unicode
စစ်ရေးပြသင်တန်းအပြီးတွင် ကျောင်းသားသစ်လေးများကို တစ်ပတ်တာ အနားယူရန် ခွင့်ပေးခဲ့သည်။ ဤသည်မှာ တော်ဝင်မြို့တော်၏ နေရာအနှံ့သို့ သွားရောက်လည်ပတ်ရန် လူငယ်လေးများအတွက် အခွင့်ကောင်းဖြစ်လာသည်။ အပန်းပြေစေရုံသာမက စစ်စခန်းတွင်းခံစားခဲ့ရသည့် ပင်ပန်းမှုတို့ကိုလည်း ပြေလျော့စေနိုင်ရန်ဖြစ်သည်။ အထူးသဖြင့် မျိုးကွဲသန္ဓေပြောင်းလူသားများအပါအဝင် အားကောင်းသော သန္ဓေပြောင်းလူသားများနှင့် နှိုင်းယှဉ်ကြည့်လျှင် သန်စင်လူသားများ၏ ပင်ပန်းမှုကတော့ နည်းလွန်းလှသည်။
အဲဒီညက အဆောင်ကိုပြန်ရောက်ချိန်မှာ ချီကျွင်း ပထမဆုံးလုပ်ခဲ့တဲ့အရာက တံခါးကိုပိတ်ပြီး ကျောက်တုံးကမ္ဘာလေးထဲကို ဝင်လိုက်တာဖြစ်သည်။ အထူးသဖြင့် ပုံမှန်အစားအစာတွေကို သူ အရမ်းလွမ်းနေမိသည်။ မြေကြီးအစစ်ပေါ်မှာ မတ်တပ်ရပ်ရင်း သခွားသီးကို လှမ်းခူးကာ လက်ဖြင့်သာသုတ်လိုက်ပြီး ပါးစပ်ထဲထည့်ကာ ကိုက်ချလိုက်လေသည်။ သခွားသီး၏ လတ်ဆတ်သောရနံ့သည် လေထုထဲတွင် ချက်ချင်းပျံ့နှံ့သွားသည်။ လျှာမှ အရသာခံဖုများသည် ချိုသောအရသာကို ခံစားရုံသာမက နှာခေါင်းပေါက်များကိုလည်း ထိုရနံ့ဖြင့်သာ လွှမ်းမိုးထားသည်။ ပြီးတော့ ထိုခံစားချက်က သားရဲကမ္ဘာရဲ့ အစားအစာတွေကို တစ်လလောက်စားခဲ့ရတဲ့ သူ့အတွက် ပျော်စရာအကောင်းဆုံး ဟူ၍ပင် အမည်တပ်နိုင်ပါသေးသည်။
သခွားသီးနှစ်လုံးကို တစ်ထိုင်တည်းစားပြီးနောက် ချီကျွင်းသည် သူ့ဗိုက်ထဲတွင် အနည်းငယ်အေးသွားသဖြင့် အရသာရှိသော စွပ်ပြုတ်တစ်ခွက်ချက်ရန် ဆုံးဖြတ်လိုက်သည်။ စစ်အခြေစိုက်စခန်းမှာ သန်မာတဲ့ သန္ဓေပြောင်းလူသားတွေနဲ့ အခြားသူတွေအတွက် အစားအစာတွေ လုပ်ခဲ့ရတာကြောင့် နေ့တိုင်း အသားတွေပဲစားခဲ့ရပြီး ယခုအခါမှာတော့ သူ ရိုးရိုးအရွက်စွပ်ပြုတ်လေးသာ သောက်ချင်မိသည်။ ထို့အပြင် တုန်ဖန်းရုန် ပေးခဲ့သော ရေနေတိရစ္ဆာန်အသားများကို ငါးကဲ့သို့ နှပ်ထားရန် ရည်ရွယ်ထားသည်။ အသားနှပ်ဖို့ ဆားရှိပြီး အခြောက်ခံထားပြီးပါက ထိုအသား၏ အရသာကို တုန်ဖန်းရုန် ကြိုက်နိုင်လောက်သည်။ အနည်းဆုံးတော့ ယခုအရသာထက် ပိုကောင်းလာမည်ဖြစ်သည်။ အများကြီးတော့ ပိုဝါးရမှာပေါ့။ ထိုရေနေသားရဲ၏ အသားသည် အရသာအလွန်ကောင်းသည်ဟု ခံစားမိသော်လည်း ၎င်းတွင် အရွတ်မရှိဘဲ သားရေပြားလိုဖြစ်နေပြီး အသားကတော့ နူးညံ့ပြီး ချိုသည်။ "သန်မာတဲ့ သန္ဓေပြောင်းလူသားတွေရဲ့ သွားတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။ "
လောလောဆယ်တွင် ကျောက်တုံးကမ္ဘာလေး၌ ဆားထုတ်လုပ်သည့်နေရာ မရှိပေ။ ထိုအသားများကိုနှပ်မည်ဆိုပါက ဆားသည် မရှိမဖြစ်လိုသောကြောင့် ဤကိစ္စကိုတော့ ယနေ့တွင် သေချာပေါက် မလုပ်နိုင်တော့ပေ။ ပင်ပန်းလွန်းတာကြောင့် သူငယ်ချင်းတွေနဲ့ ညစာစားဖို့ ငြင်းဆန်ခဲ့ပြီး အခုတော့ သူ့အစာအိမ်လေးကို ကုစားပေးရဦးမည်။
သက်သတ်လွတ်စွပ်ပြုတ်သည် အလွန်ရိုးရှင်းပါသည်။ စိုက်ခင်းကိုကြည့်ပြီးနောက် ချီကျွင်းသည် ခရမ်းချဉ်သီး၊ ပြောင်းဖူးနှင့် အာလူးတို့ပါသော စွပ်ပြုတ်တစ်အိုးကို စားရန် ဆုံးဖြတ်ခဲ့သည်။ ထိုစွပ်ပြုတ်ကို စားမြိန်စာအနေနဲ့ရော ညစာအဖြစ်ရော မှတ်ယူစားသုံးပြီး ဆာလောင်မွတ်သိပ်မှုကို သက်သာစေလိုက်ပါတော့မည်။ မန်ထိုသီးနဲ့လည်း တွဲစားလို့ရတယ်ဆိုတော့ လုံးဝရိုးရှင်းပြီး အဆင်ပြေလှသည်။ ပါဝင်ပစ္စည်းသုံးမျိုးကို အလှည့်ကျထည့်ထားသရွေ့ အိုးကို မွှေနေစရာ မလိုပေ။ အာလူးနှင့် ပြောင်းဖူးများ ပျော့သွားသည်အထိ ပြုတ်ပြီးနောက် အခွံခွာထားသော ခရမ်းချဉ်သီးများကို ထည့်လိုက်သောအခါ စွပ်ပြုတ်အိုးတစ်အိုးလုံးသည် လှပသော အနီရောင် ဟင်းလျာအဖြစ် ပြောင်းလဲသွားသည်။
သူကိုယ်တိုင် ကြိတ်ထားသည့် နှစ်ရောင်စပ်ငရုတ်ကောင်းမှုန့်နှင့် နံနံပင်အနည်းငယ်ကို ဖြူးလိုက်သည်။ ထိုမြင်ကွင်းက ကြည့်လိုက်ရုံနဲ့တင် စိတ်ချမ်းသာစေသည်။ ချီကျွင်းက တစ်ငုံလောက် ခပ်သောက်လိုက်ပြီးနောက် အားရပါးရထအော်လိုက်သည်။ "ဒါမျိုးကမှ လူတွေစားတဲ့ဟင်းကွ" ထိုအချိန်၌ဝယ် သူတကယ်ပဲ အသက်ရှင်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့သည်။ ဤသားရဲကမ္ဘာ၏စားစရာများသည် စိတ်ရှုပ်စရာကောင်းပြီး မည်မျှပင် ဂရုတစိုက်ချက်ပြုတ်သည်ဖြစ်စေ အရသာရှိပြီး ကောင်းမွန်လာနိုင်မည့် အလားအလာ မရှိပေ။
အစားတွေအများကြီးစားပြီးသက်တောင့်သက်သာ ဇိမ်ခံနေသော ချီကျွင်းသည် အစာမကြေမှာကို တွေးမိပြီး ကြောက်လန့်သွားတဲ့အတွက် လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူစားလိုက်သော မန်ထိုသီး၏ ပဲစေ့အရွယ်ခန့်ရှိသော အစေ့ကို မြေ၌စိုက်လိုက်ပြီး အပင်ပေါက်လာလျှင် အလွန်ကောင်းမည်ဟု တွေးနေခဲ့သည်။ ယခုလတွင် ရင့်မှည့်လာသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ပြီး သိမ်းရဦးမည်။ မြေကွက်တစ်ခုစီ၏ သုံးပုံတစ်ပုံခန့်နေရာတိုင်းကို ချန်းချောင်ပင်၊ ပင်စိမ်းနှင့် ရက်စ်မားနီးယားအပင်တို့ကို စိုက်ပျိုးခဲ့သည်။ ထိုကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီးနောက်မှာတော့ ချီကျွင်းသည် ကျောက်တုံးကမ္ဘာလေးထဲမှာ စာအုပ်တစ်အုပ်ဖတ်ပြီး အနားယူဖို့ ပြင်ဆင်ခဲ့သည်။
