အပိုင်း(၅၂) (ပထမအကြိမ်)

1.8K 281 0
                                    

unicode

တုန်ဖန်းချွမ်းမှာ ချီကျွင်းကိုသေချာမကြည့်ခဲ့သော်လည်း သူ့မျက်လုံးထောင့်မှ တစ်ဖက်လူ၏ပုံစံကို မြင်နိုင်ပါသေးသည်။ ကိုယ်နေဟန်ထားက အလွန်အဆင့်မြင့်ပြီး စိတ် သဘောထားကလည်း တည်ငြိမ်သည်။ နာမည်နှင့်ပက်သတ်၍ ပြဿနာမရှိပေမဲ့ ၎င်းကသူ့ကို ရင့်ကျက်ချင်အောင် လုပ်နေဆဲပင်။

"ငါ့မှာ မင်းနဲ့ ရှည်ရှည်ဝေးဝေး စကားပြောဖို့ အချိန်မရှိဘူး။ မင်းက တုန်ဖန်းရုန်နဲ့ မသင့်တော်ဘူးလို့ပဲ ငါပြောချင်တယ် "

တရုတ်ပြည်တွင် အစားအသောက်များအပြင် လူသိများသောအရာမှာ မည်သည်တို့ဖြစ်သနည်း။ သဘာဝကျကျဖြေရပါသော ရသစုံတီဗီရှိုးများပင်။ ရိုမန့်ဒရာမာဇာတ်လမ်းများ အိုင်ဒေါဒရာမာစီးရီးများကို ဖယ်လိုက်ပါက ကိုယ်စားပြုကျန်နေသည်မှာ မိသားစုဒရာမာများဖြစ်သည်။ ဤသို့သော ဒိုင်ယာလော့မျိုးသည် ဇာတ်ကားအတော်များများတွင် ပါလေ့ရှိသဖြင့် ဤမျှလောက်ကား သူတွေးပူနေရမည့် ပြဿနာမဟုတ်ပါချေ။

"ဒါဆို ဘယ်လိုလူမျိုးကမှ သူနဲ့သင့်တော်တယ်လို့ သခင်ကြီးကထင်ပါသလဲ"

မမျှော်လင့်ဘဲ ချီကျွင်းက တိုက်ရိုက်မေးချလိုက်သဖြင့် အပီအပြင်ပြောရန် အသင့်ပြင်ထားသော သခင်ကြီးမှာ ခဏတာမျှ စကားပြန်မပြောနိုင်တော့ပေ။ သူ့လက်ထောက်များကမူ ထိုကလေးသည် အစီရင်ခံစာထဲမှသူနှင့် ခြားနားနေသည်ဟု ဆိုကြသည်။

" ဘာပဲဖြစ်ဖြစ် မင်းလိုတော့ မဟုတ်ဘူးပေါ့"

ချီကျွင်းက အသာလေးပြုံးပြလိုက်ပြီး "ဘယ်လိုမျိုးလဲဆိုတာ ပြောပေးလို့ရမလား။ အဲ့လိုဖြစ်အောင် ကျွန်တော်က ကြိုးစားရမှာဆိုတော့လေ "

တုန်ဖန်းချွမ်းမှာ စိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။ "ကြိုးစားမယ်။ ကောင်းမွန်တဲ့ မိသားစုနောက်ခံမျိုးကို ဖန်တီးဖို့ မင်းကြိုးစားနိုင်လား။ မင်းကိုယ်မင်း တရားဝင်ကလေးဖြစ်အောင် မင်းလုပ်နိုင်လား"

ချီကျွင်းက ပြုံးထားဆဲပင် "ကျွန်တော့်အသိုင်းအဝိုင်းနဲ့ ပက်သတ်လာရင် ဘာမှမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မိသားစုနောက်ခံဆိုတာကလည်း သခင်ကြီးက ဘယ်ပုံစံမျိုးကို လိုအပ်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ပိုက်ဆံကတော့.....အနာဂတ်မှာ ကျွန်တော် ဆင်းရဲနေမယ်လို့ မထင်ပါဘူး။ စွမ်းအားနဲ့ပက်သတ်လာရင်တော့ ကျွန်တော်ဆန္ဒရှိတိုင်း လုပ်နိုင်တာမှ မဟုတ်ဘဲ။ ဒါပေမဲ့ အနာဂတ်မှာ တုန်ဖန်းရုန်က အာဏာလိုချင်လာရင်တောင် သူ့ဇနီးရဲ့ အသိုင်းအဝိုင်းအင်အားကို ယူသုံးချင်လောက်မယ်လို့ ကျွန်တော်မထင်ပါဘူး"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now