အပိုင်း(၈၀) (ကြည့်ကောင်းတဲ့မက်ဂါ)

1.3K 188 0
                                    

unicode

တုန်ဖန်းယွမ်ပြန်ရောက်လာသောအခါ စတုတ္ထအစ်ကို၏အထင်အမြင်နှင့် တက်တက်စင်လွဲတော့သည်။ ဆိတ်တစ်ကောင်နှင့် မီးတောက်နွားတစ်ကောင်သာမက မန်ထိုသီးများကိုပါ ပြန်ယူလာခဲ့သည်။

မန်ထိုသီးများကို တွေ့လိုက်ရသောအခါ ချီကျွင်းခမျာ ထပ်အံ့သြသွားရပြန်သည်။ "မန်ထိုသီးက အခုချိန်အထိ ဘေးကင်းတဲ့အဆင့်မှာ မရှိသေးတာကို ခူးလာလို့ရတယ်ပေါ့ "

"ဟေး စည်းကမ်းလိုက်နာတဲ့လူတွေက ကမ္ဘာကြီးပေါ်မှာ ဘယ်လောက်များလိုက်သလဲ။ မရီးက အစ်ကိုကြီးနဲ့ စတုတ္ထအစ်ကိုတို့လိုလူမျိုးပဲ။ ဖြတ်သွားဖြတ်လာမုဆိုးတွေလဲ ခူးတတ်ပါတယ်။ ကင်းလှည့်အဖွဲ့က ငဲ့ညှာပေးထားတယ်လေ။ ဒါထက် ဒီအသီးနာမည်ကို စတုတ္ထအစ်ကိုက ပေးထားတာဆိုတော့ နည်းနည်းယူစားလို့ ဘာဖြစ်မှာလဲ။ မရီးလဲကြိုက်တယ်လို့ ကြားထားတာမို့ ခူးခဲ့လိုက်တာလေ။ ကျွန်တော့်ကို မရီး အပြစ်မတင်ဘူးမှတ်လား " ထိုသို့ပြောပြီးနောက် တုန်ဖန်းယွမ်က သူတို့နှစ်ယောက်အား အလွန်တရာမှ ကြောက်ရွံ့နေရှာသော မျက်နှာပေးလေးနှင့် ကြည့်လိုက်သည်။

ချီကျွင်းကတော့ လုံးဝသဘောကျသွားရသည်။ အပြစ်တင်လိုက်ရင် မင်းနဲ့ငါက ဘယ်တည့်ပါတော့မလဲ။ ငါကအဲ့လောက်တော့ မတုံးသေးပါဘူး။ ကောင်းပြီ မီးဖိုထဲမှာ သွားပြင်ဆင်တော့မယ်။ မင်းတို့ညီအစ်ကိုကတော့ စကားဆက်ပြောလိုက်ပါဦး "

တုန်ဖန်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော့်လိုလူအတွက်က သူ့ကိုဆွဲဆောင်နိုင်ဖို့ဆိုတာ အတော်ခက်တယ်။ စတုတ္ထအစ်ကိုက မရီးနဲ့ပြောသလိုပုံစံမျိုး အခြားလူတွေကိုပါ ပြောတယ်လို့ ထင်နေတာလား။ သူနဲ့စကားပြောရရင် တအားစိတ်ဖိစီးရတာပဲ။ ဒါကြောင့် ထားလိုက်ပါတော့။ ဟင်းချက်တာပဲ ထိုင်ကြည့်တော့မယ် "

သူ၏ဗိုလ်ချုပ်က မိမိနှင့်မိဘများကလွဲ၍ အခြားလူများအပေါ် မည်သို့ဆက်ဆံပါကြောင်း ပြန်တွေးမိသောအခါ ချီကျွင်း ရယ်ချင်လာရသည်။ တုန်ဖန်းယွမ်သည် မရီးဖြစ်သူ ဟင်းချက်နေသည်ကို ကြည့်ချင်ပါသော်လဲ အခန်းပြင်မှ စတုတ္ထအစ်ကို ချောင်းကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ထမင်းစားခန်းတွင် စောင့်နေရန်သာ ဆုံးဖတ်လိုက်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now