

လင်း : မိုက်တယ်မလား

ရိပ် : caption က can't take my eyes off you တဲ့ ။ ပြီးတော့ ဓာတ်ပုံရိုက်ပေးတာက လင်းဆိုတော့
SYY က လင်းကို ရည်ညွှန်းပြီးပြောတာများလား 😮

သုတ : အဲ့တာ သီချင်းစာသားပါ...ဒီတိုင်း caption အနေနဲ့ ရေးထားတာ ဖြစ်မှာပါ

နိုးနိုး : ဘာပဲဖြစ်ဖြစ် လိုရာဆွဲတွေး တို့အရေးပဲ
SYY နဲ့ပတ်သတ်ပြီး လင်းရဲ့ အခြေအနေကောင်းနေပြီ!

************************************************************************

" အခုဆိုရင် စိုင်းရှင်းယံက လင်းကို တော်တော်လေး
သိသွားပြီ.....ငါတို့က ဒါကို ထပ်ဆင့်ပြီး အချောသတ်ပေးဖို့လိုတယ် "

နိုးနိုးက သူမပုံစံအတိုင်း လက်ပိုက် ခေါင်းမော့ရင်း ဆရာကြစတိုင်လ်ဖြင့်ပြောသည်။အားလုံးကတော့ သူမဆက်ပြောမည့်
စကားကိုသာ ဆက်လက်၍ နားစွင့်နေကြသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now