အပိုင်း (၅၄) (အိမ်အသစ်ရဲ့ညစာစားပွဲ)

1.7K 279 6
                                    

Unicode

နောက်တနေ့မနက်တွင်မူ ဖုန်းမြည်သံကြောင့် ချီကျွင်း နိုးလာရသည်။ တုန်ဖန်းရုန်၏အသံ ကြားလိုက်ရချိန်တွင် အိပ်ချင်မူးတူးဖြင့် " မင်းကဘာလို့ အိမ်မှာမရှိတာလဲ"

ဗိုလ်ချုပ်မှာမူ သူသည်ရက်အတော်ကြာ ဇနီးလေးနှင့်အတူ အိပ်စက်ခဲ့ရပါသဖြင့် မနေ့ညကမူ လုံးဝမအိပ်ပျော်ပါကြောင်းသာ ပြန်ပြောနိုင်သည်။ ရုတ်တရက်ခွဲခွာနေရချိန်တွင် သူ့စိတ်ထဲ၌ လုံးဝရှုပ်ထွေးနေပြီး အနားတွင်တစ်ယောက်မှ မရှိခြင်းက သူ့ရင်ထဲတွင် တင်းကြပ်နေစေခဲ့သည်။ ယခုသူ့ဇနီးလေး၏အသံကို ပြန်ကြားလိုက်ရသောအခါ ချက်ချင်းတက်ကြွသွားရသည်။ "အရူးလေး မင်းက အဆောင်မှာလေ "

"အိုး....ဟုတ်သား " ချီကျွင်းအသိပြန်ကပ်သွားရသည်။ တုန်ဖန်းရုန်သည် ချီကျွင်းထက် မိနစ်အနည်းငယ်စော၍ အိပ်ရာထရသည်ကို သဘောကျသည်။ သို့မှသာ ချီကျွင်းမသိခင် အကြိမ်အနည်းငယ်မျှ ခိုးနမ်းနိုင်မည် ဖြစ်သည်။ " ဘာလို့အစောကြီး ဖုန်းဆက်တာလဲ။ ငါက အခုထိ အိပ်ရာကမထသေးတာကို"

အရှင်သခင်ဗိုလ်ချုပ်က ပြုံးလိုက်ပြီး " မင်းကို တစ်ညလုံး မတွေ့ခဲ့ရဘူးလေ။ ကိုယ်လွမ်းလို့ပါ "

" အာ...ငါကတော့ မျက်စိမှိတ်လိုက်တာနဲ့ အိပ်ပျော်သွားတာပဲ " ထထိုင်ကာ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အုံ့မှိုင်းနေသောကောင်းကင်ကြီးကို မြင်လိုက်ရချိန်တွင် သူ့စိတ်က ပိုပြီးကြည်လင်သွားရသည်။ " ရေခဲသေတ္တာထဲမှာ အမဲသားနဲ့ဆော့စ်ရယ်၊ ကိတ်တွေရယ် ထားခဲ့ပေးတယ်။ ညကစားဖြစ်လား "

"ကိုယ် အကုန်စားလိုက်ပြီ။ လောက်တောင်မလောက်ဘူး "

"လာနောက်မနေနဲ့။ ငါသေချာ ချိန်ကြည့်ခဲ့တာ။ အမဲသားက ပေါင်၃၀ကျော်တယ်နော် "

"မင်းကိုလွမ်းတိုင်း နှစ်ကိုက်စီစားတယ်လေ။ ဘယ်ရှိတော့မလဲ "

ချီကျွင်း၏နှုတ်ခမ်းစွန်းများက ကွေးတက်သွားရသည်။ "အဆင်ပြေပြေ လုပ်ခဲ့တာပဲ။ ငါတို့တွေ ၉နာရီလောက် ပြန်လာခဲ့မယ်လေ။ မင်းက..... "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now