အပိုင်း (၇၄) (မခက်ခဲပါဘူး)

1K 194 0
                                    

unicode

ဗီဒီယိုကြည့်ခဲ့စဉ်က မျိုးနွယ်ထဲမှ လူအနည်းငယ်ကိုလဲ တွေ့ခဲ့ရပြီး ဤနေ့တွင်မူ လူအများအပြား တက်ရောက်လာကြပြီး ထိုလူများထဲမှ တစ်ဝက်ကျော်လောက်ကို သူမသိပေ။

အိမ်အထဲတွင်သာမက အပြင်ဘက်တွင်ပါ ပြည့်နေသောထိုလူအုပ်ကြီးကို ကြည့်ရင်း တုန်ဖန်းမိသားစုဝင်ဖြစ်သော တုန်ဖန်းယွီကို တွေ့သောအခါ ချီကျွင်း အံ့သြမိသွားသလို ဤမိသားစုကြီး၏ အကြီးအကဲလုပ်ရသောကြောင့် အတော်စိတ်ဖိစီးရမည်ဟုလဲ တွေးလိုက်မိသည်။ သူ၏ရုန်သာ ဤတာဝန်ကို ယူခဲ့ရပါက အနည်းဆုံးနှစ်ပေါင်းနှစ်ရာကျော်သည်အထိ စိတ်ဖိစီးရပေလိမ့်မည်။ သို့သော် သူ၏စတုတ္ထလေးက ထိုသို့လုပ်ရန် စိတ်ကူးမရှိပါပေ။

သဘာဝကျကျနှင့် လူတိုင်းကို တစ်ယောက်ချင်းစီ မိတ်ဆက်လိုက်သည်။ တုန်ဖန်းကော၏ သမီးဖြစ်သူ တုန်ဖန်းရွှယ်အတွက် လက်ဆောင်ပြင်ပေးရသည်မှလွဲ၍ အားလုံးက မျိုးဆက်တစ်ခုထဲဖြစ်၍ ဂါရဝပြုရန် မလိုပါပေ။

တုန်ဖန်းရွှယ်သည် အသက်ခြောက်နှစ်သာ ရှိသေးသော ချစ်စရာကောင်းသည့် သန္ဓေပြောင်းလူသား ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမလေးသည် တုန်ဖန်းချွမ်း၏ လေးဆက်မြောက် သွေးသားဖြစ်ပြီး အိမ်တော်၌ အလွန်နာမည်ကြီးသည်။ သို့သော် စစ်အရာရှိကြီးများ၏ မိသားစုမှ ကလေးငယ်များကို လူအများကြားတွင် ထုတ်ပြခြင်း မရှိပေ။ တုန်ဖန်းကော၏ အကျင့်စရိုက်က တုန်ဖန်းရုန်ထက် ပို၍အေးစက်ပြီး သူ့ဇနီးသည်အပေါ်တွင်ပင် သိပ်မနူးညံ့ပေ။ သို့သော် သူ၏ဇနီးဖြစ်သူ ကျန်းဟယ်ကမူ ခင်ပွန်းသည်၏အကျင့်စရိုက်ကို နားလည်ပေးရှာသည်။ ချစ်ခင်စမှာပင် သူတို့နှစ်ဦးသည် ကြည်နူးဖွယ်စကားချိုချိုလေးများကို မပြောခဲ့ကြပေ။ သို့သော် ခင်ပွန်းသည်ထံမှ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုတို့ကို သူမ ခံစားရသည်။ သူတို့သည် စကားလုံးတွေ အများကြီးမလိုအပ်ဘဲ ကောင်းစွာနားလည်နိုင်သော ချစ်သူနှစ်ဦးပင်။

တုန်ဖန်းရွှယ်အတွက် ချီကျွင်း၏လက်ဆောင်မှာ ကတိုက်ကရိုက် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစားအသောက်ကိုသာ လုပ်ရန်အချိန်ရခဲ့ပြီး ကလေးအတွက်ဖြစ်၍ အသားငါးများကလဲ မသင့်တော်ပေ။ ထို့ကြောင့် အာလူးနှင့် ဆင်တူသော ကုံကုမံအသီးများကို ပါးပါးလေးလှီးကာ အပေါ်မှ ဆီသုတ်လိုက်ပြီး အိုဗင်ထဲထည့်ကာ အပူချိန်ကိုထိန်း၍ ကြွပ်ရွလာသည်အထိ ဖုတ်ထားလိုက်သည်။ ထို့နောက် အပေါ်မှ သကြားမှုန်လေးများ ကြဲလိုက်သဖြင့် ကလေးများအတွက် အလွန်သင့်တော်ပေလိမ့်မည်။ တစ်မျိုးထဲ ယူသွားပါက ကို့ရို့ကားယားနိုင်သဖြင့် အသီးချိုချိူလေးများဖြင့် ပြုလုပ်ထားသော ရေခဲမုန့်တစ်ဘူးကိုပါ ယူသွားခဲ့သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now