အပိုင်း (၇၁) ( အကြီးအကျယ်ရိတ်သိမ်းခြင်း )

1.2K 193 2
                                    

unicode

ထိုအချိန်တွင် ဥယျာဉ်၏ဌာနအသီးသီးမှ ဖိတ်ကြားခံထားရသော လူများစွာလဲ ရှိနေခဲ့သည်။ အများစုက ဝန်ထမ်းမိသားစုများ ဖြစ်နေကြသော်လဲ ထိုလူများထဲတွင် ပညာရှင်များစွာပါဝင်ပြီး မီဒီယာသမားများတောင် ပါဝင်သည်။ ထိုမီဒီယာသမားများအနေဖြင့် သဘောတူညီချက်တစ်ခုအတွက် လက်မှတ်ရေးထိုးခဲ့ကြရပြီး အကြောင်းအရာမှာ သတင်းရေးသားခွင့်ရှိသောအကြောင်းအရာများ ရေးသားခွင့်မရှိသောအကြောင်းအရာများနှင့် ဆက်လျဉ်းပြီး တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ဖြစ်သည်။ အလည်အပတ်လာရောက်သူ အများစုက လူသိများသူများ ဖြစ်ကြပြီး လက်ရှိကာလသည် အနာဂတ်တွင် ဥယျာဉ်ကြီး ဖွံ့ဖြိုးတိုးတက်လာစေမည့်ကိစ္စနှင့် သက်ဆိုင်နေသဖြင့် မည့်သည့်ပြဿနာကိုမှ မဖြစ်မခံနိုင်ပါပေ။

ထိုအကြောင်းက တုန်ဖန်းရုန်၏ခေါင်းထဲ၌ သတိအနေအထားဖြင့် ရှိနေခဲ့သည်။ ဟန်ရှစ်ဟောင်အတွက်နှင့်တော့ မီဒီယာထဲတွင် အပါမခံနိုင်ပါပေ။ လတ်တလောတွင် သူဖော်ထုတ်ချင်နေသော သတင်းဟူ၍ ရှောင်ကျွင်းနှင့် လက်ထပ်တော့မည့် သတင်းသာရှိသည်။

မနာလိုသူများက ပြန်ကုန်ကြသဖြင့် ခရီးစဉ်တွင် သူတို့ငါးဦးသာ ကျန်တော့သည်။ ဥယျာဉ်ကြီးက ကျယ်ပြန့်လွန်းသောကြောင့် ၃ရက်ကြာသည်အထိပင် လည်၍မကုန်နိုင်မည် မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ဥယျာဉ်အတွင်း၌ ယာဉ်မောင်းဝင်ရန် ခွင့်မပြုထားသောကြောင့်ဖြစ်ပြီး သူတို့ကမူ မဖြစ်မနေ မောင်းခွင့်ရရန် လိုအပ်နေခဲ့သည်။ ထို့ကြောင့် နေရာတစ်ခုသို့ အလည်အပတ်သွားပါက အရေးကြီးဆုံးမှာ သွားမည့်နေရာကို သေချာရွေးချယ်ရန်ဖြစ်သည်။

လော့ရွှမ်းက ရှေးဟောင်းတရုတ်လူမျိုးများအကြောင်း လေ့လာနေသူဖြစ်၍ ထိုရှေးဟောင်းပစ္စည်းများကို အလွန်စိတ်ဝင်စားနေသည်။ ချိုးပေါင်ကမူ လူအုပ်နောက်သာ လိုက်နေပြီး သူမ၏ရည်ရွယ်ချက်က ချီကျွင်းဘေးကပ်ကာ အစားအသောက်များ စားရရန်နှင့် သူမအစ်ကိုကြီး၏ အမျိုးစုံလင်လှသော ပြကွက်များကို ရှုစားရန်သာဖြစ်သည်။ ထို့ပြင် အားလုံးထဲ၌ ဆုံးဖြတ်ချက်ချပိုင်ခွင့်သည် ချီကျွင်းနှင့်လော့ရွှမ်းထံတွင်သာ ရှိသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now