အပိုင်း (၉) (ကျောင်းအတွက်ပြင်ဆင်ရလို့ အလုပ်ရှုပ်နေပြီ )

3.3K 483 1
                                    

unicode

ကျောင်းဖွင့်မည့်ရက် နီးလာသည်နှင့်အမျှ အဆောင်သို့ ရောက်လာသူများလည်း ပိုများလာသည်။ ပါမောက္ခကြီးပေးသော စာအုပ်သုံးအုပ်ပါ အကြောင်းအရာများကို နေ့တိုင်းဖတ်နေပြီး ဂျင်းအမြစ်များကလည်း ရင့်လာပြီဖြစ်သာကြောင့် စူပါမားကတ်မှဝယ်သော ထိုအပင်လေးကို ပြုစုစောင့်ရှောက်ရန် အာရုံပိုစိုက်ထားလိုက်သည်။  ဘေးဘက်က အခန်းတွေဆီကို လူရောက်နေပြီ ဖြစ်ကြောင်း ချီကျွင်း သိလိုက်တဲ့အချိန်တွင် သူတို့နှစ်ယောက် ရောက်နေတာသုံးရက်ရှိပြီဖြစ်သည်။သူတို့နှစ်ယောက်က  အလယ်ကအပူဆုံးအခန်းမှာ လူမရှိဘူးလို့ထင်နေကြတာ ဖြစ်သည်။

  လက်ဝဲဘက်အခန်းရှိ အိမ်နီးချင်းသည် ဦးချိုများပါရှိသော သန္ဓေပြောင်းမျိုးစိတ်ကွဲတစ်ခုမှ ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုကောင်လေးနှင့် ပထမဆုံးစတွေ့တာက ချင်ကျွင်း အာဟာရဖြည့်အစားအစာဝယ်ဖို့ စူပါမားကတ်သွားရန် အောက်ထပ်ကို ဆင်းသည့်အချိန်မှာဖြစ်သည်။  နှစ်ယောက်စလုံး တံခါးတစ်ဖက်စီမှ ထွက်လာကြပြီး သတိမထားမိဘဲ အချင်းချင်း တိုက်မိသွားကြသည်။

    မျိုးကွဲသန္ဓေပြောင်းလူသား၏ကိုယ်ခန္ဓာသည် သန့်စင်သောလူသားထက် များစွာ သန်မာသည်။  ချီကျွင်းက သူ့ခန္ဓာကိုယ်နဲ့ အရိုးတွေက အရင်ကထက် ပိုသန်မာလာတယ်လို့ ခံစားမိပေမယ့် တခြားလူမျိုးတွေအတွက်ကတော့ ပဲပင်ပေါက်သာသာပင်။ " ကောင်းပြီ၊ ဒီက လူတွေက ပဲပင်ပေါက်ဆိုတာ ဘာမှန်းလဲသိမှာ မဟုတ်ပါဘူး။"  တိုတိုပြောရရင် ချီကျွင်း လဲပြိုကျသွားပေမဲ့ ထိုသူကတော့ ဘယ်လိုမှခံစားရဘူးဆိုတာ သိသာပါသည်။

  တိုက်မိသွားသည်နှင့် တပြိုင်နက် သူက အမြန်တောင်းပန်ပြီး ချီကျွင်းကို ဆွဲထူလိုက်သည်။  "စိတ်မကောင်းပါဘူး။ ငါအလုပ်သွားဖို့ အလျင်လိုနေတော့ ဂရုမစိုက်မိဘူး။"

   သူလဲကျသွားပေမဲ့ မထိခိုက်မိခဲ့ပေ။  တကယ်က အမှတ်မထင် တိုက်မိရုံသာဖြစ်သည်။  ချီကျွင်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ရပါတယ် အဆင်ပြေပါတယ်။ ငါကိုယ်တိုင်လဲ ဂရုမစိုက်မိဘူးလေ။"  စကားပြောဆိုကြပြီးနောက်မှသာ သူတို့နှစ်ဦးသည် အိမ်နီးချင်းများဖြစ်ကြပြီး အပြောင်းအလဲ မရှိလျှင် အနည်းဆုံး ခြောက်နှစ်ခန့် အိမ်နီးချင်းများဖြစ်လာကြမည်ကို နားလည်လာခဲ့ကြသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now