အားလပ်ရက်၏ ပထမဆုံးနေ့ဖြစ်သော နောက်နေ့တွင် ချီကျွင်းသည် အပြင်မထွက်ပေမဲ့ ချန်းယွင်ကဲ့သို့ သွမ့်ချန်းဟွားနှင့်အတူ "ရှေးကမ္ဘာမြေ" ဂိမ်းကို မကစားနေခဲ့ပေ။ အဲဒီအစား သူတို့ဌာန၏ သင်ကြားရေးအဆောက်အဦးဆီကို သွားလိုက်သည်။ အတန်းကနေ အထုတ်ခံရမှာကိုတော့ စိတ်ပူစရာ မလိုပေ။ ကျောင်းသား ကိုးဦးတွင် တစ်ဦးတည်းသော လူသစ်ဖြစ်နေသည့်အပြင် ယခုနှစ်မှ စတင်သော ဘာသာရပ်သစ်တစ်ခုဖြစ်ပြီး ပထမနှစ်လကိုမူ အခြေခံသီအိုရီထဲတွင် ထည့်သွင်းထားပြီးသည်။ ထိုသင်ခန်းစာများသည်လည်း စာအုပ်ထဲတွင် ရှိပြီးသားဖြစ်သည်။ ယခုလာရသည်မှာ စိုက်ပျိုးမြေ ခွဲတမ်းချပေးသော နေရာကို သွားကြည့်ရန်သာ ဖြစ်ပြီးသူ့တွင် စိုက်ပျိုးချင်သည့် အရာများစွာ ရှိနေသည်။
ချီကျွင်းရောက်တာ စောသွားသည်။ ချစ်ပ်ပြားကို ပွတ်ဆွဲပြီး ဓာတ်ခွဲခန်းထဲကို ဝင်လိုက်တော့ အဆောက်အဦးထဲမှာ ပရော်ဖက်ဆာ ဝမ်ကျိုးစုတစ်ယောက်သာ ရှိသည်။ ပရော်ဖက်ဆာဝမ်သည် အသက် ရှစ်ဆယ်အရွယ်ရှိသော သန္ဓေပြောင်းလူသားမျိုးနွယ်မှ အမျိုးသားတစ်ဦးဖြစ်သည်။ ရှေးခေတ်လူသားများအတွက် ဤအသက်တွင် အဘိုးကြီးအရွယ် ရောက်နေပြီဖြစ်သော်လည်း သားရဲတို့လောကတွင်မူ ထိုမျှအသက်သည် ငယ်ရွယ်တုန်း ရှိသေးသည်။ သေချာကြည့်ကြည့်ပါက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးပုံပေါက်သည်။ သူ့၏ သားရဲမျိုးရိုးဗီဇက နှင်းမြေခွေးနဲ့ ဆက်စပ်နေသလားတော့ မသိပေ။ ပရော်ဖက်ဆာဝမ်၏ ဆံနွယ်တစ်ပင်စီမှ အဖျားနားလေးတွေ အဖြူရောင်သန်းနေသည်သာရှိပြီး အခြားသားရဲလက္ခဏာများမရှိပေ။ ဤသည်က ပြင်ပမှသာ ထိတွေ့နိုင်တဲ့ အပိုင်းအစလေးတစ်ခုသာဖြစ်သည်။ သို့သော်လည်း အနက်မှ အဖြူသို့ ဆံပင်အရောင် ပြောင်းနေသော ဤပုံစံသည် ချောမောပြီး ကျက်သရေ အပြည့်ရှိသော အမျိုးသားအသွင်ကို ဖြစ်စေသော်လည်း သူ့၌ လက်တွဲဖော် ရှာမတွေ့သေးပေး။ သို့သော် ထိုကိစ္စက ချီကျွင်း စိတ်ထဲထားရမည့် ကိစ္စတော့မဟုတ်ပေ။ သူ့မှာ အဖော်မရှိလို့ ပရော်ဖက်ဆာဝမ်က တတိယထပ်မှာ အိပ်ဆောင်အဖြစ် အခန်းဖွဲ့တာကိုသာ သူသိသည်။
ချီကျွင်းကိုမြင်လိုက်ရတော့ ဝမ်ကျိုးစုက အရမ်းပျော်သွားသည်။ "ရှောင်ကျွင်း မင်းဒီနေ့မအိပ်ဘူးလား၊ မင်းဒီကိုဘာလို့ အစောကြီးရောက်လာတာလဲ"
ချီကျွင်းသည် သူ့ထက် ခေါင်းတစ်လုံးစာပိုမြင့်သော ပရော်ဖက်ဆာကို ကြည့်ကာ နောင်တစ်ချိန်တွင် သူလည်းထိုမျှလောက် မြင့်လာနိုင်ပါသေးသည်ဟု ဖြေသိမ့်နေပေမဲ့ သက်ပြင်းခိုးမချမိဘဲ မနေနိုင်ပေ။ တကယ်တော့ သူ့လိုအပ်ချက်တွေက မမြင့်မားနေပါပေ။ ဖြစ်နိုင်ရင် သူ့အရပ်က ၁.၈ ၁.၉ မီတာလောက်ဆိုတော်ပါပြီ။ ဘာပဲဖြစ်ဖြစ် အခုလက်ရှိအရပ်က အရမ်းနာကျင်စရာ ကောင်းနေသည်။ "ကျွန်တော်က လူတိုင်းကို အမှီလိုက်ချင်လို့ပါ။ ကျွန်တော့်ရဲ့ အခြေခံက မကောင်းတော့ အပင်စိုက်တာကိုတောင် စနစ်တကျ မလေ့လာဖူးသေးဘူး။ နောက်ပြီး ဆရာက စိုက်ပျိုးရေးအတွက် မြေဆီလွှာပြုပြင်တဲ့အပိုင်းကို ဦးဆောင်နေတယ်လို့ ပြောဖူးတယ်မဟုတ်ဘူးလား။ ကျွန်တော့်အတွက် မြေဆီလွှာဝေစု ခွဲထားပေးတာရှိရင် လိုချင်ပါတယ်။"
ဝမ်ကျိုးစုက ပြုံးပြီး "အင်း ဝေစုက ခွဲပြီးသွားပြီ။ ချိုးပေါင်က မင်းအတွက် အကောင်းဆုံး မြေဆီလွှာကို အထူးရွေးချယ်ပေးခဲ့တာ။ အလွှာတိုင်းက အကုန်တူတူပဲဆိုပေမဲ့ သူမကတော့ အဲ့တစ်လွှာက မင်းအတွက် အသင့်တော်ဆုံးလို့ ပြောတယ်"
ချီကျွင်းကလည်း ပြုံးပြီး "စီနီယာအစ်မက ကျွန်တော့်ကို အမြဲဂရုစိုက်ပေးပါတယ်။"
"လာလေ ငါမင်းကိုပြမယ်။"
အရင်က ပြန်လည်မွမ်းမံခဲ့တဲ့ သင်ကြားရေး အဆောက်အဦးကို သွားပြီးနောက် အထောက်အကူပြု လေ့ကျင့်ရေး အဆောက်အဦကို သွားရောက်ခဲ့သည်။ သူတို့၏ စိုက်ပျိုးရေး အဆောက်အအုံသည် စုစုပေါင်း ဆယ်ထပ် ရှိသည်။ အထပ်တစ်ခုစီတွင် တင်းနစ်ကွင်းအရွယ်အစားခန့်ရှိသော အပင်ပျိုးသည့်အခန်းကြီးနှစ်ခန်းရှိသည်။ အပင်ငယ်လေးတွေကိုတော့ အများကြီး စိုက်ပျိုးလို့ရနေပြီ ဖြစ်သည်။ အလုပ်တွေပြီးစီးသွားသည့်နောက် စိုက်ပျိုးသူများမှ ခွဲဝေပေးသော မြေဆီလွှာသည် ကျောင်းသားများ စမ်းသပ်နိုင်ရုံ ပမာဏမျှသာ ဖြစ်သည်။
နောက်ခြောက်နှစ်အထိ သူအသုံးပြုရမဲ့ စိုက်ပျိုးမြေကွက်ကို မြင်တော့ ချီကျွင်းက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ထိုနေရာတွင် သူအရင်ကမ္ဘာမှ သိခဲ့သောအပင်များစွာကို "အသက်သွင်းနိုင်မည်" ဖြစ်သည်။ အစားအစာပဲဖြစ်ဖြစ် ဆေးဖက်ဝင်အပင်တွေပဲဖြစ်ဖြစ် အနည်းဆုံးတော့ တရုတ်ပြည်သူပြည်သားတွေရဲ့ သားရဲကမ္ဘာကြီးကို အကျိုးပြုနိုင်မယ်လို့ သူယုံကြည်သည်။ အနည်းဆုံးတော့ သူ့ပါးစပ်လေးအတွက် ကောင်းကျိုးရနိုင်ပါသေးသည်။
ပရော်ဖက်ဆာ ဝမ် နှင့် အချိန်အတော်ကြာ စကားပြောခဲ့ပြီး အခြေခံအကျဆုံး စိုက်ပျိုးနည်းသင်တန်းကို မည်သည့်အချိန်တွင် စတင်မည်ကို မေးမြန်းပြီးနောက် ပါမောက္ခ ဝမ် သည် ချီကျွင်း အား အနားယူရန် ပြောခဲ့သည်။ သူ့ကျောင်းသားများက အလွန်အာရုံစိုက်ပြီး သင်ယူလိုစိတ်ပြင်းပြနေသည့်အတွက် အလွန်ပျော်သော်လည်း သူတို့လေးတွေ၏ မိသားစုတစ်စုစီတွင် တစ်ဦးတည်းသာရှိသော သန့်စင်လူသားလေးအတွက် စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။
