အပိုင်း(၆၂) (အချိန်ကစစ်ဆေးသွားမှာပါ)

1.3K 241 1
                                    

unicode

မြေးဖြစ်သူ၏စကားများကို ကြားလိုက်ရသောအခါ တုန်ဖန်းချွမ်း နှာခေါင်းရှံ့လိုက်သည်။ "မင်းဖြစ်ချင်တာတွေ လိုက်ပြောနေတာလား။ အနည်းဆုံးတော့ သူလာခဲ့တဲ့ အသိုင်းအဝိုင်းကို ပြောင်းလဲပစ်လို့မရဘူးဆိုတာ မမေ့လိုက်နဲ့"

တုန်ဖန်းရုန်က ခေါင်းမော့လိုက်ပြီး "အဲ့တော့ရော ဘာဖြစ်မှာမို့လဲ"

မြေးဖြစ်သူ၏ လက်ရှိအပြုအမူက တုန်ဖန်းချွမ်းကို ဒေါသထွက်သွားစေသဖြင့် လူအိုကြီးမှာ စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်ပြီး "မင်းရဲ့အသိစိတ်တွေက ဘယ်နားတွေရောက်ကုန်တာလဲ။ သူ့လိုလူနဲ့ မင်းလက်ထပ်လိုက်ရင် လူတွေက မင်းကို ဝိုင်းပြီးလက်ညှိုးထိုးကြလိမ့်မယ်။ မကောင်းတဲ့အကြံရှိတဲ့လူတွေက အဲ့အချက်ကိုနင်းဖို့ ပြင်ဆင်ကြလိမ့်မယ်။ အပြစ်အနာအဆာတွေရှိနေတဲ့မင်းက အမြင့်ကိုတက်ဖို့ ပိုခက်ခဲလာလိမ့်မယ်"

သူ့ဇနီးလေး၏စကားများကို ရုတ်တရက် ပြန်သတိရသွားပြီးနောက် တုန်ဖန်းရုန်က အဘိုးဖြစ်သူကို မော့ကြည့်လိုက်ပြီး "အဘိုး ကျွန်တော် အိမ်တော်ရဲ့ဦးစီး မဖြစ်ချင်ဘူး။ စစ်ဖက်ရေးရာဌာနရဲ့ ကောင်စစ်ဝန်လဲ မဖြစ်ချင်ဘူး။ ကျွန်တော့်မှာ အိပ်မက်တွေရှိတယ်"

သိနားလည်သည်က တစ်ခု လက်ခံကျင့်သုံးသည်က တစ်ခု မဟုတ်ပါလော။ အကယ်၍ တုန်ဖန်းချွမ်းတွင် မုတ်ဆိတ်များရှိပါက ဒေါသထွက်ထွက်နှင့် ၎င်းတို့ကို ပွတ်သပ်နေမိလိမ့်မည်။ " မင်းရဲ့အိပ်မက်က မင်းရဲ့မိသားစုကို စွန့်ပစ်ခဲ့ဖို့လား "

"မိသားစုမှာ ဂုဏ်သရေတိုးလာဖို့အတွက် ကောင်စစ်ဝန်ဖြစ်ဖို့ မလိုပါဘူး။ အဘိုး...အရင်တုန်းကဆို ကျွန်တော် ဘာဖြစ်ချင်ပါတယ်ဆိုတာ မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ ရှောင်ကျွင်းကပြောတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေကို အဘိုးကို ပြောပြသင့်တယ်တဲ့။ အကယ်၍ သဘောမတူခဲ့ရင်တောင် ကျွန်တော့်စိတ်ကူးတွေ ဆန္ဒတွေကို သိသွားမှာမို့လို့တဲ့ "

တုန်ဖန်းချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တမ်းတွင် သူ၏ကလေးများသည် မည်သို့တွေးတောနေပါကြောင်းကို သူလဲ သိချင်ခဲ့သည်။ သို့သော် ထိုအကြောင်းနှင့် ပက်သတ်၍ တစ်ဦးတစ်ယောက်ကမှ အသံထွက်မလာခဲ့ပေ။ သူသည် အတ္တကြီးလွန်းနေမှန်း ဝန်ခံပါသော်လည်း မိမိတို့ကျင်လည်ရာ အသိုင်းအဝိုင်းတွင် ပြတ်ပြတ်သာသား မဆုံးဖြတ်ပါက သို့မဟုတ် တစ်ချက်ထဲနှင့် ပွဲမသိမ်းနိုင်ပါက သူ၏လက်ထက်မှစ၍ တုန်ဖန်းမိသားစုမှာ တဖြည်းဖြည်း နိမ့်ကျလာပေလိမ့်မည်။ တတုန်ဖန်းမိသားစုဝင်များကမူ မိမိတို့လက်ထဲတွင် အာဏာရှိနေသည်ကလည်း ဘာမှထူးခြားမနေဟု ထင်နေကြပါသော်လည်း အကယ်၍ စစ်တပ်ထဲတွင် တစ်ချက်လွှတ်အမိန့်ထုတ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မိမိတို့၏အိမ်တော်က မမွေးထုတ်ပေးနိုင်ခဲ့ပါသော် အိမ်တော်မှာ ရှေ့ဆက်သွားရန် ပိုခက်ခဲလာပေလိမ့်မည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now