အခန်း (၂၈) (ငါရဲ့မိသားစုနောက်ခံအသိုင်းအဝိုင်း)

2.4K 383 5
                                    

unicode

နှစ်နာရီနီးပါးကြာပြီးနောက် ထျန်းခွိုက်သီးဖြင့် ချက်ထားသော မီးတောက်အမဲသားစတူးမှာ ချက်ပြုတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ထိုဟင်းအပြင် ချီကျွင်းကိုယ်တိုင်ပြုလုပ်ထားသော ဖရုံသီးပန်ကိတ်ကြော်နှင့် ချိုချဉ်အရသာ ထျန်းခွိုက်သီး၊ ဒရင်ကောက်ပင်တို့ဖြင့် ပြုတ်ထားသော စွပ်ပြုတ်တို့ပါ ထပ်ချက်လိုက်သည်။ သားရဲကမ္ဘာရှိ အိမ်ချက်လက်ရာများနှင့် နှိုင်းယှဉ်ပါက ကွာခြားပေလိမ့်မည်။ ဘာမှမကွာရင်တောင် အရသာတော့ ကွာလိမ့်မည်ဟု သူထင်သည်။

  ယိုလင်းသည် ပါးစပ်အပြည့်စာ အမဲသားတစ်လုတ်ကို ခပ်စားပြီးနောက် မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ငါ့ဘာသာဆို ဒီအမဲသားကို စားဖို့လွယ်မှာ မဟုတ်ဘူး"

   ထိုစကားကို ကြားပြီးနောက် ချီကျွင်းသည် ခေါင်းညိတ်ပြလိုက်သည်။ စားဖို့သိပ်စိတ်မပါသလို ဟန်ဆောင်နေပေမဲ့ သူ့နှလုံးသားထဲက ရှက်ရွံ့မှုကို မထိန်းချုပ်နိုင်သေးတာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်ထိ  သူသည် တရားမဝင်ကလေးဖြစ်ကြောင်း မပြောပြရသေးပေ။ ထို့ကြောင့် ယိုလင်း၏ စကားများကိုလည်း အရေးတယူမလုပ်မိလိုက်ပေ။

   သို့သော် ချီကျွင်း၏လက်တွဲဖော်အဖြစ် အောင်အောင်မြင်မြင် ရာထူးတိုးခံထားရသော ဗိုလ်ချုပ်တုန်ဖန်းက သဘောကျမနေပါချေ။ " ရှောင်ကျွင်းက အရသာရှိတဲ့ အစားအစာတွေကို ချက်တတ်အောင် အများကြီး ကြိုးစားခဲ့ရတာ။ စကားတွေ အများကြီး ပြောမနေနဲ့ "

   ယိုလင်းက " ကောင်လေးရေ မင်းမှာ တချိန်ကဦးလေးငယ်ရဲ့ အငွေ့အသက်တွေ ရှိနေတာပဲ"ဟု အော်ကျယ်အော်ကျယ်နှင့် ထပြောလိုက်သည်။

   တုန်းဖန်းရုန်၏ နှုတ်ခမ်းထောင့်က အနည်း ငယ်ကော့တက်သွားသည်။ ကလေးဘဝကမူ သူနှင့် ထိုဝမ်းကွဲအစ်မသည် အဆက်အဆံမရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူသည် သူအယုံကြည်ရဆုံးလူဖြစ်လာကာ သူ့မကိုလည်း သူက အကျိုးမဲ့အောင်လုပ်မည် မဟုတ်ပေ။

   " စားလို့မကောင်းဘူးဆိုလည်း ကျွန်တော်အကုန် ပြန်သယ်သွားမယ် "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now