သင်ကြားရေး အဆောက်အဦးမှ ထွက်လာသောအခါချီကျွင်းသည် စီနီယာအစ်မချိုးပေါင် နှင့် တွေ့သည်။ အထွက်တံခါးနားက ချီကျွင်းကိုတွေ့တော့ ချိုးပေါင်က မပျော်တော့ပေ။ သို့သော် ချီကျွင်းကို အတန်းထဲကို ပြန်ဆွဲမခေါ်ခဲ့ပေမဲ့ အပြင်ထွက်တဲ့အခါ သတိထားဖို့နဲ့ တစ်ခုခုဖြစ်ခဲ့ရင် သူမဆီ ဖုန်းခေါ်ဖို့ တတွတ်တွတ် ပြောနေသည်။ ပြဿနာဖြစ်ပြီး လမ်းရှာမတွေ့ပါက သူမဆီ စာတိုလေးမဟုတ်ရင်တောင် တစ်ခုခုကို ပို့လိုက်ဖို့ မှာနေသည်။ အတိုချုပ်ပြောရလျှင် သူမသည် မစိုးရိမ်သင့်သည့်အရာများကို စိုးရိမ်နေသဖြင့် ဘေးမှရပ်ကြည့်နေသော ပရော်ဖက်ဆာ ဝမ်က ရယ်မောပြီး "မင်းက ရှောင်ကျွင်းရဲ့အမေနဲ့ ပိုတူတယ်" ဟုပြောလိုက်သည်။
ချိုးပေါင်သည် ပရော်ဖက်ဆာ ဝမ် နှင့် အလွန်ရင်းနှီးသောကြောင့် ဖြစ်နိုင်သည်။ သူမက မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။ " ရှောင်ကျွင်းကို ကျွန်မရဲ့မောင်လေးလို့ မြင်တယ်။ အစ်မတစ်ယောက်အနေနဲ့ မောင်လေးကို ပြုစုရစောင့်ရှောက်မှာပေါ့"
ဝမ်ကျိုးစု က ပိုလို့တောင် အော်ကြီးဟစ်ကျယ် ရယ်လိုက်ပြီး " အိုး ဒါဆို မင်းမှာ ချိုးရှုနဲ့ ဒီလိုအချိန်ကောင်းလေးတွေ ရှိခဲ့တယ်ဆိုတာ ငါ တကယ်မသိခဲ့ဘူးပဲ "
"ရှောင်ကျွင်းက ဖြုန်းတီးတတ်တဲ့သားထက် ပိုကောင်းတယ်။ သူတို့ကို ဒီလိုမနှိုင်းပါနဲ့" စကားပြောပြီးနောက် သူမခေါင်းကိုလှည့်ကာ ချီကျွင်း ၏ပုခုံးကို ပုတ်လိုက်ပြီး "သူပြောတဲ့ အဓိပ္ပါယ်မရှိတာတွေကို တွေးမနေနဲ့။ လိုက်သွားပြီး လည်ပတ်လိုက်ဦး။ ရက်အနည်းငယ်လောက်တော့ ကောင်းကောင်းအနားယူပါ၊ မင်းပြန်လာတဲ့အခါကျမှ မင်းတရားဝင်ကိစ္စတွေကို လုပ်သင့်တယ်။ စိုက်ပျိုးတာတွေနဲ့ သင်ယူတာတွေကို ရောပေါ့။ ဒီလအတွက် ပါမောက္ခရဲ့သင်ရိုးကို မင်းရဲ့ မေးလ်ဆီ ပို့ထားတယ်။ ညဘက် အနားယူတဲ့အခါ တစ်ချက်ဝင်ကြည့်လိုက်ရုံပါပဲ။"
ဝမ်ကျိုးစုကို ချောင်းကြည့်ပြီးနောက် "ဘာမှ မဖြစ်ပါဘူး" ဟု ပြောကာ အမြန်နှုတ်ဆက်ပြီး ထွက်သွားသည်။ သူတကယ်တိုက်ခိုက်နိုင်ရင်တောင် ပါမောက္ခနဲ့ စီနီယာအစ်မတို့ကြား စကားလုံးစစ်ပွဲမှာ မပါဝင်ချင်ပေ။
ပထမနေ့တွင် ချီကျွင်းသည် စူပါမားကတ်သို့သွားပြီး လမ်းလျှောက်ပြန်လာခဲ့သည်။ ဖုန်းကိုဖွင့်ကာ အသားနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ နာမည်တွေအပြင် ဟင်းခတ်အမွှေးအကြိုင်တွေအဖြစ် သုံးလို့ရတဲ့ အမျိုးမျိုးသော အမည်တွေ၊ကုန်ကျစရိတ်တွေ စသဖြင့် မှတ်ထားလိုက်သည်။ တုန်ဖန်းရုန်ကို သူ့အတွက် ထမင်းဟင်းချက်ပေးမည်ဟု ကတိပေးထားသောကြောင့် သူသည် ယခင်လို ပေါ့ပေါ့ပါးပါးမနေနိုင်တော့ဟု သူတွေးမိခဲ့သည်။ အသားပြားတွေကို ကြိုက်နှစ်သက်ပြီး အသားကင်က အဓိကဟင်းလျာ ဖြစ်နေသေးတယ်ဆိုရင်တောင် သူက နောက်ထပ်ပုံစံတချို့ကို စမ်းကြည့်ချင်ပါသေးသည်။ အားလပ်ရက်ခုနစ်ရက်သည် ကောင်းမွန်သော ကာလဖြစ်လာခဲ့သည်။ ထိုလူက ထွက်မသွားခင်မှာ သူ့မှာ တာဝန်တစ်ခုရှိလို့ ဒီခုနစ်ရက်လုံးလုံး ကျောင်းမပြန်နိုင်ဘူးလို့ သူ့ဆီ မက်ဆေ့ခ်ျပို့လာခဲ့သည်။
နောက်နေ့မနက်စောစောမှာ ဟွမ်မော့ သက်သာလာပြီး ရှောင်ကျစ်နှင့်အတူ ချီကျွင်းကို လာရှာသည်။ မနေ့က ထမင်းမစားခဲ့တာကြောင့် ဒီနေ့ ဈေးဝယ်ထွက်ကြရန် ဖြစ်သည်။ ထို့ကြောင့် လော့ရွှမ်းကိုဖုန်းဆက်ပြီး ဂိမ်းထဲဝင်ဖို့စဉ်းစားနေတဲ့ ချန်းယွင်နဲ့ သွမ့်ချန်းဟွားတို့ကိုပါ ဆွဲခေါ်လာကြပြီး ခြောက်ယောက်သား အတူတူ ကျောင်းထဲမှ ထွက်လာကြသည်။
ရှောင်ကျစ်သည် အလွန်ထက်မြက်သော လမ်းပြတစ်ဦးဖြစ်သည်။ သူသည် ထိုလူတစ်စုကို တော်ဝင်မြို့တော်ရှိ အကျော်ကြားဆုံး အဆောက်အအုံများဆီ ခေါ်ဆောင်သွားခဲ့သည်။ ယနေ့ခေတ်တွင် ဘေးကင်းဇုန်ရှိမြို့၌ အဆောက်အအုံများကိုသာ မြင်တွေ့နိုင်သည်။ ပန်းများနှင့် သစ်ပင်များအားလုံးမှာ အစစ်နှင့်တူသည်။ ၄င်းတို့သည် တကယ့်အစစ်များကဲ့သို့ပင် လေထဲမှာ ယိမ်းနွဲ့နေပြီး ရနံ့တွေတောင် ထုတ်လွှတ်နေပေမဲ့ ချီကျွင်းအတွက်ကတော့ ထိုသို့ခံစားချက်မျိုးက မကြိုက်ပေ။ တစ်မြို့လုံးက အထပ်မြင့်အဆောက်အအုံတွေနဲ့ ပြည့်နေကာ မြေအစစ်လည်းမရှိသလို အပြင်မှာပေါက်တတ်တဲ့ မြက်အစစ်တွေလည်း မရှိပေ။ ဤသည်မှာ သန္ဓေပြောင်းလူသားများ မခံစားနိုင်သည့် ခံစားချက်တစ်မျိုးသာဖြစ်သည်။
ရုပ်ရှင်ရုံမှထွက်လာပြီးနောက် လော့ရွှမ်းသည် ချီကျွင်း၏စိတ်ပင်ပန်းမှုကို သေချာခံစားလိုက်ရသည်။ "အရမ်းပင်ပန်းနေတာလား"
ချီကျွင်းက သူ့ခေါင်းကို ခါယမ်းပြီး "မဟုတ်ပါဘူး၊ ရုပ်ရှင်ထဲမှာ ယောက်ျားဖြစ်သူကို စတေးခဲ့ရတဲ့ မိန်းမက အရမ်းသနားစရာကောင်းတယ်လို့ ငါခံစားနေရလို့ပါ" သူ့အရင်ဘဝက ရိုမန့်တစ်ဇာတ်ကားများကဲ့သို့သော ရုပ်ရှင်မျိုးကို တကယ် စိတ်မဝင်စားခဲ့ပေ။ ဒါပေမဲ့ ကြည့်လိုက်ပါက ရင်ထဲမှာ တစ်ခုခုကို ခံစားရစေလိမ့်မည်။ ဤရုံတင်ဇာတ်ကားသာ အလွန်အားကောင်းတဲ့ သန္ဓေပြောင်းလူသားစစ်သည်တော်နှင့် အပြန်အလှန် ချစ်ကြိုက်မိသော သာမန်အမျိုးသမီးတစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်သည်။ ဤသည်က ဇာတ်ကား အစပဲရှိသေးသည်။ နိုင်ငံများ ပြန်လည်စုစည်းပြီးသောအခါ ဖျက်ဆီးနိုင်စွမ်းမြင့်သော သားရဲကြီး ပေါ်လာခဲ့ပြီး အားကောင်းသော သန္ဓေပြောင်းအမျိုးသားသည် ရှေ့တန်းမှ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့သည်။ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့ အမျိုးသမီးဟာ အိမ်မှာနေရင်း ခင်ပွန်းဖြစ်သူရဲ့ လုံခြုံရေးအတွက် ဆုတောင်းပေးရင်းသာ စိတ်ပူပန်နေရသည်။ နောက်ဆုံးတွင် မျိုးပြောင်းသားရဲကြီးကို တွန်းလှန်နိုင်ခဲ့သော်လည်း ဇာတ်လိုက်သည်အသက်ဆုံးရှုံးခဲ့သည်။
