Ep-41

15.4K 2.3K 66
                                    

[Unicode]

" တောက်!"

ဖုန်းကိုစိုက်ကြည့်ရင်း နိုးနိုး တင်းမာစွာအံတစ်ချက် ခေါက်လိုက်မိသည်။ ဖုန်းထဲတွင်ပေါ်လာသမျှ အကြောင်းအရာများကို
ဖတ်ရှုရင်း ဒေါသထွက်လာကာ ခေါင်းပါကိုက်ချင်လာသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်က......
Mail box တွင်တက်လာသော post က နိုးနိုးကို
ဒေါသများပေးအပ်သွားသည်။
မိမိသူငယ်ချင်းဖြစ်သူ လင်းကို ပြောဆိုထားသည့်အပြင် ဒါဟာ စော်ကားခြင်းတစ်မျိုးမဟုတ်ပါလား.....
အထူးသဖြင့် အခုလို လင်းဘက်ကဖွင့်ပြောခါနီးအချိန်မှာ
ဒီPost တက်လာခြင်းက ကောင်းသောအရာမဟုတ်ချေ။

ထိုpost သည်မိနစ်အနည်းငယ်အတွင်း နာမည်ကြီးသတင်းတစ်ခုဖြစ်သွားသည်။ လင်းကိုပြောဆိုထားသောကြောင့်တော့မဟုတ်....ဟိုနာမည်ကြီး၎ယောက်နှင့် ပတ်သတ်သောသတင်းဖြစ်သောကြောင့် ကျောင်းတွင်သာမက ထို၎ယောက်
၏fan များပါ ထိုသတင်းကိုပြောဆိုနေကြသည်။ 
ထပ်ဆင့်၍ နက္ခက်၏အဘွားဖြစ်သူ ရှေးနာမည်ကြီးမင်းသမီးမှာ မကြာသေးခင်ကမှ မြေးဖြစ်သူနက္ခက်ကို လူထုအားမိတ်ဆက်ပေးလိုက်ပြီး နက္ခက်၏ရုပ်ရည်ကြောင့် ခဏအတွင်း
နာမည်ကြီးသွားကာ လူအများ၏အာရုံစိုက်မှုကိုခံနေရသော
အချိန်ဖြစ်သဖြင့် နက္ခက်နာမည်ပါလာသောသတင်းမှာလည်း
သို့လော သို့လော ဖြစ်သွားကြသည်။

ကျောင်းသတင်း... ကျောင်း mail box တစ်ခုမျှသာမဟုတ်တော့။ နာမည်ကြီးမင်းသမီး၏မြေးဖြစ်သူ နက္ခက်....
မြန်မာနိုင်ငံ၏ နာမည်ကြီးကုမ္ပဏီ၏သားဖြစ်သူ စိုင်းရှင်းယံ....
နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင်၏သားဖြစ်သူ
ခွန်စိုင်းမင်းရှန်....အကြီးမားဆုံးဟိုတယ်လုပ်ငန်းပိုင်ရှင်၏သားဖြစ်သူ ဖြိုးသတ္တိလှိုင်တို့၏ သတင်းဖြစ်သွားသည်။
ထို သတင်းနှင့်ပတ်သတ်သော မှတ်ချက်များမှာလည်း  Newfeed တစ်ခွင်ပြဲပြဲစင်သွားသည်။

တချို့က လင်း၏နာမည်ကိုအခုမှသိသော်လည်း
မကောင်းသောမှတ်ချက်များရေးကြသည်....
တချို့က မသိဘဲစွတ်မပြောသင့်ကြောင်း.....
တချို့က Gay ဖြစ်တာဟာ အပြစ်မဟုတ်ကြောင်း...
တချို့က လေးယောက်လုံးကိုကြံရဲတာ အံ့သြစရာ ဟူသော
သဘောမျိုးဖြင့် လှောင်ရယ်သော အပြစ်ပြောလိုသော
မှတ်ချက်များပေးကြသည်....
တချို့ကတော့ အပြုသဘောဆောင်သော မှတ်ချက်အရှည်ကြီးများ ပေးလာကြသည်.....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now