Part - 11

15.3K 1.7K 213
                                    

Unicode

"ဟိုမှာ နက္ခတ်ညီမလား..."

"ဟုတ်တယ်...နက္ခတ်ညီပဲ သေချာတယ်"

"ဝါး...အပြင်မှာချောလိုက်တာ"

" သူက ဒီကိုဘာလာလုပ်တာလဲ"

တီးတိုးတီးတိုးနှင့် ပွစိပွစိစကားသံများကို ကြားလိုက်ရသောအခါ ကြယ်လေး မျက်လုံးပြူးသွားပြီး ဘေးဘီကို လည်ပင်းဆန့် ကြည့်ရှုတော့သည်။ သူသည် စိတ်မရှည်စွာနှင့် လူများကြားထဲတိုးဝှေ့လိုက်ပြီး သင်တန်းအဆောက်အအုံအပြင်ဘက်သို့ အလျင်အမြန်ထွက်သွားသည်။ သင်တန်းအဆောက်အအုံ​၏ရှေ့တည့်တည့် လမ်းတစ်ဖက်တစ်ချက်တွင် နက္ခတ်က အနက်ရောင်တောက်သောကားတစ်စီးကိုမှီ၍ရပ်နေသည်။

သူ့အားဝိုင်းအုံကြည့်သွားကြသော လူများကိုလည်း ဂရုမစိုက်၊ တီးတိုးပြောသွားကြသော အသံများကိုလည်း အာရုံမစိုက်ဘဲ နေကာမျက်မှန်အမည်းကြီးကိုတပ်ကာ သူ့ရုပ်က ရှုတည်တည်။

ကြယ်လေးထွက်လာသည်ကိုမြင်သောအခါ တည်နေသောနက္ခတ်က ပြုံးလာပြီး လက်လှမ်းပြသည်။
ကြယ်လေး သူ့အနားသို့အမြန်ပြေးသွားသည်။

"အစ်ကို ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

" အဲ့တာကလေ...အစက ဒီလမ်းထဲကိုလမ်းကြုံလို့ဝင်လာရင်းနဲ့ ဒီအဆောက်အအုံရှေ့ရောက်တော့ ကားကထိုးရပ်သွားတယ်"

"ကားပျက်သွားတာလား"

"ပျက်သွားတာ မဟုတ်ဘူး...ထိုးရပ်သွားတာ"

ကြယ်လေးသည် နားမလည်နိုင်ဘဲ ခေါင်းကုတ်လိုက်မိ​၏။

" ဘာပဲဖြစ်ဖြစ်...ကံကြမ္မာက ကြယ်လေးနဲ့ဆုံအောင်လုပ်ပေးလိုက်ပြီဆိုတော့...အစ်ကို အိမ်ပြန်လိုက်ပို့ပေးမယ်...ကားပေါ်တက်"

​ထိုစကားကြောင့် ကြယ်လေးမသိမသာကြိတ်ပျော်ရွှင်သွားပြီး ကားပေါ်တက်လိုက်သည်။

"စားချင်တာရှိလား...အစ်ကိုမုန့်ဝယ်ကျွေးမယ်လေ..."

"တကယ်လား"

ကြယ်လေး​၏ မျက်နှာရွှန်းလဲ့တောက်ပသွား​၏။

" အင်း..."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now