အပိုင်း (၁၀) ( ရင်ထဲနွေးသွားစေတဲ့ အမှတ်တရ)

3.2K 491 4
                                    

Unicode

"ရှေးကမ္ဘာမြေ" ဟုခေါ်သော ဤဂိမ်းသည် အခမဲ့ဝင်ကစားနိုင်သည်။ သို့သော် ၎င်းတွင်ပါရှိသော အရောင်းအ၀ယ်အားလုံးကို အခွန်ဆောင်ရန် လိုအပ်ပြီး ဆာဗာ၏ ပုံမှန်လည်ပတ်မှုကို ပံ့ပိုးပေးရန်အတွက် ဂိမ်းထဲတွင် ငွေကြေးလဲလှယ်သည့်စနစ်တစ်ခုရှိသည်။  ဆိုလိုသည်မှာ ကစားသမားများသည် ဂိမ်းတွင်းငွေကြေးကို ဝယ်ယူရန် ပိုက်ဆံအစစ်ကို အသုံးပြုရသော်လည်း ထိုငွေများကို အပြင်လောက၌ ပြန်ရောင်း၍မရပေ။ ဝယ်ထားသော ငွေဟူသမျှသည် ဂိမ်းထဲတွင်သာ သုံး၍ရမည်ဖြစ်သည်။  တကယ်တော့ဂိမ်းထဲမှာ ငွေရှာပြီး ပေါက်ဈေးထက်နည်းတဲ့စျေးနှုန်းဖြင့် လိုအပ်နေသော တခြားကစားသမားတွေကို ရောင်းသည့် ပရော်ဖက်ရှင်နယ်ကစားသမားတွေလည်း ရှိနေပါသေးသည်။  သို့သော် ထိုသို့သော ငွေပေးငွေယူများမှာ  မည်သည့်နည်းနှင့်မျှ အကာအကွယ်မပေးထား အာမခံချက်လဲမရှိသောကြောင့် လူအများသည် ထိုနည်းဖြင့် ဝယ်ယူခြင်းကို မရွေးချယ်ကြပေ။

   ဂိမ်း၏ ညွှန်ကြားချက်လက်စွဲကို သေသေချာချာဖတ်ပြီးနောက် ၎င်းသည် သူ၏ယခင်ကမ္ဘာမှ အနည်းငယ်လှည့်ကွက်ပါတတ်တဲ့ စမတ်ဖုန်းအသုံးပြုပုံလက်စွဲနှင့် အတူတူပင်ဖြစ်ကြောင်း ချီကျွင်း သဘောပေါက်လိုက်သည်။  ယေဘူယျအားဖြင့် ထိုလက်စွဲအတွင်း မိမိဘယ်အရာကို ရှာချင်သလဲဆိုတာကိုသာ သိရှိရန် လိုအပ်သည်။  ၎င်းသည် "ရှေးကမ္ဘာမြေ" ဂိမ်း၏ ကျပန်းဆန်မှုနှင့် အဆုံးမရှိသောဖြစ်နိုင်ချေများကိုလည်း အခြားသောရှုထောင့်မှလည်း သရုပ်ဖော်ပြထားသည်။  ဒါပေမဲ့ ချီကျွင်းအတွက်ကတော့  အပန်းဖြေစရာလေးကိုပဲ ရှာချင်တာဖြစ်သည်။ ဖြစ်နိုင်ရင် သူ့ကိုယ်ပိုင်မှတ်ဉာဏ်တွေနှင့် အမှတ်တရတွေကိုသာ ရှာချင်သည်။

   ဂိမ်းဆော့ရမည့် စက်သည် နာရီကဲ့သို့သော အရာတစ်ခုဖြစ်သည်။  မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီး ဂိမ်းသို့ဝင်ဆော့ရန်အတွက် ၎င်းကို လက်ကောက်ဝတ်တွင် ပတ်ထားရန် လိုအပ်ပြီး ကိုယ်ပိုင်ချစ်ပ်ဖြင့် ချိတ်ထားရမည်။  ပြီးတော့ မျက်မှန်တစ်လက်နှင့်လည်း ချိတ်ဆက်ထားသေးသည်။  မျက်မှန်တပ်ပြီးနောက် ဦးနှောက်မှစွမ်းအားဖြင့် ဆော့ရသည့်ဂိမ်းများ သို့မဟုတ် ရုပ်ပုံမြင်နိုင်သည့်ဂိမ်းများကစားရန် အသုံးပြုနိုင်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now