ဤဇာတ်ကားရဲ့ ဇာတ်ကွက်မှာ အရင်ကမ္ဘာကအတိုင်းသာ ဖြစ်သည်။ ဒါပေမဲ့ လူတွေကိုတော့ မျက်ရည်ကျစေနိုင်သည်။ ဇာတ်ကားက သန္ဓေပြောင်းလူသားကလေးငယ်ကို ဆရာဝန်က ချီထားရင်းဖြင့် အဆုံးသတ်သွားသည်။ ကလေးငယ်၏ အော်ဟစ်သံအဆုံးတွင် ပါဝင်သူများအကြောင်း စာတန်းရှည်က ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ ထိုသို့သောဇာတ်သိမ်းသည် အနာဂတ်များစွာကို ရည်ညွှန်းနိုင်သော်လည်း ချီကျွင်းသည် အလွန်စိတ်မသက်မသာ ခံစားရလာသည်။ ရင်ဘတ်တွင် တင်းကျပ်လာသည်။ ရုပ်ရှင်ကြောင့်မဟုတ်ဘဲ ဤကမ္ဘာနှင့်မသက်ဆိုင်သော သူ၏အရင်ကမ္ဘာမှ ဆိုးဝါးလွန်းသည့် အမှတ်တရကြောင့် ဤကဲ့သို့ဖြစ်နေကြောင်း သူသိသည်။ သို့သော် နောင်တွင် သူသည် ဤကမ္ဘာ၌ လက်တွဲဖော် အမှန်တကယ် ရှာတွေ့ကာ လက်ထပ်လိုက်ပြီးချိန် သို့မဟုတ် ကလေးရပြီးချိန်တွင် သူ့လက်တွဲဖော်သည် အဝေးကို ရုတ်တရက် ထွက်သွားပါက မည်သို့ခံစားရမည်ကို တွေးကြည့်ရုံနဲ့တင် မခံစားနိုင်တော့ကြောင်း ဝန်ခံပါသည်။ တုန်ဖန်းရုန်၏ မျက်နှာသည် စိတ်ထဲတွင် တဖျပ်ဖျပ်နှင့် ပေါ်လာကာ သူခဏတာ ထိတ်လန့်သွားမိသော်လည်း ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး မသင့်လျော်သော အတွေးတို့ကို မောင်းထုတ်ပစ်လိုက်သည်။
ချီကျွင်းက ဇာတ်ကားရဲ့ ဇာတ်ကွက်ကြောင့် ခံစားနေရတယ်လို့ လူတိုင်းက ထင်နေကြသည်။ ဤခေတ်တွင် သန့်စင်သောလူသားတွေဟာ အမြဲတမ်း အားနည်းတဲ့ အမျိုးအစားတွေဖြစ်ပြီး ပုံမှန်အားဖြင့် ပြဿနာမရှိပေ။ ရုပ်ရှင်ရုံထဲက ထွက်လာတဲ့ လူတွေကို ကြည့်လိုက်တော့ တချို့က ငိုနေကြပြီး သူတို့ရဲ့ ရှောင်ကျွင်းက မျက်နှာမကောင်းပေ။ ဘာများဖြစ်ကြတာပါလိမ့်။
ဟွမ်မော့က စားသောက်ဖို့ ဈေးသက်သာတဲ့ သရေစာဆိုင်ကို ရှာဖို့ အဆိုပြုခဲ့သည်။ ဤကမ္ဘာမှာ စားသောက်ဆိုင်တွေရှိပေမဲ့ မြို့ငယ်လေးတွေမှာတော့ ရှားပါသည်။ တော်ဝင်မြို့တော်ရဲ့ နေရာတိုင်းမှာသာ အလွယ်တကူ မြင်တွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ အစားအသောက်အရသာ ကွာခြားမှုကတော့ သိပ်မရှိပေ။ အရသာထူးကဲတာကို ကြိုက်တဲ့သူတွေက စားသောက်ဆိုင်ကြီးဆီသွားကြပေမဲ့ ဤကျောင်းသားတွေကတော့ သရေစာဆိုင်တွင်သာ ဗိုက်ဖြည့်နိုင်သည်။ လူတိုင်းက ချီကျွင်းလုပ်ထားတဲ့ အသားပြားတွေကိုသာ စားချင်ကြသည်။ အမှန်တိုင်း ဝန်ခံရရင် သူတို့ ချီကျွင်း၏ အသားပြားကိုသာ စားချင်သည်။
အပြင်တွင်စားကြသည့်အခါ ချီကျွင်းတွင် မည်သည့်အစားအစာကိုမဆို နည်းနည်းလေးပဲ စားတတ်သည့် အကျင့်ရှိသည်။ အရသာမကောင်းရုံသားမက ဈေးလည်းကြီးတာကြောင့် ဖြစ်သည်။ သူ့ရဲ့အရင်ကမ္ဘာမှာ အရမ်း "ချွေတာ"ခဲ့သည်။ ဒီကမ္ဘာမှာတော့ အလုပ်ကနေရတဲ့ ၀င်ငွေမတည်ငြိမ်သေးသည့်အပြင် ကျောင်းတက်ရန် ပိုက်ဆံလိုသေးသည်။ ထို့ကြောင့် ပို၍ချွေတာရန်လည်း လိုအပ်သည်ဟု သူယုံကြည်သည်။
သို့သော် တခြားသူတွေရဲ့အမြင်မှာတော့ နည်းနည်းလေးစားတာက အံ့သြစရာ ဖြစ်နေသည်။ စစ်အခြေစိုက်စခန်းမှာ သူတို့လည်း ချီကျွင်းနဲ့အတူစားခဲ့တာဖြစ်ပြီး အဲဒီအချိန်က သူ စားသည့်ပမာဏမှာ ယခုလောက်မနည်းပေ။
ရှောင်ကျစ်က ချီကျွင်း ရဲ့ ပန်းကန်ထဲကို အသားကင်တစ်ပိုင်းထည့်ပေးလိုက်ပြီ "မင်းဘာလို့ဒီလောက်နည်းနည်းလေးပဲစားတာလဲ။ မင်းပုံမှန်စားနေကျရဲ့ တစ်ဝက်တောင်မရှိဘူး။ အဲဒီရုပ်ရှင်တွေ အကုန်လုံးက စိတ်ကူးယဉ်ဖန်တီးထားတာပါ။ မင်းဘာဖြစ်နေတာလဲ"
ချီကျွင်းက ပြုံးပြီး "ဘာလို့အဲ့လိုတွေးနေတာလဲ၊ ငါကိုက အများကြီး မစားနိုင်တာပါ။ စစ်တပ်ထဲမှာတုန်က ရုပ်ပိုင်းဆိုင်ရာအားအင်တွေ အများကြီးလိုအပ်လို့ ငါ အများကြီးစားခဲ့ရတာ။ မယုံရင် ချန်းဟွားနဲ့ ရှောင်ယွင်ကို မေးကြည့်ပါလား။ ငါက ဒီလောက်ပဲ စားတာ။" ဟုပြောလိုက်သည်။
ချန်းယွင်က ခေါင်းညိတ်ပြပြီး "ဟုတ်တယ်။ ရှောင်ကျွင်းက ငါ့ထက်အစားနည်းတယ်။ ချန်းဟွားထက်တောင် ပိုနည်းသေးတယ်၊ အဲ့ဒါကြောင့် သူက အရမ်းပိန်တာပေါ့။ ဒါပေမဲ့ မစားဘဲနဲ့ ဘယ်လိုနေနိုင်တာလဲ။ ငါဆို ခဏခဏ ဗိုက်ဆာနေတာ။"
"ဖူး" တခြားလူတွေအားလုံးက ရယ်လိုက်ကြသည်။ ဒီကောင်လေးက အရမ်းချစ်စရာကောင်းသည်။ အထူးသဖြင့် လှုပ်နေတဲ့ ယုန်နားရွက်တစ်စုံသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ သွမ့်ချန်းဟွားက မနေနိုင်တော့ဘဲ လှမ်းကိုင်လိုက်ကာ "အများကြီးမစားပါနဲ့၊ ခဏခဏ ဈေးသွားရတာ အဆင်မပြေဘူး"
ချန်းယွင်က မျက်မှောင်ကြုတ်ပြီး "အိုး..ဒါဆို ညဘက်မှ ထပ်စားရအောင်"
ချန်းယွင်ကို သူတို့တွေက နောက်ပြောင်နေချိန်မှာ ချီကျွင်းက သူ့မျက်လုံးတွေကို မော့ကြည့်လိုက်မိချိန်တွင် သရေစာဆိုင်ရဲ့ ဒုတိယထပ်က ဆင်းလာတဲ့ လူသုံးယောက်ကို တွေ့လိုက်ရသည်။ သူတို့ သုံးယောက်ဟာ အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက် အရွယ်သာ ရှိကြပြီး ခန္ဓာကိုယ်ပေါ်တွင် သားရဲပုံစံ တစ်မျိုးမှ ရှိမနေသဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ သန်မာတဲ့ သန္ဓေပြောင်းသားရဲဟုတ်မဟုတ် မပြောနိုင်ပေ။ လက်ဝဲဘက်ခြမ်းမှ လမ်းလျှောက်လာသူမှာ သူတို့အိမ်ရဲ့ တတိယမြောက်သား ချီကျန်းဖြစ်သည်။ ထိုအချိန်တွင် ချီကျန်းသည်လည်း ချီကျွင်းကို မြင်လိုက်ရသဖြင့် ရွံရှာသော အမူအရာဖြင့် ခေါင်းကို အမြန်လှည့်လိုက်သည်။
