အပိုင်း(၃၂) ( အစစ်မှန်ဆုံး)

2.1K 357 1
                                    

Unicode

            စွပ်ပြုတ်အိုးထဲသို့ ဝက်သားပြားကြော်များ ထည့်ထားလိုက်သည်။ တုန်ဖန်းရုန်က နုတ်နုတ်စဉ်းထားသောအသားများထက် ဝါးလို့ကောင်းသော အသားပြားကြော်ကို ပိုသဘောကျနေကြောင်း တွေ့လိုက်ရသဖြင့် ချီကျွင်းသည် အိုးအသေးလေးနှင့် အသားပြားများထပ်ကြော်နေလိုက်သည်။ ထိုအသားများနှင့်အတူ ပဲစေ့အနံ့သင်းသင်းလေးရသည့် အလယ်လတ်အဆင့်စိုက်ပျိုးထုတ်ကုန်တစ်မျိုးကိုပါ ရောကြော်လိုက်သည်။ သူမြည်းကြည့်လိုက်သောအခါ ထိုအပင်လေးသည် ကြွပ်ဆတ်ဆတ်ဖြစ်နေပြီး အရသာတော့မရှိပေ။ သို့သော် ပဲပင်ပေါက်နှင့် အတော်ဆင်တူသည်။ ပဲဖြူနှင့်ဆင်တူသော်လည်း အထဲတွင် အစေ့ရှိမနေပေ။

        ငှက်သားများသည်  အရသာသိပ်မရှိသော်လည်း ချက်ရလွယ်သည်။ ချီကျွင်းက နှမ်းဆီအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အချို့ကို ဇလုံထဲလောင်းထည့်လိုက်ပြီး ဒီတစ်ခေါက်တွင်လည်း တုန်ဖန်းရုန်က ချက်ချင်းရိပ်မိသွားမယ်ဆိုတာ သူသဘောပေါက်ပါသည်။ ထင်သည့်အတိုင်းပင် တစ်ဖက်လူသည် ချက်ချင်းသတိထားမိသွားသော်လည်း ယခုအခေါက်တွင်မူ ဘာမှမမေးတော့ပေ။ ထိုသူ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ချထားသည့် အရိပ်အယောင်များပေါ်နေပြီး သူ့၏လက်သီးကိုပင် ခပ်ယောင်ယောင်ဆုပ်ထားသည်။

        တစ်ဖက်လူက ဘာတွေနေလဲ စဉ်းစားပြီးနောက် ချီကျွင်းပြုံးလိုက်မိသည်။ အစိမ်းရောင်ဖန်းပင်အသုပ်ကိုပါ ထပ်သုပ်လိုက်သည်။ ပါဝင်ပစ္စည်းများကိုမူ သားရဲကမ္ဘာမှပစ္စည်းများကိုသာ သုံးထားသော်လည်း အရွက်ကိုမူ ကျောက်တုံးကမ္ဘာလေးထဲက ယူသုံးလိုက်သည်။ အပြင်တွင်ရောင်းချသည့်အရွက်များမှာ ယခုထက်ပိုကြီးပြီး ချဉ်တင်တင်အရသာနှင့် အသီးသကဲ့သို့ ရနံ့ရှိသောကြောင့် စျေးကြီးသည်။

        ချီကျွင်းသည် ညစာစားပြီးနောက် အလွန်စိတ်တိုင်းကျနေမိသည်။ တုန်ဖန်းရုန်၏လက်သီးဆုပ်အရွယ်ခန့်ရှိသော မန်ထုံသီးလေးလုံးလောက် စားခဲ့သည့်အပြင် ဝက်သားကြော်များထည့်ထားသည့် စွပ်ပြုတ်တစ်ဇလုံကိုပါ သောက်ထားသေးသည်။ အသားပြားများသည် အစပိုင်းတွင် ကြွပ်ရွနေကာ စွပ်ပြုတ်ထဲထည့်လိုက်ပြီးနောက် စွပ်ပြုတ်၏အရသာများကိုပါ စုပ်ယူလိုက်သဖြင့် တစ်ကိုက်ခြင်းစီအတွက် စိတ်ချမ်းသာစရာပင်။ သူသည်စွပ်ပြုတ်နှင့် အသားကြော်များသာမက တိလုသားရဲ၏အသားကို နုတ်နုတ်စဉ်းထားသောဝက်သားနှင့် ရောကြော်ထားသည် ဟင်းလျာကိုလည်း စားပြီး တစ်ဝက်ကိုမူ တုန်ဖန်းရုန်အတွက် ချန်ထားလိုက်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now