အပိုင်း(၈၆) (ပင်လယ်မိစ္ဆာ)

726 123 2
                                    

unicode

ပင်လယ်ရေဖြင့်လုပ်ထားသော ဤတို့ဖူးသည် သူအရင်ဘဝ၌ စားဖူးခဲ့သည်များနှင့် လုံးဝကွာခြားလှသည်။ အဓိကအားဖြင့် ပျော့အိအိလေးဖြစ်နေပြီး ပါးစပ်ထဲထည့်လိုက်ရုံနဲ့တင် အရည်ပျော်သွားတော့မည်အထိ နူးညံ့လွန်းနေသောကြောင့်ပင်။ တို့ဖူးက နူးညံ့လွန်းသောကြောင့် ကြော်လိုက်ပါက ကြေမွသွားမည်မှာ ကျိန်းသေပေါက်ပင်။

ထို့နောက် တို့ဖူးကို ကုဗတုံးပုံစံလေးလှီး၍ ဆီထဲထည့်ပြီး ကြော်လိုက်သောအခါ ပုံစံလေးက အဆင်ပြေပြေထွက်လာခဲ့သည်။ အပြင်ဘက်က ကြွပ်ရွနေပြီး အထဲဘက်က နူးညံ့နေပုံမှာ အရင်ကကြော်ခဲ့ဖူးသည့် ရွှေအိုရောင်အကြော်များထက်ပင် ပို၍ကောင်းမွန်နေပါသေးသည်။ ထို့ပြင် အရသာဖြည့်စွက်ရန် မည်သည့်ဟင်းခတ်ပစ္စည်းမှ မလိုအပ်ခဲ့ပေ။ တုန်ဖမ်းရုန်ကမူ ဤတို့ဖူးကြော်အား အလွန်ကြိုက်နှစ်သက်သည်ဟု ပြောလာခဲ့ပြီးနောက် ဒြပ်စင်များမပါရှိသော ဤစားစရာကို ပြန်လည်ဖော်ထုတ်မည့်အရာများထဲတွင် ထည့်သွင်းနိုင်ရန် စတင်တွေးတောတော့သည်။

ချီကျွင်းက "ပဲပိစပ်တွေက စာရင်းထဲမှာပါတယ်။ ပါမောက္ခတွေပြောတာကတော့ သူ့ထဲမှာ အားပြင်းတဲ့ဆေးဝါးတွေကို ဖော်စပ်နိုင်တဲ့အထိ ကောင်းမွန်တဲ့ဆေးဖက်ဝင်ဓာတ်သတ္ထုတွေ အများကြီးပါတယ်တဲ့။ ပြီးတော့ အလှကုန်တွေနဲ့ အသားအရေထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကို ထုတ်တဲ့နေရာမှာလဲ သုံးလို့ရတယ်လို့ပြောတယ်။ ဒါ့ကြောင့် အသုံးချလို့ရတဲ့နယ်ပယ်က အရမ်းကျယ်တယ်။ မင်းသာ ပင်လယ်ရေကို ပုံမှန်ယူပေးမယ်ဆိုရင် ငါလဲ ပါမောက္ခတွေကို ဒီအပင်တွေစိုက်ဖို့ နားချရမှာပေါ့။ အဲ့လိုသာဖြစ်ခဲ့ရင် ငါတို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေက အရသာကို အရင်ဆုံးမြည်းကြည့်နိုင်မှာပေါ့"

"ကိုယ်တို့ပြန်ရောက်တဲ့အခါ ယန်ရှီးမြို့ကိုသွားပြီး စိုက်ခင်းထဲက အပင်တွေကို သွားကြည့်ကြရအောင်။ ဟန်မိသားစုနဲ့ ညှိလိုက်တော့ စျေးကိုနှစ်ရာခိုင်နှုန်းအထိ လျော့ပေးတယ်။ အဲ့လောက်ကလဲ အတော်တော့သက်သာပါတယ်။ " တို့ဖူးကြော်တစ်တုံးအား အမြန်ကောက်ဝါးလိုက်သော်လဲ အရသာကို သေချာမခံစားရသဖြင့် ကြက်သွန်ဖြူဆော့စ်ထည့်ထားသောအိုးထဲသို့ တို့ဖူးတစ်တုံးကို နှစ်ထည့်လိုက်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now