Zawgyi
စစ္ေရးျပသင္တန္းအၿပီးတြင္ ေက်ာင္းသားသစ္ေလးမ်ားကို တစ္ပတ္တာ အနားယူရန္ ခြင့္ေပးခဲ့သည္။ ဤသည္မွာ ေတာ္ဝင္ၿမိဳ႕ေတာ္၏ ေနရာအႏွံ႔သို႔ သြားေရာက္လည္ပတ္ရန္ လူငယ္ေလးမ်ားအတြက္ အခြင့္ေကာင္းျဖစ္လာသည္။ အပန္းေျပေစ႐ုံသာမက စစ္စခန္းတြင္းခံစားခဲ့ရသည့္ ပင္ပန္းမႈတို႔ကိုလည္း ေျပေလ်ာ့ေစႏိုင္ရန္ျဖစ္သည္။ အထူးသျဖင့္ မ်ိဳးကြဲသေႏၶေျပာင္းလူသားမ်ားအပါအဝင္ အားေကာင္းေသာ သေႏၶေျပာင္းလူသားမ်ားႏွင့္ ႏိႈင္းယွဥ္ၾကည့္လွ်င္ သန္စင္လူသားမ်ား၏ ပင္ပန္းမႈကေတာ့ နည္းလြန္းလွသည္။
အဲဒီညက အေဆာင္ကိုျပန္ေရာက္ခ်ိန္မွာ ခ်ီကြၽင္း ပထမဆုံးလုပ္ခဲ့တဲ့အရာက တံခါးကိုပိတ္ၿပီး ေက်ာက္တုံးကမ႓ာေလးထဲကို ဝင္လိုက္တာျဖစ္သည္။ အထူးသျဖင့္ ပုံမွန္အစားအစာေတြကို သူ အရမ္းလြမ္းေနမိသည္။ ေျမႀကီးအစစ္ေပၚမွာ မတ္တပ္ရပ္ရင္း သခြားသီးကို လွမ္းခူးကာ လက္ျဖင့္သာသုတ္လိုက္ၿပီး ပါးစပ္ထဲထည့္ကာ ကိုက္ခ်လိုက္ေလသည္။ သခြားသီး၏ လတ္ဆတ္ေသာရနံ႔သည္ ေလထုထဲတြင္ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားသည္။ လွ်ာမွ အရသာခံဖုမ်ားသည္ ခ်ိဳေသာအရသာကို ခံစား႐ုံသာမက ႏွာေခါင္းေပါက္မ်ားကိုလည္း ထိုရနံ႔ျဖင့္သာ လႊမ္းမိုးထားသည္။ ၿပီးေတာ့ ထိုခံစားခ်က္က သားရဲကမ႓ာရဲ႕ အစားအစာေတြကို တစ္လေလာက္စားခဲ့ရတဲ့ သူ႕အတြက္ ေပ်ာ္စရာအေကာင္းဆုံး ဟူ၍ပင္ အမည္တပ္ႏိုင္ပါေသးသည္။
သခြားသီးႏွစ္လုံးကို တစ္ထိုင္တည္းစားၿပီးေနာက္ ခ်ီကြၽင္းသည္ သူ႕ဗိုက္ထဲတြင္ အနည္းငယ္ေအးသြားသျဖင့္ အရသာ႐ွိေသာ စြပ္ျပဳတ္တစ္ခြက္ခ်က္ရန္ ဆုံးျဖတ္လိုက္သည္။ စစ္အေျခစိုက္စခန္းမွာ သန္မာတဲ့ သေႏၶေျပာင္းလူသားေတြနဲ႔ အျခားသူေတြအတြက္ အစားအစာေတြ လုပ္ခဲ့ရတာေၾကာင့္ ေန႔တိုင္း အသားေတြပဲစားခဲ့ရၿပီး ယခုအခါမွာေတာ့ သူ ႐ိုး႐ိုးအ႐ြက္စြပ္ျပဳတ္ေလးသာ ေသာက္ခ်င္မိသည္။ ထို႔အျပင္ တုန္ဖန္း႐ုန္ ေပးခဲ့ေသာ ေရေနတိရစၧာန္အသားမ်ားကို ငါးကဲ့သို႔ ႏွပ္ထားရန္ ရည္႐ြယ္ထားသည္။ အသားႏွပ္ဖို႔ ဆား႐ွိၿပီး အေျခာက္ခံထားၿပီးပါက ထိုအသား၏ အရသာကို တုန္ဖန္း႐ုန္ ႀကိဳက္ႏိုင္ေလာက္သည္။ အနည္းဆုံးေတာ့ ယခုအရသာထက္ ပိုေကာင္းလာမည္ျဖစ္သည္။ အမ်ားႀကီးေတာ့ ပိုဝါးရမွာေပါ့။ ထိုေရေနသားရဲ၏ အသားသည္ အရသာအလြန္ေကာင္းသည္ဟု ခံစားမိေသာ္လည္း ၎တြင္ အ႐ြတ္မ႐ွိဘဲ သားေရျပားလိုျဖစ္ေနၿပီး အသားကေတာ့ ႏူးညံ့ၿပီး ခ်ိဳသည္။ "သန္မာတဲ့ သေႏၶေျပာင္းလူသားေတြရဲ႕ သြားေတြက တကယ္ကို ေၾကာက္စရာေကာင္းတာပဲ။ "
ေလာေလာဆယ္တြင္ ေက်ာက္တုံးကမ႓ာေလး၌ ဆားထုတ္လုပ္သည့္ေနရာ မ႐ွိေပ။ ထိုအသားမ်ားကိုႏွပ္မည္ဆိုပါက ဆားသည္ မ႐ွိမျဖစ္လိုေသာေၾကာင့္ ဤကိစၥကိုေတာ့ ယေန႔တြင္ ေသခ်ာေပါက္ မလုပ္ႏိုင္ေတာ့ေပ။ ပင္ပန္းလြန္းတာေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ ညစာစားဖို႔ ျငင္းဆန္ခဲ့ၿပီး အခုေတာ့ သူ႕အစာအိမ္ေလးကို ကုစားေပးရဦးမည္။
သက္သတ္လြတ္စြပ္ျပဳတ္သည္ အလြန္႐ိုး႐ွင္းပါသည္။ စိုက္ခင္းကိုၾကည့္ၿပီးေနာက္ ခ်ီကြၽင္းသည္ ခရမ္းခ်ဥ္သီး၊ ေျပာင္းဖူးႏွင့္ အာလူးတို႔ပါေသာ စြပ္ျပဳတ္တစ္အိုးကို စားရန္ ဆုံးျဖတ္ခဲ့သည္။ ထိုစြပ္ျပဳတ္ကို စားၿမိန္စာအေနနဲ႔ေရာ ညစာအျဖစ္ေရာ မွတ္ယူစားသုံးၿပီး ဆာေလာင္မြတ္သိပ္မႈကို သက္သာေစလိုက္ပါေတာ့မည္။ မန္ထိုသီးနဲ႔လည္း တြဲစားလို႔ရတယ္ဆိုေတာ့ လုံးဝ႐ိုး႐ွင္းၿပီး အဆင္ေျပလွသည္။ ပါဝင္ပစၥည္းသုံးမ်ိဳးကို အလွည့္က်ထည့္ထားသေ႐ြ႕ အိုးကို ေမႊေနစရာ မလိုေပ။ အာလူးႏွင့္ ေျပာင္းဖူးမ်ား ေပ်ာ့သြားသည္အထိ ျပဳတ္ၿပီးေနာက္ အခြံခြာထားေသာ ခရမ္းခ်ဥ္သီးမ်ားကို ထည့္လိုက္ေသာအခါ စြပ္ျပဳတ္အိုးတစ္အိုးလုံးသည္ လွပေသာ အနီေရာင္ ဟင္းလ်ာအျဖစ္ ေျပာင္းလဲသြားသည္။
သူကိုယ္တိုင္ ႀကိတ္ထားသည့္ ႏွစ္ေရာင္စပ္င႐ုတ္ေကာင္းမႈန္႔ႏွင့္ နံနံပင္အနည္းငယ္ကို ျဖဴးလိုက္သည္။ ထိုျမင္ကြင္းက ၾကည့္လိုက္႐ုံနဲ႔တင္ စိတ္ခ်မ္းသာေစသည္။ ခ်ီကြၽင္းက တစ္ငုံေလာက္ ခပ္ေသာက္လိုက္ၿပီးေနာက္ အားရပါးရထေအာ္လိုက္သည္။ "ဒါမ်ိဳးကမွ လူေတြစားတဲ့ဟင္းကြ" ထိုအခ်ိန္၌ဝယ္ သူတကယ္ပဲ အသက္႐ွင္ေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရခဲ့သည္။ ဤသားရဲကမ႓ာ၏စားစရာမ်ားသည္ စိတ္႐ႈပ္စရာေကာင္းၿပီး မည္မွ်ပင္ ဂ႐ုတစိုက္ခ်က္ျပဳတ္သည္ျဖစ္ေစ အရသာ႐ွိၿပီး ေကာင္းမြန္လာႏိုင္မည့္ အလားအလာ မ႐ွိေပ။
အစားေတြအမ်ားႀကီးစားၿပီးသက္ေတာင့္သက္သာ ဇိမ္ခံေနေသာ ခ်ီကြၽင္းသည္ အစာမေၾကမွာကို ေတြးမိၿပီး ေၾကာက္လန္႔သြားတဲ့အတြက္ ေလ့က်င့္ခန္းတစ္ခုခုလုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။ ထို႔ေနာက္ သူစားလိုက္ေသာ မန္ထိုသီး၏ ပဲေစ့အ႐ြယ္ခန္႔႐ွိေသာ အေစ့ကို ေျမ၌စိုက္လိုက္ၿပီး အပင္ေပါက္လာလွ်င္ အလြန္ေကာင္းမည္ဟု ေတြးေနခဲ့သည္။ ယခုလတြင္ ရင့္မွည့္လာေသာ သစ္သီးမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ခူးဆြတ္ၿပီး သိမ္းရဦးမည္။ ေျမကြက္တစ္ခုစီ၏ သုံးပုံတစ္ပုံခန္႔ေနရာတိုင္းကို ခ်န္းေခ်ာင္ပင္၊ ပင္စိမ္းႏွင့္ ရက္စ္မားနီးယားအပင္တို႔ကို စိုက္ပ်ိဳးခဲ့သည္။ ထိုကိစၥေတြနဲ႔ အလုပ္႐ႈပ္ၿပီးေနာက္မွာေတာ့ ခ်ီကြၽင္းသည္ ေက်ာက္တုံးကမ႓ာေလးထဲမွာ စာအုပ္တစ္အုပ္ဖတ္ၿပီး အနားယူဖို႔ ျပင္ဆင္ခဲ့သည္။
