အပိုင်း (၆၃) (စေ့စပ်ပွဲအတွက်မီနူး)

1.4K 255 1
                                    

unicode

စိုက်ခင်းများအကြောင်းနှင့် ပက်သတ်လာပါက ယိုအိုက်သည် အကျွမ်းကျင်ဆုံးပင်။ ကျန်းမာရေးအခြေအနေနှင့် တုန်ဖန်းမိသားစုဝင် ဖြစ်လာခဲ့ခြင်းတို့ကြောင့် သူမသည် အပြင်ထွက်၍ အလုပ်မလုပ်ရတော့သဖြင့် အပင်စိုက်ခြင်းကိုသာ နှစ်ရှည်လများ အာရုံစိုက်ပြီး အပန်းဖြေခဲ့ရသည်။ ယခုအခါ သူမ၏သားဖြစ်သူသည် ရှောင်ကျွင်း ပျိုးထောင်ထားသည့် ပြန်လည်ရှင်သန်လာသော ရှေးဆေးဖက်ဝင်အပင်များကို စိုက်ပျိုးရန် စိုက်ခင်းကျယ်ကြီးအား ဝယ်ယူလိုနေပြီး စိုက်မည့်အပင်များကလည်း အရသာရှိသော သီးပင်စားပင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူမအလွန်ပျော်နေမိသည်။ ယခုအခါ နေ့တိုင်း သူမလုပ်နေကြဖြစ်သည့် အိမ်ခြံဝန်းထဲတွင် လိုက်သွားလာနေခြင်းထက် လုပ်စရာပိုများလာပြီ ဖြစ်သည်။

တုန်ဖန်းချီကလည်း ထိုကိစ္စကို သဘောတူခဲ့သည်။ စစ်ဖက်ရေးရာနှင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် အသက်ကန့်သတ်ချက်ရှိပြီး အသက်သုံးရာသည် အမြင့်ဆုံးကန့်သတ်ချက်ဖြစ်သည်။ တုန်ဖန်းချွမ်း၏ ခေတ်သည်လည်း တဖြည်းဖြည်းကုန်လာခဲ့သလို သူ၏လက်ထောက်ညွှန်ကြားရေးမှူးရာထူးသည်လည်း ချွင်းချက်မရှိပေ။ သူသည်လည်း အနာဂတ်တွင် အနားယူနိုင်ရန် ပြင်ဆင်ရပေလိမ့်မည်။ ထို့ကြောင့် သူ့သား၏စိတ်ကူးကို အပြည့်အဝ ထောက်ခံပေးခဲ့သည်။ အခြေခံအချက်များကို ပိုင်နိုင်ခြင်းက အာဏာတည်မြဲမှုအတွက် အခြေခံအကျဆုံးပင်။ " ဒါက ငါတို့မိသားစုအတွက် ကိစ္စကြီးတစ်ခုပဲ။ အလျင်စလိုလုပ်လို့ မဖြစ်ဘူး။ စိုက်ခင်းအကျယ်အဝန်းနဲ့ လျှောက်လွှာတင်ရမဲ့ကိစ္စတွေက ရှုပ်ထွေးတယ်။ မင်းတို့နှစ်ယောက်က ကျောင်းသားတွေဆိုတော့ လျှောက်လွှာတင်ရမယ်ဆို ငါကပဲ ပိုအဆင်ပြေတယ်။ ရှောင်ကျွင်းက ပါမောက္ခသုံးယောက်ကို ဒီအကြောင်း အရင်ပြောပြသင့်တယ်။ သူတို့က မင်းကို မျက်နှာသာပေးလိမ့်မယ်လို့ ငါထင်တယ်"

ချီကျွင်းက ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်ကဲ့ ကျွန်တော် မနက်ဖြန်ကျရင် ပါမောက္ခတွေနဲ့ ဆွေးနွေးလိုက်ပါ့မယ်"

တုန်ဖန်းချီက သူ့သားကို ကြည့်လိုက်ပြီး "ရှောင်ရုန် ဒီကိစ္စကို မင်းအဘိုးနဲ့ သေချာတိုင်ပင်ပါ။ အိမ်တော်က ကူညီမယ်လို့ ပြောကတည်းက အကျိုးရှိမဲ့ကိစ္စမို့ပဲ။ ဒါပေမဲ့ မင်းအဘိုးကို အဲ့လိုတိုးတိုးတိတ်တိတ် မလုပ်ဖို့အကြောင်း ပြောဖို့လဲ မမေ့ပါနဲ့။ မင်းရဲ့ဘကြီးနဲ့ ဝမ်းကွဲတွေကို ဝင်စွက်ဖက်ပါစေ။ ဒုတိယလေးက ဝင်ရှုပ်မယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ သူကငါတို့ထက် ပတ်ပတ်နှပ်နှပ်ရှိတော့ သု့အကူအညီရရင် ပိုအဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ အတင်းအကျပ်တော့ သွားမလုပ်နဲ့။ သူ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now