အပိုင်း(၃၆) (ဆန်းကြယ်သော တွေ့ဆုံမှု)

2.2K 350 4
                                    

unicode

    ချီကျွင်း ထင်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ တံခါးပွင့်လာပြီးနောက် ချီကျွင်းနောက်တွင် ရပ်နေသူမှာ ထျန်းကျီဖြစ်ကြောင်းတွေ့လိုက်ရသောအခါ ချန်းယွင်သည် စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ဘဲ တစ်ဖက်လူပေါ်ခုန်တက်လိုက်သည်။ သွမ့်ချန်းဟွားသာ ဘေးမှပြန်မဆွဲလိုက်ပါက ချန်းယွင်တစ်ယောက် တုန်ဖန်းရုန်ထံမှ အအော်ခံရသည့်အပြင် ကိုင်ပေါက်ခြင်းပါခံရနိုင်သည်။

   ချန်းယွင်၏အခြေအနေကြောင့် သူ့မှာကြောင်တက်တက်ဖြစ်သွားရသည်။ သွမ့်ချန်းဟွားက အတင်းဆွဲဖက်ထားကြောင်း တွေ့လိုက်ရမှ ချီကျွင်းအသဲအသန် မိတ်ဆက်ပေးလိုက်သည်။" ဒါကငါ့ရဲ့ဆရာပဲ။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်အခန်း အောက်ထပ်မှာနေတဲ့ အိမ်နီးချင်းတွေပါ"

   တုန်ဖန်းရုန်က ယဉ်ကျေးသိမ်မွေ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ရှောင်ကျွင်းကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်" လွန်ခဲ့သောရက်က ပြောဖြစ်ခဲ့သော စကားများအရ သွမ့်ချန်းဟွားနှင့် ချန်းယွင်တို့မရှိခဲ့စဉ်က သူ့မှာသူငယ်ချင်းလုံးဝမရှိခဲ့ဟု သိခဲ့ရသည်။ ထို့ကြောင့်ဤလူများသည် ရှောင်ကျွင်းအတွက် အရေးပါပေမည်။

       သွမ့်ချန်းဟွားကယဉ်ကျေးစွာဖြင့် "ကျွန်တော်တို့က သူငယ်ချင်းတွေပါ။ ဒါ့ကြောင့်တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးရမှာပေါ့။ ရှောင်ကျွင်းနဲ့ ဘယ်လိုတွေ့ခဲ့လဲ မသိဘူးခင်ဗျ" ဤကဲ့သို့ အရောင်အဝါကြီးသည့်ပုဂ္ဂိုလ်သည် ချီကျွင်းအား ရုတ်တရက် လက်ထောက်အဖြစ် လက်ခံလိုက်ခြင်းအပေါ် သူသိချင်နေမိသည်။ ယနေ့ခေတ်တွင် မျက်နှာပေါ်၌ အမာရွတ်ရှိသူများကို လူတို့ကမနှစ်သက်ကြပေ။ သို့သော်ချီကျွင်းသည် လူတိုင်းအပေါ် နွေးထွေးပေးတတ်သည်။ ထို့ကြောင့် အနာဂတ်တွင် ချီကျွင်းကို ပိုးပန်းမည့်သူများ နည်းလိမ့်မည်မဟုတ်ပေ။ ဤလူ ထျန်းကျီသည်လည်း စိတ်ရင်းဖြင့်လား အပျော်သက်သက်လားဆိုတာ သူသိချင်မိသည်။

   တုန်ဖန်းရုန်က ဘာမှမပြောသော်လည်း တစ်ဖက်လူ၏သဘောထားကို ခံစားမိပါသည်။ သို့သော် သူ့တွင် ကိုယ့်ကိုကိုယ်ယုံကြည်ချက် ရှိနေပြီး ထိုသန္ဓောပြောင်းမျိုးကွဲလူသားသည် သူ့အားအနိုင်ယူရန်မှာ မဖြစ်နိုင်ဟု ယုံကြည်မိသည်။ ထို့ပြင် ရှောင်ကျွင်းကလည်း သူ့ကို သဘောကျပါသည်ဟု ပြောခဲ့သည်မဟုတ်ပါလော။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now