အားလပ္ရက္၏ ပထမဆုံးေန႔ျဖစ္ေသာ ေနာက္ေန႔တြင္ ခ်ီကြၽင္းသည္ အျပင္မထြက္ေပမဲ့ ခ်န္းယြင္ကဲ့သို႔ သြမ့္ခ်န္းဟြားႏွင့္အတူ "ေ႐ွးကမ႓ာေျမ" ဂိမ္းကို မကစားေနခဲ့ေပ။ အဲဒီအစား သူတို႔ဌာန၏ သင္ၾကားေရးအေဆာက္အဦးဆီကို သြားလိုက္သည္။ အတန္းကေန အထုတ္ခံရမွာကိုေတာ့ စိတ္ပူစရာ မလိုေပ။ ေက်ာင္းသား ကိုးဦးတြင္ တစ္ဦးတည္းေသာ လူသစ္ျဖစ္ေနသည့္အျပင္ ယခုႏွစ္မွ စတင္ေသာ ဘာသာရပ္သစ္တစ္ခုျဖစ္ၿပီး ပထမႏွစ္လကိုမူ အေျခခံသီအိုရီထဲတြင္ ထည့္သြင္းထားၿပီးသည္။ ထိုသင္ခန္းစာမ်ားသည္လည္း စာအုပ္ထဲတြင္ ႐ွိၿပီးသားျဖစ္သည္။ ယခုလာရသည္မွာ စိုက္ပ်ိဳးေျမ ခြဲတမ္းခ်ေပးေသာ ေနရာကို သြားၾကည့္ရန္သာ ျဖစ္ၿပီးသူ႕တြင္ စိုက္ပ်ိဳးခ်င္သည့္ အရာမ်ားစြာ ႐ွိေနသည္။
ခ်ီကြၽင္းေရာက္တာ ေစာသြားသည္။ ခ်စ္ပ္ျပားကို ပြတ္ဆြဲၿပီး ဓာတ္ခြဲခန္းထဲကို ဝင္လိုက္ေတာ့ အေဆာက္အဦးထဲမွာ ပေရာ္ဖက္ဆာ ဝမ္က်ိဳးစုတစ္ေယာက္သာ ႐ွိသည္။ ပေရာ္ဖက္ဆာဝမ္သည္ အသက္ ႐ွစ္ဆယ္အ႐ြယ္႐ွိေသာ သေႏၶေျပာင္းလူသားမ်ိဳးႏြယ္မွ အမ်ိဳးသားတစ္ဦးျဖစ္သည္။ ေ႐ွးေခတ္လူသားမ်ားအတြက္ ဤအသက္တြင္ အဘိုးႀကီးအ႐ြယ္ ေရာက္ေနၿပီျဖစ္ေသာ္လည္း သားရဲတို႔ေလာကတြင္မူ ထိုမွ်အသက္သည္ ငယ္႐ြယ္တုန္း ႐ွိေသးသည္။ ေသခ်ာၾကည့္ၾကည့္ပါက အသက္ႏွစ္ဆယ္ေလာက္ပဲ ႐ွိေသးပုံေပါက္သည္။ သူ႕၏ သားရဲမ်ိဳး႐ိုးဗီဇက ႏွင္းေျမေခြးနဲ႔ ဆက္စပ္ေနသလားေတာ့ မသိေပ။ ပေရာ္ဖက္ဆာဝမ္၏ ဆံႏြယ္တစ္ပင္စီမွ အဖ်ားနားေလးေတြ အျဖဴေရာင္သန္းေနသည္သာ႐ွိၿပီး အျခားသားရဲလကၡဏာမ်ားမ႐ွိေပ။ ဤသည္က ျပင္ပမွသာ ထိေတြ႕ႏိုင္တဲ့ အပိုင္းအစေလးတစ္ခုသာျဖစ္သည္။ သို႔ေသာ္လည္း အနက္မွ အျဖဴသို႔ ဆံပင္အေရာင္ ေျပာင္းေနေသာ ဤပုံစံသည္ ေခ်ာေမာၿပီး က်က္သေရ အျပည့္႐ွိေသာ အမ်ိဳးသားအသြင္ကို ျဖစ္ေစေသာ္လည္း သူ႕၌ လက္တြဲေဖာ္ ႐ွာမေတြ႕ေသးေပး။ သို႔ေသာ္ ထိုကိစၥက ခ်ီကြၽင္း စိတ္ထဲထားရမည့္ ကိစၥေတာ့မဟုတ္ေပ။ သူ႕မွာ အေဖာ္မ႐ွိလို႔ ပေရာ္ဖက္ဆာဝမ္က တတိယထပ္မွာ အိပ္ေဆာင္အျဖစ္ အခန္းဖြဲ႕တာကိုသာ သူသိသည္။
ခ်ီကြၽင္းကိုျမင္လိုက္ရေတာ့ ဝမ္က်ိဳးစုက အရမ္းေပ်ာ္သြားသည္။ "ေ႐ွာင္ကြၽင္း မင္းဒီေန႔မအိပ္ဘူးလား၊ မင္းဒီကိုဘာလို႔ အေစာႀကီးေရာက္လာတာလဲ"
ခ်ီကြၽင္းသည္ သူ႕ထက္ ေခါင္းတစ္လုံးစာပိုျမင့္ေသာ ပေရာ္ဖက္ဆာကို ၾကည့္ကာ ေနာင္တစ္ခ်ိန္တြင္ သူလည္းထိုမွ်ေလာက္ ျမင့္လာႏိုင္ပါေသးသည္ဟု ေျဖသိမ့္ေနေပမဲ့ သက္ျပင္းခိုးမခ်မိဘဲ မေနႏိုင္ေပ။ တကယ္ေတာ့ သူ႕လိုအပ္ခ်က္ေတြက မျမင့္မားေနပါေပ။ ျဖစ္ႏိုင္ရင္ သူ႕အရပ္က ၁.၈ ၁.၉ မီတာေလာက္ဆိုေတာ္ပါၿပီ။ ဘာပဲျဖစ္ျဖစ္ အခုလက္႐ွိအရပ္က အရမ္းနာက်င္စရာ ေကာင္းေနသည္။ "ကြၽန္ေတာ္က လူတိုင္းကို အမွီလိုက္ခ်င္လို႔ပါ။ ကြၽန္ေတာ့္ရဲ႕ အေျခခံက မေကာင္းေတာ့ အပင္စိုက္တာကိုေတာင္ စနစ္တက် မေလ့လာဖူးေသးဘူး။ ေနာက္ၿပီး ဆရာက စိုက္ပ်ိဳးေရးအတြက္ ေျမဆီလႊာျပဳျပင္တဲ့အပိုင္းကို ဦးေဆာင္ေနတယ္လို႔ ေျပာဖူးတယ္မဟုတ္ဘူးလား။ ကြၽန္ေတာ္႕အတြက္ ေျမဆီလႊာေဝစု ခြဲထားေပးတာ႐ွိရင္ လိုခ်င္ပါတယ္။"
ဝမ္က်ိဳးစုက ျပဳံးၿပီး "အင္း ေဝစုက ခြဲၿပီးသြားၿပီ။ ခ်ိဳးေပါင္က မင္းအတြက္ အေကာင္းဆုံး ေျမဆီလႊာကို အထူးေ႐ြးခ်ယ္ေပးခဲ့တာ။ အလႊာတိုင္းက အကုန္တူတူပဲဆိုေပမဲ့ သူမကေတာ့ အဲ့တစ္လႊာက မင္းအတြက္ အသင့္ေတာ္ဆုံးလို႔ ေျပာတယ္"
ခ်ီကြၽင္းကလည္း ျပဳံးၿပီး "စီနီယာအစ္မက ကြၽန္ေတာ္႕ကို အၿမဲဂ႐ုစိုက္ေပးပါတယ္။"
"လာေလ ငါမင္းကိုျပမယ္။"
အရင္က ျပန္လည္မြမ္းမံခဲ့တဲ့ သင္ၾကားေရး အေဆာက္အဦးကို သြားၿပီးေနာက္ အေထာက္အကူျပဳ ေလ့က်င့္ေရး အေဆာက္အဦကို သြားေရာက္ခဲ့သည္။ သူတို႔၏ စိုက္ပ်ိဳးေရး အေဆာက္အအုံသည္ စုစုေပါင္း ဆယ္ထပ္ ႐ွိသည္။ အထပ္တစ္ခုစီတြင္ တင္းနစ္ကြင္းအ႐ြယ္အစားခန္႔႐ွိေသာ အပင္ပ်ိဳးသည့္အခန္းႀကီးႏွစ္ခန္း႐ွိသည္။ အပင္ငယ္ေလးေတြကိုေတာ့ အမ်ားႀကီး စိုက္ပ်ိဳးလို႔ရေနၿပီ ျဖစ္သည္။ အလုပ္ေတြၿပီးစီးသြားသည့္ေနာက္ စိုက္ပ်ိဳးသူမ်ားမွ ခြဲေဝေပးေသာ ေျမဆီလႊာသည္ ေက်ာင္းသားမ်ား စမ္းသပ္ႏိုင္႐ုံ ပမာဏမွ်သာ ျဖစ္သည္။
ေနာက္ေျခာက္ႏွစ္အထိ သူအသုံးျပဳရမဲ့ စိုက္ပ်ိဳးေျမကြက္ကို ျမင္ေတာ့ ခ်ီကြၽင္းက အနည္းငယ္ စိတ္လႈပ္႐ွားေနသည္။ ထိုေနရာတြင္ သူအရင္ကမ႓ာမွ သိခဲ့ေသာအပင္မ်ားစြာကို "အသက္သြင္းႏိုင္မည္" ျဖစ္သည္။ အစားအစာပဲျဖစ္ျဖစ္ ေဆးဖက္ဝင္အပင္ေတြပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ တ႐ုတ္ျပည္သူျပည္သားေတြရဲ႕ သားရဲကမ႓ာႀကီးကို အက်ိဳးျပဳႏိုင္မယ္လို႔ သူယုံၾကည္သည္။ အနည္းဆုံးေတာ့ သူ႕ပါးစပ္ေလးအတြက္ ေကာင္းက်ိဳးရႏိုင္ပါေသးသည္။
ပေရာ္ဖက္ဆာ ဝမ္ ႏွင့္ အခ်ိန္အေတာ္ၾကာ စကားေျပာခဲ့ၿပီး အေျခခံအက်ဆုံး စိုက္ပ်ိဳးနည္းသင္တန္းကို မည္သည့္အခ်ိန္တြင္ စတင္မည္ကို ေမးျမန္းၿပီးေနာက္ ပါေမာကၡ ဝမ္ သည္ ခ်ီကြၽင္း အား အနားယူရန္ ေျပာခဲ့သည္။ သူ႕ေက်ာင္းသားမ်ားက အလြန္အာ႐ုံစိုက္ၿပီး သင္ယူလိုစိတ္ျပင္းျပေနသည့္အတြက္ အလြန္ေပ်ာ္ေသာ္လည္း သူတို႔ေလးေတြ၏ မိသားစုတစ္စုစီတြင္ တစ္ဦးတည္းသာ႐ွိေသာ သန္႔စင္လူသားေလးအတြက္ စိတ္မေကာင္းျဖစ္ေနဆဲျဖစ္သည္။
