[Unicode]
လင်းနှင့် မဒီသည် အထုပ်များဖြင့် အိမ်ရှေ့တွင် ရပ်စောင့်နေ၏....ဒီနေ့သည် သူတို့အားလုံး ငွေဆောင်ကိုထွက်ခွာမည့်ရက်ပင်။ ငွေဆောင်ကိုသွားမည့်ကားက ဖြိုး၏ကားဖြစ်ပြီး
သူတို့က ဖြိုးအိမ်တွင် တွေ့ဆုံရန် ချိန်းချက်ထားသည်....
လင်းနှင့် မဒီကို ဖြိုးအိမ်သို့ ခေါ်သွားပေးမည့်လူက
စိုင်းရှင်းယံ ဖြစ်သည်...ကားအဖြူတစ်စီးသည် လင်းတို့ရှေ့တွင် ရပ်လာသည်...
ရှင်းယံ၏ ကားမှန်းသိလိုက်၍ လင်းနှင့်မဒီ...ကိုယ့်အထုပ်ကိုဆွဲ၍ ကားနားသို့ သွားလိုက်သည်....
ရှင်းယံသည် ကားပေါ်မှဆင်းလာသည်...." စောင့်ရတာ ကြာသွားလား..."
" မကြာပါဘူး...ရပါတယ်...."
လင်း...ပြန်ဖြေရင်း ဖွင့်ထားသော နောက်ဖုံးထဲသို့ အထုပ်ကို မ, ထည့်လိုက်သည်....ရှင်းယံသည် ဘေးမှလာကူပေး၏...
ကားပေါ်မှ သူ့ဒါရိုက်ဘာဆင်းလာကာ မဒီ့၏အထုပ်ကို
မ,ထည့်ပေးသည်....ထို့နောက် သူတို့အားလုံး ကားပေါ်တက်လိုက်ကာ
ထွက်သွားကြသည်.....ဖြိုးအိမ်သို့ သူတို့ရောက်သောအခါ ည၇နာရီမျှရှိပြီ.....
ဖြိုးအိမ်တွင် လူစုံတက်စုံရောက်နေပေပြီ....
ဖြိုး၏အိမ်မှာလည်း အလွန်အမင်းကြီးကျယ်ခမ်းနားသော
အိမ်ဖြစ်၍ ရှင်းယံတို့သူငယ်ချင်းအုပ်စု၏ ချမ်းသာပုံကို
လင်း တအံ့တသြဖြစ်ရသည်.....လူအကုန်လုံးသည် ဖြိုး၏အိမ် ဧည့်ခန်းထဲတွင် ခဏထိုင်ရင်း သွားမည့်အချိန်ကို စောင့်ဆိုင်းနေသည်......
လူစုံသော်လည်း မစုံသေးသည်က အိမ်ပိုင်ရှင် ဖြိုးတစ်ယောက်တည်းသာ ဖြစ်နေသည်....
ဖြိုး၏ အမေက သဘောကောင်းစွာ သူတို့ကို စကားစမြည်လာပြောနေသည်.....ဖြိုးအမေက ညည်းတွားသည်...." ဖြိုးက အီလေးဆွဲနေတာ ဘာမှန်းလည်းမသိဘူး.....
အဲ့တာ ညနေ၅နာရီထဲက ရေချိုးပါဆိုတာကို ဟိုလှည့်ဒီလှည့်နဲ့.....အင်္ကျီတွေကိုလည်း ခုနကမှထည့်တယ်....
အခုကျတော့ လူကဆုံနေပြီ...သူက မပြီးသေးဘူး...
အဲ့ဒီ့ အချိန်ဆွဲတဲ့အကျင့်ကို ဘယ်လိုပြင်ပေးရမလဲ မသိဘူး..."
BẠN ĐANG ĐỌC
MISSION IMPOSSIBLE : mission to get crush