အပိုင်း(၁၈) (ငါကြိုက်တယ်)

2.6K 430 2
                                    

unicode

ထိုစကားတွေပြောပြီးတဲ့နောက်မှာ ချီကျွင်းက နောက်ထပ်ဘာမှမပြောတော့ဘဲ တဲထဲကနေ ချက်ချင်းထွက်လာခဲ့သည်။  အပြင်မှာ မှောင်စပြုနေပြီး တဲနောက်ဘက်သို့ လျှောက်သွားကာ သစ်ပင်တစ်ပင်ကို မှီပြီးထိုင်ချလိုက်သည်။  လရောင်အောက်မှာ မှောင်မိုက်ပြီး အန္တရာယ်များတဲ့ နေရာကို ကြည့်လိုက်တော့ တစ်ကိုယ်လုံး တုန်ရီလာပြီး ကြေက်လာသလို ခံစားလိုက်ရသည်။

တယောက်နဲ့တယောက် ရန်ဖြစ်နေတာလိုမျိုးလောက် စိတ်ပျက်စရာကောင်းတဲ့ ခံစားချက်မျိုး ဘယ်လိုရှိနိုင်မလဲ။  ဒါပေမဲ့က သူ့ကို အခုလောက်အခြေအနေရောက်သွားအောင် တုန်ဖန်းရုန်လုပ်ခဲ့ပေမဲ့ သူစိတ်ထဲ မမုန်းမိပြန်ဘူး။  တကယ်တော့ သေသေချာချာတွေးကြည့်ရင် သူများတွေဆီကနေ အတင်းအဖျင်းပြောခံရမယ်လို့ မထင်ထားမိဘူး။  ဒီလောက်ချဲ့ကားသွားမယ်လို့လဲ မမျှော်လင့်ထားဘူး။ ပြောချင်တာက ... သူလည်း တရားခံတစ်ယောက်ပါပဲလေ ။

အင်အားကြီးပြီး ချမ်းသာတဲ့ မိသားစုရဲ့ သခင်လေးကို စော်ကားမိတာ ဘာဖြစ်လာမယ်မှန်း မသိနိုင်တာကို ချီကျွင်းတွေးမိပြီးနောက် အားကိုးရာမဲ့စွာဖြင့် ပြုံးလိုက်သည်။   "ကိစ္စမရှိပါဘူး၊ အနည်းဆုံးတော့ တုန်ဖန်းရုန်ဟာ သူ့ကိုယ်သူ လည်ပင်းပေါ်ဓားတင်ခဲ့မိတာကို မတွေ့ခဲ့ရဘူး မဟုတ်လား။  သူလည်း တရားခံတစ်ယောက်ပဲ။  ဒီတော့ ဘာကိုမှ ကြောက်မနေတော့ဘူး။ အခုငါ တကယ်ပဲ ပင်ပန်းနေတယ်လို့ ခံစားရတယ်။ "  ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု နဲ့ နှလုံးသားထဲမှာ အဆင်မပြေမှုတွေ ရောထွေးနေတဲ့ ခံစားချက်မျိုးက တကယ်ကို ဆိုးရွားလွန်းလှသည်။

ရုတ်တရက် ချီကျွင်း သည် သူ့ရှေ့တွင် စိမ်းပြာရောင်အလင်းတန်းများစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။  အနီးကပ်ကြည့်ပြီးနောက် မှောင်မိုက်တဲ့ညမှာ တိရစ္ဆာန်သားရဲတချို့ရဲ့ မျက်လုံးတွေက ထုတ်လွှတ်တဲ့ အလင်းရောင်ဆိုတာကို သိလိုက်ရသည်။  ဘာတွေလဲဆိုတာ သိလိုက်ရတော့ ချီကျွင်းက ရုတ်တရက် လန့်သွားပေမယ့် သူ့ရှေ့မှာ ဆယ်မီတာအကွာမှာ အကာအကွယ်ပိုက်ကွန်တစ်ခု ရှိနေတာကို သတိရပြီး ပြန်ငြိမ်သက်သွားသည်။  "အထဲမဝင်နိုင်ဘဲ အပြင်ကိုကြည့်နေတာ ဘာသဘောလဲ"  ထိုအချိန်တွင် အနောက်မှ ခြေသံများ ထွက်ပေါ်လာသည်။  ချီကျွင်း လှည့်ကြည့်လိုက်သောအခါ လော့ရွှမ်း ရောက်လာသည်ကိုတွေ့လိုက်ရသည်။  " လော့ရွှမ်လား  မင်းဘာလို့ အနားမယူတာလဲ"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now