သင္ၾကားေရး အေဆာက္အဦးမွ ထြက္လာေသာအခါခ်ီကြၽင္းသည္ စီနီယာအစ္မခ်ိဳးေပါင္ ႏွင့္ ေတြ႕သည္။ အထြက္တံခါးနားက ခ်ီကြၽင္းကိုေတြ႕ေတာ့ ခ်ိဳးေပါင္က မေပ်ာ္ေတာ့ေပ။ သို႔ေသာ္ ခ်ီကြၽင္းကို အတန္းထဲကို ျပန္ဆြဲမေခၚခဲ့ေပမဲ့ အျပင္ထြက္တဲ့အခါ သတိထားဖို႔နဲ႔ တစ္ခုခုျဖစ္ခဲ့ရင္ သူမဆီ ဖုန္းေခၚဖို႔ တတြတ္တြတ္ ေျပာေနသည္။ ျပႆနာျဖစ္ၿပီး လမ္း႐ွာမေတြ႕ပါက သူမဆီ စာတိုေလးမဟုတ္ရင္ေတာင္ တစ္ခုခုကို ပို႔လိုက္ဖို႔ မွာေနသည္။ အတိုခ်ဳပ္ေျပာရလွ်င္ သူမသည္ မစိုးရိမ္သင့္သည့္အရာမ်ားကို စိုးရိမ္ေနသျဖင့္ ေဘးမွရပ္ၾကည့္ေနေသာ ပေရာ္ဖက္ဆာ ဝမ္က ရယ္ေမာၿပီး "မင္းက ေ႐ွာင္ကြၽင္းရဲ႕အေမနဲ႔ ပိုတူတယ္" ဟုေျပာလိုက္သည္။
ခ်ိဳးေပါင္သည္ ပေရာ္ဖက္ဆာ ဝမ္ ႏွင့္ အလြန္ရင္းႏွီးေသာေၾကာင့္ ျဖစ္ႏိုင္သည္။ သူမက မဆိုင္းမတြပင္ ျပန္ေျပာလိုက္သည္။ " ေ႐ွာင္ကြၽင္းကို ကြၽန္မရဲ႕ေမာင္ေလးလို႔ ျမင္တယ္။ အစ္မတစ္ေယာက္အေနနဲ႔ ေမာင္ေလးကို ျပဳစုရေစာင့္ေ႐ွာက္မွာေပါ့"
ဝမ္က်ိဳးစု က ပိုလို႔ေတာင္ ေအာ္ႀကီးဟစ္က်ယ္ ရယ္လိုက္ၿပီး " အိုး ဒါဆို မင္းမွာ ခ်ိဳး႐ႈနဲ႔ ဒီလိုအခ်ိန္ေကာင္းေလးေတြ ႐ွိခဲ့တယ္ဆိုတာ ငါ တကယ္မသိခဲ့ဘူးပဲ "
"ေ႐ွာင္ကြၽင္းက ျဖဳန္းတီးတတ္တဲ့သားထက္ ပိုေကာင္းတယ္။ သူတို႔ကို ဒီလိုမႏိႈင္းပါနဲ႔" စကားေျပာၿပီးေနာက္ သူမေခါင္းကိုလွည့္ကာ ခ်ီကြၽင္း ၏ပုခုံးကို ပုတ္လိုက္ၿပီး "သူေျပာတဲ့ အဓိပၸါယ္မ႐ွိတာေတြကို ေတြးမေနနဲ႔။ လိုက္သြားၿပီး လည္ပတ္လိုက္ဦး။ ရက္အနည္းငယ္ေလာက္ေတာ့ ေကာင္းေကာင္းအနားယူပါ၊ မင္းျပန္လာတဲ့အခါက်မွ မင္းတရားဝင္ကိစၥေတြကို လုပ္သင့္တယ္။ စိုက္ပ်ိဳးတာေတြနဲ႔ သင္ယူတာေတြကို ေရာေပါ့။ ဒီလအတြက္ ပါေမာကၡရဲ႕သင္႐ိုးကို မင္းရဲ႕ ေမးလ္ဆီ ပို႔ထားတယ္။ ညဘက္ အနားယူတဲ့အခါ တစ္ခ်က္ဝင္ၾကည့္လိုက္႐ုံပါပဲ။"
ဝမ္က်ိဳးစုကို ေခ်ာင္းၾကည့္ၿပီးေနာက္ "ဘာမွ မျဖစ္ပါဘူး" ဟု ေျပာကာ အျမန္ႏႈတ္ဆက္ၿပီး ထြက္သြားသည္။ သူတကယ္တိုက္ခိုက္ႏိုင္ရင္ေတာင္ ပါေမာကၡနဲ႔ စီနီယာအစ္မတို႔ၾကား စကားလုံးစစ္ပြဲမွာ မပါဝင္ခ်င္ေပ။
ပထမေန႔တြင္ ခ်ီကြၽင္းသည္ စူပါမားကတ္သို႔သြားၿပီး လမ္းေလွ်ာက္ျပန္လာခဲ့သည္။ ဖုန္းကိုဖြင့္ကာ အသားနဲ႔ ဟင္းသီးဟင္း႐ြက္ေတြရဲ႕ နာမည္ေတြအျပင္ ဟင္းခတ္အေမႊးအႀကိဳင္ေတြအျဖစ္ သုံးလို႔ရတဲ့ အမ်ိဳးမ်ိဳးေသာ အမည္ေတြ၊ကုန္က်စရိတ္ေတြ စသျဖင့္ မွတ္ထားလိုက္သည္။ တုန္ဖန္း႐ုန္ကို သူ႕အတြက္ ထမင္းဟင္းခ်က္ေပးမည္ဟု ကတိေပးထားေသာေၾကာင့္ သူသည္ ယခင္လို ေပါ့ေပါ့ပါးပါးမေနႏိုင္ေတာ့ဟု သူေတြးမိခဲ့သည္။ အသားျပားေတြကို ႀကိဳက္ႏွစ္သက္ၿပီး အသားကင္က အဓိကဟင္းလ်ာ ျဖစ္ေနေသးတယ္ဆိုရင္ေတာင္ သူက ေနာက္ထပ္ပုံစံတခ်ိဳ႕ကို စမ္းၾကည့္ခ်င္ပါေသးသည္။ အားလပ္ရက္ခုနစ္ရက္သည္ ေကာင္းမြန္ေသာ ကာလျဖစ္လာခဲ့သည္။ ထိုလူက ထြက္မသြားခင္မွာ သူ႕မွာ တာဝန္တစ္ခု႐ွိလို႔ ဒီခုနစ္ရက္လုံးလုံး ေက်ာင္းမျပန္ႏိုင္ဘူးလို႔ သူ႕ဆီ မက္ေဆ့ခ်္ပို႔လာခဲ့သည္။
ေနာက္ေန႔မနက္ေစာေစာမွာ ဟြမ္ေမာ့ သက္သာလာၿပီး ေ႐ွာင္က်စ္ႏွင့္အတူ ခ်ီကြၽင္းကို လာ႐ွာသည္။ မေန႔က ထမင္းမစားခဲ့တာေၾကာင့္ ဒီေန႔ ေဈးဝယ္ထြက္ၾကရန္ ျဖစ္သည္။ ထို႔ေၾကာင့္ ေလာ့႐ႊမ္းကိုဖုန္းဆက္ၿပီး ဂိမ္းထဲဝင္ဖို႔စဥ္းစားေနတဲ့ ခ်န္းယြင္နဲ႔ သြမ့္ခ်န္းဟြားတို႔ကိုပါ ဆြဲေခၚလာၾကၿပီး ေျခာက္ေယာက္သား အတူတူ ေက်ာင္းထဲမွ ထြက္လာၾကသည္။
ေ႐ွာင္က်စ္သည္ အလြန္ထက္ျမက္ေသာ လမ္းျပတစ္ဦးျဖစ္သည္။ သူသည္ ထိုလူတစ္စုကို ေတာ္ဝင္ၿမိဳ႕ေတာ္႐ွိ အေက်ာ္ၾကားဆုံး အေဆာက္အအုံမ်ားဆီ ေခၚေဆာင္သြားခဲ့သည္။ ယေန႔ေခတ္တြင္ ေဘးကင္းဇုန္႐ွိၿမိဳ႕၌ အေဆာက္အအုံမ်ားကိုသာ ျမင္ေတြ႕ႏိုင္သည္။ ပန္းမ်ားႏွင့္ သစ္ပင္မ်ားအားလုံးမွာ အစစ္ႏွင့္တူသည္။ ၎တို႔သည္ တကယ့္အစစ္မ်ားကဲ့သို႔ပင္ ေလထဲမွာ ယိမ္းႏြဲ႕ေနၿပီး ရနံ႔ေတြေတာင္ ထုတ္လႊတ္ေနေပမဲ့ ခ်ီကြၽင္းအတြက္ကေတာ့ ထိုသို႔ခံစားခ်က္မ်ိဳးက မႀကိဳက္ေပ။ တစ္ၿမိဳ႕လုံးက အထပ္ျမင့္အေဆာက္အအုံေတြနဲ႔ ျပည့္ေနကာ ေျမအစစ္လည္းမ႐ွိသလို အျပင္မွာေပါက္တတ္တဲ့ ျမက္အစစ္ေတြလည္း မ႐ွိေပ။ ဤသည္မွာ သေႏၶေျပာင္းလူသားမ်ား မခံစားႏိုင္သည့္ ခံစားခ်က္တစ္မ်ိဳးသာျဖစ္သည္။
႐ုပ္႐ွင္႐ုံမွထြက္လာၿပီးေနာက္ ေလာ့႐ႊမ္းသည္ ခ်ီကြၽင္း၏စိတ္ပင္ပန္းမႈကို ေသခ်ာခံစားလိုက္ရသည္။ "အရမ္းပင္ပန္းေနတာလား"
ခ်ီကြၽင္းက သူ႕ေခါင္းကို ခါယမ္းၿပီး "မဟုတ္ပါဘူး၊ ႐ုပ္႐ွင္ထဲမွာ ေယာက်္ားျဖစ္သူကို စေတးခဲ့ရတဲ့ မိန္းမက အရမ္းသနားစရာေကာင္းတယ္လို႔ ငါခံစားေနရလို႔ပါ" သူ႕အရင္ဘဝက ႐ိုမန္႔တစ္ဇာတ္ကားမ်ားကဲ့သို႔ေသာ ႐ုပ္႐ွင္မ်ိဳးကို တကယ္ စိတ္မဝင္စားခဲ့ေပ။ ဒါေပမဲ့ ၾကည့္လိုက္ပါက ရင္ထဲမွာ တစ္ခုခုကို ခံစားရေစလိမ့္မည္။ ဤ႐ုံတင္ဇာတ္ကားသာ အလြန္အားေကာင္းတဲ့ သေႏၶေျပာင္းလူသားစစ္သည္ေတာ္ႏွင့္ အျပန္အလွန္ ခ်စ္ႀကိဳက္မိေသာ သာမန္အမ်ိဳးသမီးတစ္ဦးအေၾကာင္း ႐ိုက္ကူးထားတာျဖစ္သည္။ ဤသည္က ဇာတ္ကား အစပဲ႐ွိေသးသည္။ ႏိုင္ငံမ်ား ျပန္လည္စုစည္းၿပီးေသာအခါ ဖ်က္ဆီးႏိုင္စြမ္းျမင့္ေသာ သားရဲႀကီး ေပၚလာခဲ့ၿပီး အားေကာင္းေသာ သေႏၶေျပာင္းအမ်ိဳးသားသည္ ေ႐ွ႕တန္းမွ တိုက္ခိုက္ေရးသမား ျဖစ္လာခဲ့သည္။ ကိုယ္ဝန္႐ွိေနၿပီဆိုတာ သိလိုက္ရတဲ့ အမ်ိဳးသမီးဟာ အိမ္မွာေနရင္း ခင္ပြန္းျဖစ္သူရဲ႕ လုံျခဳံေရးအတြက္ ဆုေတာင္းေပးရင္းသာ စိတ္ပူပန္ေနရသည္။ ေနာက္ဆုံးတြင္ မ်ိဳးေျပာင္းသားရဲႀကီးကို တြန္းလွန္ႏိုင္ခဲ့ေသာ္လည္း ဇာတ္လိုက္သည္အသက္ဆုံး႐ႈံးခဲ့သည္။
