အပိုင်း(၃၁) (ကိုယ်တို့ရဲ့စိတ်ကူး)

2.2K 365 3
                                    

Unicode

မာရှုအနည်းငယ်ထည့်လိုက်ပြီးနောက် စွပ်ပြုတ်၏ရနံ့မှာ ချက်ချင်းပြောင်းလဲသွားသည်။ နောက်တစ်ကြိမ် ပွက်ပွက်ဆူလာသောအခါ ချီကျွင်းက အနည်းငယ်ခပ်မြည်းကြည့်လိုက်သည်။ ထို့နောက် ရေနွေးဇလုံလိုက်ကြီးကို ထပ်ရောထည့်ပြီး ပြန်မြည်း
ကြည့် လိုက်ပြန်သော်လည်း တစ်ခုခုလွဲနေသေးပြန်သည်။ အကယ်၍ သူ့တွင်စမုန်နက်၊သစ်ကြံပိုးနှင့် ငရုတ်ကောင်းတို့သာ ရှိပါက အရသာပိုကောင်းလိမ့်မည်ထင်သည်။ တိရစ္ဆာန်သားရဲတို့၏အသားသည် သာမန်အသားများကဲ့သို့ သိပ်မကောင်းမွန်ကြောင်းကိုတော့ လက်ခံရပေလိမ့်မည်။ ထို့ပြင် အညှီနံ့ကလည်း ပြင်းထန်လွန်းလှသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေကိုသာ ကျေနပ်လိုက်မှကိုရပေမည်။ " မင်းထပ်မြည်းကြည့်ချင်လား"

        "အင်း မြည်းကြည့်တာပေါ့ " တုန်ဖန်းရုန်က ပါးစပ်ဟလိုက်သော်လည်း လက်က ဇွန်းဆီရောက်လာမည့်ပုံ မပေါ်ပေ။

       ချီကျွင်း၏ နှုတ်ခမ်းထောင့်လေးက တွန့်သွားပြီး "ငါက အရမ်းအပျင်းထူတာ" ဟုပြောပြီးနောက် စွပ်ပြုတ်ကို ဇွန်းအပြည့်ခပ်လိုက်ကာ ပါးစပ်နားတွင်တေ့၍ လေဖြင့်မှုတ်ပေးလိုက်ပြီးနောက် ကမ်းပေးလိုက်သည်။ "ငါက အရပ်သိပ်မမြင့်ဘူးလေ။ အဲ့တော့ ခွံကျွေးဖို့က ငါ့အတွက် အခက်အခဲရှိတာပေါ့။ မင်းသိမှာပါ "

    ဗိုလ်ချုပ်ကြီးက ချက်ချင်းပင်ဒူးကိုကွေးချလိုက်ပြီး ဇွန်းကိုလှမ်းမယူဘဲ ပါးစပ်ဟပြီးသာ လှမ်းသောက်လိုက်သည်။

" ရှောင်ကျွင်းကတော့ အံ့သြစရာကောင်းနေတုန်းပါပဲသိလား "

        တုန်ဖန်းရုန်၏ကိုယ်နေဟန်ထားကြည့်ပြီး ရှောင်ကျွင်း လန့်သွားသည်။ ဒီလူက တော့ အတော်ဉာဏ်နီဉာဏ်နက်များတာပဲ။ ဒီလိုပုံစံ ခြေထောက်ကိုကွေးပြီးနေလိုက်တဲ့ပုံအရဆိုရင်တော့ လှည့်စားတတ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ ဆရာကြီးအနေအထားပဲ မဟုတ်လား။ ချီကျွင်းက မဲ့ပြုံးပြုံးလိုက်ပြီး "မင်းသောက်ထားနှင့်ဖို့ တစ်ပန်းကန်အရင်ပေးထားမယ် ဟုတ်ပြီလား"

        ထိုအခါ တုန်ဖန်းရုန်က ချက်ချင်းငြင်းလိုက်ပြီး"ကိုယ်တို့အတူစားကြတာပေါ့။ အခုတော့ ဘေးနားကရပ်ကြည့်ပြီး ဘယ်လိုချက်ရလဲ သင်ထားမလို့။ နောက်ကျရင် မင်းကိုပဲ အပင်ပန်းခံပြီး မချက်ခိုင်းနိုင်ပါဘူး "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now