အပိုင်း(၉၄) (အပိုဆု)

589 104 0
                                    

UNICODE

အစပိုင်းတွင်မူ ဘောလုံးလေးက သူနှင့်ကစားနေသည်ဟု ချီကျွင်းထင်နေမိသည်။ သူ့မျက်နှာပေါ်မှ ရေများကို သုတ်လိုက်ပြီးနောက် ပြန်ကြည့်လိုက်ချိန်တွင် သူ၏ဝံပုလွေကြီးပေါ်ကိုပါ ရေတွေဖြန်းနေသည်ကို တွေ့လိုက်ရသည်။ အခြားတိရစ္ဆာန်များကဲ့သို့ သူထိန်းချုပ်နိုင်မည်ဟု တွက်ဆလိုက်ပြီး ဘောလုံးလေးကို ပုတ်ကြည့်လိုက်သေးသည်။ သို့သော်ငြား မာရုခိုသည် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး မြေကြီးပေါ်တွင် လူးလိမ့်နေရင်းနှင့်ပင် ရေများကို ပန်းထုတ်နေသည်။ ထိုကြောက်မက်ဖွယ်မြင်ကွင်းက ချီကျွင်းအား ထိတ်လန့်သွားစေသည်။ "ရုန် ဘောလုံးလေးက စိတ်လွတ်သွားတာလား"

တုန်ဖန်းရုန်က ချီကျွင်းအား အောက်ချပေးလိုက်ပြီးနောက် လူပုံစံကို ပြန်ပြောင်းလိုက်သည်။ "ဒီနေရာမှာ စွမ်းအားတွေက အရမ်းသိပ်သည်းလွန်းတယ်။ ကိုယ်တောင်မှ လွှမ်းမိုးခံလိုက်ရတာ သူဆိုရင်တော့ ပြောမနေနဲ့တော့။ အဲ့အကောင်လေးက ဒီနေရာကိုရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ။ လာပါ မြန်မြန်ပြန်ကြမယ်။ အိမ်ကိုပြန်ရောက်ရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ"

ဘောလုံးလေးက စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ဆယ်မိနစ်အကြာလောက်အထိ ရေများပန်းထုတ်နေဆဲပင်။ ဖောင်းတင်းနေသော ဗိုက်လုံးလုံးလေးကပင် ဖက်ထုပ်ပျော့လေးလို ဖြစ်လာသည်။ ချီကျွင်းခမျာ ထိတ်လန့်သွားရသည်။ "သူ့ဗိုက်ထဲက ရှိသမျှအကုန် ထွေးထုတ်လိုက်တာလား"

" ရေသားရဲတွေ ကျန်းမာနေတဲ့အချိန်မှာဆို ခန္ဓာကိုယ်ထဲက ဖိအားကိုခံနိုင်ရည်ရှိတဲ့လေအိတ်တွေက ကောင်းကောင်းအလုပ်လုပ်တယ်။ ဒါပေမဲ့ မသက်မသာခံစားနေရတာတို့ အလွန်အကျွံ စားသုံးမိတာတို့ဆို လေအိတ်တွေက အလုပ်မလုပ်နိုင်တော့ဘူး။ မာရုခိုက အခုချိန်မှာ သဘာဝလွန်စွမ်းအားတွေကို အလွန်အကျွံစုပ်ယူနေတာလေ။ စွမ်းအားက သိပ်မများသေးပေမဲ့ သူက အခုထိ မထိန်းချုပ်နိုင်သေးဘူး"

ပြားချပ်လုနီးပါးဖြစ်လာသော ဘောလုံးလေးကို ကိုင်ကြည့်နေရင်းမှ ချီကျွင်းက စိတ်ဓာတ်ကျစွာဖြင့် မေးကြည့်လိုက်သည်။ "ဒါက အန္တရာယ်ရှိမှာလား။ သူက ဘယ်လိုသက်သာလာမှာလဲ"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now