ဤဇာတ္ကားရဲ႕ ဇာတ္ကြက္မွာ အရင္ကမ႓ာကအတိုင္းသာ ျဖစ္သည္။ ဒါေပမဲ့ လူေတြကိုေတာ့ မ်က္ရည္က်ေစႏိုင္သည္။ ဇာတ္ကားက သေႏၶေျပာင္းလူသားကေလးငယ္ကို ဆရာဝန္က ခ်ီထားရင္းျဖင့္ အဆုံးသတ္သြားသည္။ ကေလးငယ္၏ ေအာ္ဟစ္သံအဆုံးတြင္ ပါဝင္သူမ်ားအေၾကာင္း စာတန္း႐ွည္က ဖန္သားျပင္ေပၚတြင္ ေပၚလာသည္။ ထိုသို႔ေသာဇာတ္သိမ္းသည္ အနာဂတ္မ်ားစြာကို ရည္ၫႊန္းႏိုင္ေသာ္လည္း ခ်ီကြၽင္းသည္ အလြန္စိတ္မသက္မသာ ခံစားရလာသည္။ ရင္ဘတ္တြင္ တင္းက်ပ္လာသည္။ ႐ုပ္႐ွင္ေၾကာင့္မဟုတ္ဘဲ ဤကမ႓ာႏွင့္မသက္ဆိုင္ေသာ သူ၏အရင္ကမ႓ာမွ ဆိုးဝါးလြန္းသည့္ အမွတ္တရေၾကာင့္ ဤကဲ့သို႔ျဖစ္ေနေၾကာင္း သူသိသည္။ သို႔ေသာ္ ေနာင္တြင္ သူသည္ ဤကမ႓ာ၌ လက္တြဲေဖာ္ အမွန္တကယ္ ႐ွာေတြ႕ကာ လက္ထပ္လိုက္ၿပီးခ်ိန္ သို႔မဟုတ္ ကေလးရၿပီးခ်ိန္တြင္ သူ႕လက္တြဲေဖာ္သည္ အေဝးကို ႐ုတ္တရက္ ထြက္သြားပါက မည္သို႔ခံစားရမည္ကို ေတြးၾကည့္႐ုံနဲ႔တင္ မခံစားႏိုင္ေတာ့ေၾကာင္း ဝန္ခံပါသည္။ တုန္ဖန္း႐ုန္၏ မ်က္ႏွာသည္ စိတ္ထဲတြင္ တဖ်ပ္ဖ်ပ္ႏွင့္ ေပၚလာကာ သူခဏတာ ထိတ္လန္႔သြားမိေသာ္လည္း ေခါင္းကို ညင္သာစြာ ခါလိုက္ၿပီး မသင့္ေလ်ာ္ေသာ အေတြးတို႔ကို ေမာင္းထုတ္ပစ္လိုက္သည္။
ခ်ီကြၽင္းက ဇာတ္ကားရဲ႕ ဇာတ္ကြက္ေၾကာင့္ ခံစားေနရတယ္လို႔ လူတိုင္းက ထင္ေနၾကသည္။ ဤေခတ္တြင္ သန္႔စင္ေသာလူသားေတြဟာ အၿမဲတမ္း အားနည္းတဲ့ အမ်ိဳးအစားေတြျဖစ္ၿပီး ပုံမွန္အားျဖင့္ ျပႆနာမ႐ွိေပ။ ႐ုပ္႐ွင္႐ုံထဲက ထြက္လာတဲ့ လူေတြကို ၾကည့္လိုက္ေတာ့ တခ်ိဳ႕က ငိုေနၾကၿပီး သူတို႔ရဲ႕ ေ႐ွာင္ကြၽင္းက မ်က္ႏွာမေကာင္းေပ။ ဘာမ်ားျဖစ္ၾကတာပါလိမ့္။
ဟြမ္ေမာ့က စားေသာက္ဖို႔ ေဈးသက္သာတဲ့ သေရစာဆိုင္ကို ႐ွာဖို႔ အဆိုျပဳခဲ့သည္။ ဤကမ႓ာမွာ စားေသာက္ဆိုင္ေတြ႐ွိေပမဲ့ ၿမိဳ႕ငယ္ေလးေတြမွာေတာ့ ႐ွားပါသည္။ ေတာ္ဝင္ၿမိဳ႕ေတာ္ရဲ႕ ေနရာတိုင္းမွာသာ အလြယ္တကူ ျမင္ေတြ႕ႏိုင္သည္။ မည္သို႔ပင္ျဖစ္ေစ အစားအေသာက္အရသာ ကြာျခားမႈကေတာ့ သိပ္မ႐ွိေပ။ အရသာထူးကဲတာကို ႀကိဳက္တဲ့သူေတြက စားေသာက္ဆိုင္ႀကီးဆီသြားၾကေပမဲ့ ဤေက်ာင္းသားေတြကေတာ့ သေရစာဆိုင္တြင္သာ ဗိုက္ျဖည့္ႏိုင္သည္။ လူတိုင္းက ခ်ီကြၽင္းလုပ္ထားတဲ့ အသားျပားေတြကိုသာ စားခ်င္ၾကသည္။ အမွန္တိုင္း ဝန္ခံရရင္ သူတို႔ ခ်ီကြၽင္း၏ အသားျပားကိုသာ စားခ်င္သည္။
အျပင္တြင္စားၾကသည့္အခါ ခ်ီကြၽင္းတြင္ မည္သည့္အစားအစာကိုမဆို နည္းနည္းေလးပဲ စားတတ္သည့္ အက်င့္႐ွိသည္။ အရသာမေကာင္း႐ုံသားမက ေဈးလည္းႀကီးတာေၾကာင့္ ျဖစ္သည္။ သူ႕ရဲ႕အရင္ကမ႓ာမွာ အရမ္း "ေခြၽတာ"ခဲ့သည္။ ဒီကမ႓ာမွာေတာ့ အလုပ္ကေနရတဲ့ ၀င္ေငြမတည္ၿငိမ္ေသးသည့္အျပင္ ေက်ာင္းတက္ရန္ ပိုက္ဆံလိုေသးသည္။ ထို႔ေၾကာင့္ ပို၍ေခြၽတာရန္လည္း လိုအပ္သည္ဟု သူယုံၾကည္သည္။
သို႔ေသာ္ တျခားသူေတြရဲ႕အျမင္မွာေတာ့ နည္းနည္းေလးစားတာက အံ့ၾသစရာ ျဖစ္ေနသည္။ စစ္အေျခစိုက္စခန္းမွာ သူတို႔လည္း ခ်ီကြၽင္းနဲ႔အတူစားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က သူ စားသည့္ပမာဏမွာ ယခုေလာက္မနည္းေပ။
ေ႐ွာင္က်စ္က ခ်ီကြၽင္း ရဲ႕ ပန္းကန္ထဲကို အသားကင္တစ္ပိုင္းထည့္ေပးလိုက္ၿပီ "မင္းဘာလို႔ဒီေလာက္နည္းနည္းေလးပဲစားတာလဲ။ မင္းပုံမွန္စားေနက်ရဲ႕ တစ္ဝက္ေတာင္မ႐ွိဘူး။ အဲဒီ႐ုပ္႐ွင္ေတြ အကုန္လုံးက စိတ္ကူးယဥ္ဖန္တီးထားတာပါ။ မင္းဘာျဖစ္ေနတာလဲ"
ခ်ီကြၽင္းက ျပဳံးၿပီး "ဘာလို႔အဲ့လိုေတြးေနတာလဲ၊ ငါကိုက အမ်ားႀကီး မစားႏိုင္တာပါ။ စစ္တပ္ထဲမွာတုန္က ႐ုပ္ပိုင္းဆိုင္ရာအားအင္ေတြ အမ်ားႀကီးလိုအပ္လို႔ ငါ အမ်ားႀကီးစားခဲ့ရတာ။ မယုံရင္ ခ်န္းဟြားနဲ႔ ေ႐ွာင္ယြင္ကို ေမးၾကည့္ပါလား။ ငါက ဒီေလာက္ပဲ စားတာ။" ဟုေျပာလိုက္သည္။
ခ်န္းယြင္က ေခါင္းညိတ္ျပၿပီး "ဟုတ္တယ္။ ေ႐ွာင္ကြၽင္းက ငါ့ထက္အစားနည္းတယ္။ ခ်န္းဟြားထက္ေတာင္ ပိုနည္းေသးတယ္၊ အဲ့ဒါေၾကာင့္ သူက အရမ္းပိန္တာေပါ့။ ဒါေပမဲ့ မစားဘဲနဲ႔ ဘယ္လိုေနႏိုင္တာလဲ။ ငါဆို ခဏခဏ ဗိုက္ဆာေနတာ။"
"ဖူး" တျခားလူေတြအားလုံးက ရယ္လိုက္ၾကသည္။ ဒီေကာင္ေလးက အရမ္းခ်စ္စရာေကာင္းသည္။ အထူးသျဖင့္ လႈပ္ေနတဲ့ ယုန္နား႐ြက္တစ္စုံသည္ အလြန္စိတ္ဝင္စားစရာေကာင္းသည္။ သြမ့္ခ်န္းဟြားက မေနႏိုင္ေတာ့ဘဲ လွမ္းကိုင္လိုက္ကာ "အမ်ားႀကီးမစားပါနဲ႔၊ ခဏခဏ ေဈးသြားရတာ အဆင္မေျပဘူး"
ခ်န္းယြင္က မ်က္ေမွာင္ၾကဳတ္ၿပီး "အိုး..ဒါဆို ညဘက္မွ ထပ္စားရေအာင္"
ခ်န္းယြင္ကို သူတို႔ေတြက ေနာက္ေျပာင္ေနခ်ိန္မွာ ခ်ီကြၽင္းက သူ႕မ်က္လုံးေတြကို ေမာ့ၾကည့္လိုက္မိခ်ိန္တြင္ သေရစာဆိုင္ရဲ႕ ဒုတိယထပ္က ဆင္းလာတဲ့ လူသုံးေယာက္ကို ေတြ႕လိုက္ရသည္။ သူတို႔ သုံးေယာက္ဟာ အသက္ ဆယ့္ငါးႏွစ္ ဆယ့္ေျခာက္ႏွစ္ေလာက္ အ႐ြယ္သာ ႐ွိၾကၿပီး ခႏၶာကိုယ္ေပၚတြင္ သားရဲပုံစံ တစ္မ်ိဳးမွ ႐ွိမေနသျဖင့္ သူတို႔ရဲ႕ ခႏၶာကိုယ္ကို ၾကည့္ျခင္းအားျဖင့္ သူတို႔ဟာ သန္မာတဲ့ သေႏၶေျပာင္းသားရဲဟုတ္မဟုတ္ မေျပာႏိုင္ေပ။ လက္ဝဲဘက္ျခမ္းမွ လမ္းေလွ်ာက္လာသူမွာ သူတို႔အိမ္ရဲ႕ တတိယေျမာက္သား ခ်ီက်န္းျဖစ္သည္။ ထိုအခ်ိန္တြင္ ခ်ီက်န္းသည္လည္း ခ်ီကြၽင္းကို ျမင္လိုက္ရသျဖင့္ ႐ြံ႐ွာေသာ အမူအရာျဖင့္ ေခါင္းကို အျမန္လွည့္လိုက္သည္။